မင်းသား ဘရက်ပစ်ဟာ အခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ပို့ မင်းသားဆုအတွက် Anthony Hopkins, Al Pacino, Joe Pesci နဲ့ Tom Hanks တို့ကို ကျော်တက်ပြီး ရရှိခဲ့ပါတယ်။ သူဟာ ဒါရိုက်တာ Quentin Tarantino ရဲ့ “Once Upon A Time In Hollywood” ဆိုတဲ့ ရုပ်ရှင်မှာ ကိုယ်စားစတန့်သမားတဦးအနေနဲ့ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီဆုကို လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားကို ဟာသဆန်ဆန် ပြောနေတဲ့ မင်းသား ပစ်အပေါ် စင်အောက်မှာရှိနေတဲ့ ဇနီးဟောင်း မင်းသမီး ဂျန်နီဖာအနစ္စတန် (Jennifer Aniston) ရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ ပရိသတ်တော်တော်များများက ပြောဆိုနေခဲ့ကြပါတယ်။
ဆုလက်ခံ ရယူချိန်မှာ မင်းသား ပစ်က အခုလိုမျိုး ဂုဏ်သိက္ခာကြီးမားတဲ့ ဆုပေးပွဲဆီ မိခင်ကို ခေါ်လာခဲ့ချင်ပေမယ့် သူနဲ့ တွဲခဲ့တဲ့ အမျိုးသမီးတိုင်းက သတင်းတွေ ထွက်တတ်တာကြောင့် ခေါ်မလာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
မင်းသားက “ကျနော့်ရဲ့ မိခင်ကိုခေါ်လာခဲ့ချင်ပါတယ်။ ဒါပေမယ့် ကျနော့်ဘေးမှာ ရပ်နေတဲ့ အမျိုးသမီးတိုင်းနဲ့ ကျနော်က တွဲနေတယ်လို့ ပြောတတ်ကြလွန်းလို့ ခေါ်မလာခဲ့နိုင်ဘူးလေ”လို့ ဆိုပါတယ်။
အဲ့ဒီလို မင်းသားက ပြောဆိုနေတဲ့အချိန်မှာ ကင်မရာသမားတွေက သူ့ရဲ့ ဇနီးဟောင်း မင်းသမီး ဂျန်နီဖာရဲ့ တုံ့ပြန်မှုကို အမိအရ ရိုက်ကူးနိုင်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ မင်းသမီးဟာ တခြားပရိသတ်တွေလိုမျိုးပဲ ရယ်မောနေခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေကတော့ မင်းသမီးရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ပြောမဆုံးနိုင် ဖြစ်နေကြပါတယ်။ Twitter အသုံးပြုသူတဦးက “ပစ်ရဲ့ စကားပြောချိန် တလျှောက်လုံးမှာ ဂျန်နီဖာရဲ့ မျက်နှာကို မရယ်ဘဲ မနေနိုင်ဘူး”လို့ ရေးသားခဲ့ပါတယ်။
တခြားအသုံးပြုသူ တဦးကတော့ “အမေ့ကို ရွှေကမ္ဘာလုံးဆုပေးပွဲဆီ ခေါ်မလာနိုင်ဘူးလို့ ပြောနေတဲ့ ဘရတ်ပစ်ကို ပြုံးပြနေတဲ့ ဂျန်နီဖာအနစ္စတန်ကို ကြည့်ပြီး ငါ့ရဲ့ နှလုံးသားလည်း ပြုံးမိတယ်။ ပြောချင်တာကတော့ ငါသူတို့ကို အားပေးနေတုန်းပဲ။ ရိုမန့်ဆန်တယ်”လို့ ရေးသားထားပါတယ်။
မင်းသား ပစ်နဲ့ မင်းသမီး ဂျန်နီဖာတို့ဟာ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ ကွာရှင်းလိုက်ပြီဖြစ်ပေမယ့် လောလောဆယ် တကိုယ်တည်းသမားတွေ ဖြစ်နေကြပြီး မင်းသားနဲ့ မင်းသမီးကို ဇာတ်လမ်းတခန်း ပြန်စဖို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။ သတင်းတော်တော်များများမှာတော့ သူတို့နှစ်ဦး ပြန်တွဲနေကြပြီလို့ ဆိုပေမယ့် သူတို့နှစ်ဦးလုံးကတော့ အဲ့ဒီလို ကောလာဟလတွေကို အမြဲတမ်း ငြင်းပယ်လာခဲ့ကြပါတယ်။
Ref: hindustantimes
You may also like these stories:
၂၀၁၉ ခုနှစ်အတွင်း ဟောလိဝုဒ်မှာ အမျိုးသမီး ဒါရိုက်တာ အရေအတွက် စံချိန်တင် မြင့်တက်ခဲ့
ပထမဆုံး Marvel လိင်ပြောင်းစူပါဟီးရိုးကို စတူဒီယိုဥက္ကဋ္ဌ Kevin Feige အတည်ပြု
“Birds of Prey” ရုပ်ရှင်မှာ Joker ပါဝင်လာဖို့ ရှိ၊ မရှိ အတည်ပြုပေးလိုက်တဲ့ မင်းသမီး Margot Robbie