Marvel ရဲ့ “The New Mutants” ရုပ်ရှင်နဲ့ ပတ်သက်တဲ့ သတင်းတွေ တိတ်ဆိတ်နေခဲ့တာ အချိန်တခု ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုအချိန်မှာတော့ Trailer နဲ့အတူ လာမယ့်နွေရာသီမှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ 20th Century Fox ကနေ တရားဝင်ဖြန့်ချိမှာဖြစ်ပြီး အခုတချိန်မှာ ထွက်ရှိလာတဲ့ Trailer ကတော့ The New Mutants ရဲ့ ဒုတိယ Trailer လည်း ဖြစ်ပါတယ်။
သည်းထိတ်ရင်ဖိုဆန်ဆန် တင်ဆက်မယ့် Marvel ရဲ့ The New Mutants ကိုတော့ ဒါရိုက်တာ Josh Boone က ရိုက်ကူးထားတာဖြစ်ပြီး ဆယ်ကျော်သက် ဇာတ်ကောင်တွေနဲ့ ဇာတ်အိမ် တည်ထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Anya Taylor-Joy, Maisie Williams နဲ့ Charlie Heaton တို့အပြင် အခြားငယ်ရွယ်တဲ့ သရုပ်ဆောင်တွေ ပါဝင်မှာဖြစ်ပြီး ထွက်ရှိလာခဲ့တဲ့ Trailer အပေါ် ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုက အရေးကြီးတဲ့ အစိတ်အပိုင်းတခုအဖြစ် တည်ရှိနေပါတယ်။
ဧပြီလမှာ ထွက်ရှိလာမယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ရှိနေတာကြောင့် Trailer ကြည့်ရှုပြီးတဲ့ Marvel ပရိသတ်တွေအနေနဲ့ ရုပ်ရှင်ပိတ်ကားပေါ်မှာ ကြည့်ရှုရဖို့ စောင့်ဆိုင်းစရာ သိပ်မလိုတော့တာကလည်း ဝမ်းသာစရာပဲ ဖြစ်ပါတယ်။
Dark Phoenix ထက် သာလွန်တဲ့ တင်ဆက်မှုမျိုးကို The New Mutants အပေါ်မျှော်လင့်နေကြတဲ့ Marvel ပရိသတ်တွေအတွက်တော့ Trailer နဲ့တင် ဆွဲဆောင်မှုအားကောင်းတဲ့ ရုပ်ရှင်တကားအဖြစ် သတ်မှတ်ပြောဆိုမှုတွေ ဆူညံနေပြီ ဖြစ်ပါတယ်။
Disney နဲ့ 20th Century Fox တို့ရဲ့ ပထမဆုံးအကြိမ် ပူးပေါင်းတင်ဆက်မှု ဖြစ်တာကြောင့် ဒါရိုက်တာရဲ့ ရိုက်ကူးပုံဖော်လိုမှုကို လွတ်လွတ်လပ်လပ် တွေ့မြင်ရဖို့လည်း ရှိနေတာကြောင့် Marvel ပရိသတ်တွေ စောင့်မျှော်ရကျိုးနပ်တဲ့ ရုပ်ရှင်တကားအဖြစ် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
ပထမဆုံး Marvel လိင်ပြောင်းစူပါဟီးရိုးကို စတူဒီယိုဥက္ကဋ္ဌ Kevin Feige အတည်ပြု
Doctor Strange နောက်ဆက်တွဲရုပ်ရှင်မှာ ဇာတ်ကောင်အသစ် မိတ်ဆက်မယ့် Marvel
Marvel စတူဒီယိုမှာ ‘Deadpool 3’ ရုပ်ရှင်ရိုက်ကူးနေပြီလို့ Ryan Reynolds အတည်ပြုပြော