• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

၁၂ နာရီစာ ဇာတ်လမ်းတွဲကို ၂ နာရီကြာ ရုပ်ရှင်ကားအဖြစ် ပြန်လည် ပြသမယ့် “အချစ်ဖြင့်လွမ်းစေ”

by ယုဖြူဟန်
7 January 2020
in Entertainment
A A
"အချစ်ဖြင့်လွမ်းစေ" ဇာတ်ကား

"အချစ်ဖြင့်လွမ်းစေ" ဇာတ်ကား

10.6k
VIEWS
Share on FacebookShare on Twitter

တက္ကသိုလ်နောက်ခံ ဇာတ်လမ်းတွဲတခုအဖြစ် ပြသခဲ့တဲ့ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းကို ၂ နာရီကြာ ရုပ်ရှင်ကားအဖြစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့ အဆိုပါ ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ နေသန်မောင်က ပြောပါတယ်။

“ကျနော်က ဖိတ်ခေါ်ချင်တာက ၁၂ နာရီစာလောက်ကို ၄ လလုံးလုံး စိတ်သောကများစွာနဲ့ စောင့်ခဲ့တဲ့ ပရိသတ်တွေ အခု ၂ နာရီစာလေးရဲ့တင်ဆက်မှုလေးကို ပြန်လာကြည့်ပြီးတော့ ပြန်လွမ်းစေချင်တယ်။ အဲ့တုန်းက အွန်လိုင်းမှာ မကြည့်ဖြစ်ခဲ့တဲ့ ပရိသတ်တွေလည်း အများကြီး ရှိတယ်။ သူတို့ကိုလည်း ဒီအခွင့်အရေးလေးမှာ ပြန်လာကြည့်စေချင်တယ်”

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.1k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
497
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
491

“ကျနော်တို့ ဇာတ်လမ်းကြီးက တနိုင်ငံလုံးသိပြီးသား၊ လူ ၂ သန်းကျော်လောက်ကြည့်ထားပြီးသား။ ဇာတ်လမ်းကြီးပေါက်သွားမှာကိုလည်း မစိုးရိမ်ဘူး။ တက္ကသိုလ်ကို ပြန်လွမ်းစေချင်တယ်။ ၂ နာရီစာ ကားလေးအနေနဲ့ ကျန်ခဲ့စေချင်တာပါ” လို့ ဒါရိုက်တာ နေသန်မောင်က ပြောပါတယ်။

ဇာတ်လမ်းတွဲကို ရုပ်ရှင်အဖြစ် ပြန်လည်ပြသမယ့်အခါမှာ ဘယ်လိုအခက်အခဲများ၊ ဝေဖန်မှုများရှိလည်းဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

ဒါရိုက်တာ နေသန်မောင် (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

“ကျနော်တို့ကို တော်တော်လည်း ဝေဖန်ကြတယ်။ ဒီအချစ်ဖြင့်လွမ်းစေကို ရုံတင်မယ်ဆိုတဲ့ ရုံစာရင်းလည်းထွက်ရော တချို့ ရုပ်ရှင် အသိုင်းအဝိုင်းဘက်ကလည်း ဝေဖန်ကြတယ်။ သူတို့ မကြိုက်လို့ ဝေဖန်တာတော့ မဟုတ်ပါဘူး။ ဒီလိုမျိုးဇာတ်လမ်းတွဲကို ရုပ်ရှင်အဖြစ် ရုံတင်လို့ ရကြေးလားဆိုပြီး မေးခွန်းထုတ်တယ်။ ကျနော်တို့ နားလည်ပါတယ်။ တခုတော့ရှိတာပေါ့ ဆရာမကိုလည်း ယုံတယ်။ ကျနော့်ကိုယ် ကျနော်လည်းယုံတယ်။ ဇာတ်လမ်းတွဲတိုင်းတော့ ရုပ်ရှင်ကားကြီးအဖြစ် ဘယ်တင်လို့ရပါ့မလဲ” လို့ ဒါရိုက်တာ နေသန်မောင်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ စာရေးဆရာမကြီး နုနုရည်(အင်းဝ) ရဲ့ဇာတ်လမ်းကို ဒါရိုက်တာ နေသန်မောင်က ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ဖန်တီးထားတဲ့အတွက် ကိုယ်တိုင်ဖန်တီးထားတဲ့ ဖန်တီးမှုကိုယုံကြည်တဲ့အတွက် ဇာတ်လမ်းတွဲရဲ့ အနှစ်ချုပ်ဖြစ်တဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းကို ဖော်ပြထားတယ်လို့သိရပါတယ်။

“အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲမှာတော့ အဓိကသရုပ်ဆောင်များအဖြစ် ဒေါင်း၊ ပိုင်ဖြိုးသု၊ အိန်ဂျယ်လမုန်နဲ့ အခြားသော သရုပ်ဆောင်အသစ်များလည်း ပါဝင်ထားတယ်လို့ သိရပါတယ်။

ဇာတ်လမ်းတွဲအနေနဲ့ကတော့ ပြီးခဲ့တဲ့နှစ် ချစ်သူများနေ့မှ စတင်ကာ ၄ လအကြာ ကမာရွတ်မီဒီယာ Page မှာပြသခဲ့ပြီး ရုပ်ရှင်ဇာတ်ကားအဖြစ် ၂၀၂၀ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြသသွားမှာပဲ ဖြစ်ပါတယ်။

