Entertainment

Park Seo Joon နဲ့အတူ ရိုက်ကူးမယ့် IU ရဲ့ ပထမဆုံးရုပ်ရှင် “Dream”

Want create site? Find Free WordPress Themes and plugins.

အဆိုတော်၊ သရုပ်ဆောင် IU ဟာ သူမရဲ့ပထမဆုံးဖြစ်လာမယ့် ရုပ်ရှင်အတွက် အတည်ပြုလိုက်ပါပြီ။ ဇန်နဝါရီလ ၃ ရက်‌နေ့က “Dream” လို့ ယာယီနာမည်ပေးထားတဲ့ ရုပ်ရှင်မှာ မင်းသား ပတ်ဆောဂျွန်းနဲ့အတူ တွဲဖက် သရုပ်ဆောင်ဖို့ အတည်ပြုလိုက်ခံခဲ့တာပါ။

“Extreme Job” ရုပ်ရှင်ရိုက်ကူးခဲ့သူ ဒါရိုက်တာရဲ့ ရုပ်ရှင်အသစ်မှာ ပါဝင်ဖို့ မင်းသား ပတ်ဆောဂျွန်းကတော့ အောက်တိုဘာထဲက အတည်ပြုခဲ့ပါတယ်။ IU လက်ခံလိုက်တဲ့အကြောင်းကို သူမရဲ့အေဂျင်စီ Kakao M ကလည်း အတည်ပြုပေးခဲ့ပါတယ်။

လက်ရှိမှာတော့ ဒါရိုက်တာ လီဗြောင်ဟွန်းဟာ JTBC ရုပ်သံလိုင်းမှာ “Melo is My Nature” ဇာတ်လမ်းတွဲ ရိုက်ကူးနေပြီး သူနောက်ဆုံးရိုက်ခဲ့တဲ့ “Extreme Job” ကတော့ ကြည့်ရှုနှုန်း အမြန်ဆုံးနဲ့ အမြင့်ဆုံး တက်ခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ခဲ့ပါတယ်။

မင်းသမီး IU နဲ့ မင်းသား ပတ်ဆောဂျွန်း ရိုက်ကူးမယ့် “Dream” ရုပ်ရှင်ကတော့ နှစ်စဉ်ကျင်းပနေကျ အိမ်ယာမဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲကြီးမှာ ပါဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ လူတစုအကြောင်းကို ရိုက်ကူးပုံဖော်သွားမှာ ဖြစ်ပါတယ်။

ပတ်ဆောဂျွန်းကတော့ ကြေးစားဘောလုံးသမားတယောက်ဖြစ်ပြီး မထင်မှတ်တဲ့ ကိစ္စတခုကြောင့် ဘောလုံး ကစားခွင့် ရပ်နားခံထားရတဲ့ ကစားသမားတယောက်ဖြစ်ပြီး အိမ်ရာမဲ့ ဘောလုံးပွဲကို ပါဝင်ဖို့ကြိုးစားနေသူတွေကို လေ့ကျင့်ပေးမယ့် နည်းပြ ယွန်ဟွန်ဒယ်အဖြစ် ပါဝင်သွားမှာပါ။

မင်းသမီး IU ကတော့ ဘယ်လို ဇာတ်ကောင်နေရာမှာ ပါဝင်မယ်ဆိုတာ အတိအကျ မထုတ်ပြန်သေးပေမယ့် အဓိက ဇာတ်ဆောင်နေရာက ပါဝင်သွားဖို့ရှိပါတယ်။

IU ဟာ နာမည်ကျော် “Hotel Del Luna”, “My Mister”, “The Producers” စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပေမယ့် “Dream” ကတော့ သူမရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်သလို မင်းသား ပတ်ဆောဂျွန်းနဲ့လည်း ပထမဆုံး တွဲဖက် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ပတ်ဆောဂျွန်းကတော့ လတ်တလောမှာ JTBC ရုပ်သံလိုင်းကနေ နာမည်ကြီး Webtoon ကို အခြေခံရိုက်ကူး ထားတဲ့ “Itaewon Class” မှာ ပါဝင်သရုပ်ဆောင်ထားပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ကစလို့ အပတ်စဉ် သောကြာ – စနေနေ့တိုင်း ပြသပေးတော့မှာပါ။

Ref: Soompi

You may also like these stories:

တောင်ကိုရီးယားနိုင်ငံက နာမည်ကျော်တွေ ပါဝင်တဲ့ အရက်ကြော်ငြာတွေကို တားမြစ်ဖို့ စဉ်းစားနေ

ပထမဆုံး Marvel လိင်ပြောင်းစူပါဟီးရိုးကို စတူဒီယိုဥက္ကဋ္ဌ Kevin Feige အတည်ပြု

နှစ်သစ်ကူး ပိတ်ရက်ကာလမှာ ဝင်ငွေကောင်းနေတဲ့ “Ashfall” ကိုရီးယားရုပ်ရှင်

Did you find apk for android? You can find new Free Android Games and apps.
Loading