Entertainment

ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ "Inception" ရုပ်ရှင်အကြောင်း နားမလည်တဲ့ မင်းသား လီယိုနာဒို

ကမ္ဘာကျော် ရုပ်ရှင်တကား ဖြစ်တဲ့ “Inception” ရဲ့ အကြောင်းအရာကို ကြည့်ရှုတဲ့ ပရိသတ်တွေသာမက အဲ့ဒီ ရုပ်ရှင်ထဲမှာ ပါဝင်တဲ့ သရုပ်ဆောင် ကိုယ်တိုင်ကိုက နားလည်ဖို့ ရှုပ်ထွေးတယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ Christopher Nolan ရဲ့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကို ဖြန့်ချိခဲ့တဲ့ ၁၀ နီးပါး ရှိလာတဲ့အချိန်မှာ အဲ့ဒီ ရုပ်ရှင်ထဲက မင်းသား လီယိုနာဒို ဒီကာပရီယိုဟာ သူ့ရဲ့ ရုပ်ရှင်အကြောင်း မင်းသား ဘရက်ပစ်နဲ့အတူ ပါဝင်ထားတဲ့ အစီအစဉ် တခုမှာ ပြောဆိုခဲ့ပါတယ်။

တင်ဆက်သူ Marc Maron ရဲ့ “WTF” အစီအစဉ်မှာ မင်းသား ပစ်ရဲ့ “Ad Astra” ရုပ်ရှင်ထဲမှာ ရှုပ်ထွေးတဲ့ အချက်တချို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ မင်းသား ပစ်က “ငါ မင်းတို့ကို အဲ့ဒီအကြောင်း ရှင်းပြမှာ မဟုတ်ဘူး။ ငါလည်း မရှင်းပြတတ်လို့လေ”လို့ ပြောဆိုခဲ့ပါတယ်။

မင်းသား လီယိုနာဒိုကလည်း “ငါ့အတွက် Inception ရုပ်ရှင်ကလည်း အဲ့ဒီလိုမျိုးပါပဲ။ ဘာတွေဖြစ်သွားတာလဲ။ စဉ်းစားလို့ကို မရပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဆက်ပြီး သူက “ခင်ဗျားတို့က ဇာတ်ကောင်ကိုပဲ အာရုံစိုက်ခဲ့ကြပါတယ်။ ကျနော်က အဲ့ဒီဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တယ်။ အဲ့ဒီရုပ်ရှင်အပိုင်းအစတွေကို Christopher Nolan ဘယ်လို စုပေါင်းဖန်တီးမယ် ဆိုတာသိလာတဲ့အချိန်မှာ လူတိုင်းက အဲ့ဒီပဟေဠိက ဘာလဲဆိုတာ အတူတကွ ဖြေရှင်းဖို့ ကြိုးစားရပါတယ်”လို့ ဆိုပါတယ်။

“Inception” ရုပ်ရှင်ဟာ ယုတ္တိရှိရဲ့လားဆိုတဲ့ တင်ဆက်သူ Maron ရဲ့ မေးခွန်းကိုတော့ မင်းသား လီယိုနာဒိုက “ဒါကတော့ ကြည့်တဲ့သူတဲ့ မျက်လုံးအပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ်” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ “Inception” ရုပ်ရှင်ကို ဒါရိုက်တာ Christopher က ကိုယ်တိုင်ရေးသား၊ ရိုက်ကူးပြီး ဇနီးဖြစ်သူနဲ့အတူ ပူးတွဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အိပ်မက်ကမ္ဘာထဲမှ အချက်အလက် ခိုးသူတွေအကြောင်း ဇာတ်အိမ် တည်ထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ ကမ္ဘာတဝန်း ရုံဝင်ငွေဒေါ်လာ ၈၂၈ သန်းရရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အတွက် စတုတ္ထမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။

Ref: etcanada

You may also like these stories:

အမေဇုန်တော မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်များကို မင်းသား လီယိုနာဒို ငြင်းဆို

ဇာတ်ဝင်ခန်းအသစ်တွေ ပါဝင်မယ့် “Once Upon a Time in Hollywood” ရုပ်ရှင်ကို ပြန်လည် ပြသမည်

ရာသီဥတု ဆိုးရွားလာမှုကို ကာကွယ်ဖို့ ဒေါ်လာ သန်း ၁၀၀ ကျော် လှူဒါန်းလိုက်တဲ့ မင်းသား လီယိုနာဒို

Loading