“ကျနော်တို့ စပြတာက ၂၀၁၉ ချစ်သူများနေ့မှာ စပြဖို့ ကြိုးစားတယ်။ ဒါပေမယ့် မတ်လ ဖြစ်သွားတယ်။ မတ်၊ ဧပြီ၊ မေ၊ ဇွန်ဆိုတော့ ကျနော်တို့ ၄ လတိတိ ပြရတယ်။ အဲဒါပြပြီး တနှစ်တိတိ ၂၀၂၀ ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့မှာ တနိုင်ငံလုံးကို ရုံပြန်တင်မယ်”လို့ ဒါရိုက်တာ နေသန်မောင်က ပြောပါတယ်။

You may also like these stories:

ကင်ဆာဝေဒနာ ခံစားနေချိန်မှာ အမြဲခွန်အားပေးတဲ့ အမျိုးသားအကြောင်း ပြောပြတဲ့ မီးမီးခဲ

မိုရီဆာကီဝင်းနဲ့ သရုပ်ဆောင်တာ တကယ့် သမီးရည်းစားတွေလို ခံစားရတဲ့ နေခြည်ဦး

“ကမ္မဖလ” ရိုက်ကွင်းပုံတွေ ဝေဖန်ခံခဲ့ရပေမယ့် အကုန်လုံး ကြိုးစားထားတယ်လို့ စိုးပြည့်သဇင် ပြော

Your Thoughts …
Tags: ဒါရိုက်တာ နေသန်မောင်အချစ်ဖြင့်လွမ်းစေ
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု / ဝေဝေနှင်း / ဧရာဝတီ

“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားမှာ အချစ်ကြီးတဲ့ ကောင်မလေးအဖြစ် ပါဝင်ထားတဲ့ ပိုင်ဖြိုးသု

by ချစ်ပိုး
4 February 2020
6.5k

“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားကို လက်ခံဖြစ်တာက ဆရာမ နုနုရည် (အင်းဝ) က သု အရမ်းကြိုက်တဲ့ စာရေးဆရာမ ဖြစ်နေတော့ ကမာရွတ်မီဒီယာက ဆက်သွယ်လာတာနဲ့ ရိုက်ဖြစ်တာပါ။

သရုပ်ဆောင် ဒေါင်း  / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ချင်ခဲ့တဲ့ သရုပ်ဆောင် ဒေါင်း

by ချစ်ပိုး
4 February 2020
8.7k

ကျနော် ကျောင်းသားဘဝက အဝေးသင်တက်တာမလို့ ဘာမှ မရှိခဲ့ဘူး။ ကျောင်းသားဘဝကို မဖြတ်သန်းခဲ့ရတော့ ဒီကားလေးက ကျောင်းဘဝမှာ အပြည့်အဝ ဖြတ်သန်းလိုက်တယ်”

ဒါရိုက်တာ နေသန်မောင် / ဝေဝေနှင်း / ဧရာဝတီ

“အချစ်ဖြင့်လွမ်းစေ” ရိုက်ကူးမှုစရိတ် သိန်းပေါင်း ၃၈၀၀ ခန့် ရှိခဲ့တယ်လို့ ဒါရိုက်တာ နေသန်မောင် ပြော

by ယုဖြူဟန်
13 January 2020
11.7k

ပရိသတ်က တကယ် နှစ်နှစ်ခြိုက်ခြိုက် ကြည့်ပြီးတဲ့ ပရိသတ်တွေရော၊ မကြည့်ရသေးတဲ့ ပရိသတ်တွေရော လာအားပေးမယ်ဆိုရင် အရင်းလည်း ကြေတယ်။

သရုပ်ဆောင် မာန်ဟိန်းခန့်  / ဝေဝေနှင်း / ဧရာဝတီ

“အချစ်ဖြင့် လွမ်းစေ”မှာ တက္ကသိုလ် အမှတ်တရတွေ ခံစားရစေမယ်လို့ မာန်ဟိန်းခန့် ပြော

by ချစ်ပိုး
10 February 2020
10.3k

“အချစ်ဖြင့် လွမ်းစေ ဇာတ်ကားထဲမှာ ဥပဒေကျောင်းတက်နေတဲ့ ပန်းချီဆရာ၊ ကဗျာဆရာ ထင်လင်းနေရာကနေ သရုပ်ဆောင်ထားပါတယ်။

သရုပ်ဆောင် အိန်ဂျယ်လမုန်  / မျိုးမင်းစိုး / ဧရာဝတီ

အသစ်ရိုက်မယ့် ဗီလိန် ကာရိုက်တာအတွက် စိုးရိမ်စိတ်ရှိနေတဲ့ အိန်ဂျယ်လမုန်

by ချစ်ပိုး
9 February 2020
17.5k

“ကိုရီးယားဇာတ်ကားတွေထဲမှာဆိုရင် မျက်နှာလေးက အေးအေးလေးနဲ့ အတွင်းထဲမှာ ကောက်နေတဲ့လူတွေ အများကြီးရှိတယ်ဆိုတော့ ကိုယ်လည်း လုပ်ကြည့်မယ်ပေါ့နော်။

Next Post
Realme ရဲ့ ပထမဆုံး 5G ဖုန်း "X50 5G"

Realme ရဲ့ ပထမဆုံး 5G ဖုန်း "X50 5G" ထွက်ရှိ

ရုံးချိန်း တခုမှာ တွေ့ရတဲ့ အဆိုတော် အစ္စဏီ  /  ဧရာဝတီ

"အစ္စဏီ ထောင် ၇ နှစ်ကျတာ ဘာပုဒ်မနဲ့ ကျတာလဲ မသိသေးဘူး"လို့ ဦးရောဘတ်စန်းအောင် ပြော

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate