• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

တောင်ကိုရီးယား ရုပ်ရှင်နဲ့ စီးရီးတွေထဲမှာ အသုံးချခံဖြစ်လာတဲ့ မြောက်ကိုရီးယား

by မစ်ကီ
8 January 2020
in Entertainment
A A
"Ashfall” ရုပ်ရှင်နဲ့ "Crash Landing On You” စီးရီး

"Ashfall” ရုပ်ရှင်နဲ့ "Crash Landing On You” စီးရီး

6.3k
VIEWS
Share on FacebookShare on Twitter

ကိုရီးယားကျွန်းဆွယ်ပေါ်မှာ ဆယ်စုနှစ်နဲ့ချီပြီး အထီးကျန်ခဲ့ရတဲ့ မြောက်ကိုရီးယားနိုင်ငံအကြောင်းကို အချစ်၊ မိတ်ဆွေချစ်ကြည်မှု၊ မိသားစုအချစ်နဲ့ စေတနာကောင်းမွန်မှု စတဲ့အချက်တွေနဲ့ တောင်ကိုရီးယား ဖျော်ဖြေရေး လောကမှာ ဖန်တီးဖော်ပြခဲ့ကြပြီးတဲ့နောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံဟာ အသုံးချခံပစ္စည်းတခုသဖွယ် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ “Joint Security Area” ရုပ်ရှင်ကနေ အစပြုလို့ ၂၀၁၇ ခုနှစ်မှာထွက်ခဲ့တဲ့ “Confidential Assignment” ရုပ်ရှင်နဲ့ ၂၀၁၂ ခုနှစ်မှာ MBC ကနေ ပြသခဲ့တဲ့ “The King 2 Hearts” စီးရီးတွေလိုမျိုး ဖျော်ဖြေရေး ထုတ်ကုန်တွေဟာ စီးပွားရေးအရရော အနုပညာအရပါ အထူးအောင်မြင်ခဲ့တာကို တွေ့ရပါတယ်။

RelatedPosts

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
242
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.4k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
591

ဒါပေမယ့် မျှော်လင့်ထားလို့ မရနိုင်တဲ့ နှစ်နိုင်ငံကြားက သံတမန်ရေးနဲ့ စစ်ရေး တင်းမာမှုတွေကြောင့် တခါတလေဆိုရင် မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ ရုပ်သံဒရာမာတွေနဲ့ ရုပ်ရှင်တွေ ထုတ်လုပ်ဖြန့်ချိမှု အပေါ် အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

ပြုံးယမ်းနဲ့ ဝါရှင်တန်တို့အကြား နျူကလီးယားအရေး အကျပ်အတည်း ဖြစ်ခဲ့ချိန်ကြောင့် ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေး ထိခိုက်ခဲ့ရပြီး တောင်နဲ့ မြောက်ကိုရီးယားတို့ရဲ့ သူရဲကောင်းနဲ့ သူရဲကောင်းမတို့ကြား အချစ်ရေးနဲ့ ချစ်ကြည်ရေးကိစ္စရပ်တွေဟာ မသင့်လျော်ဘူးဆိုပြီး ထင်မြင်ကြတဲ့ လူအရေအတွက်လည်း ပိုတိုးလာခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ကစလို့ ပြသနေပြီဖြစ်တဲ့ အက်ရှင်-စွန့်စားခန်းရုပ်ရှင် “Ashfall” နဲ့ tvN ကနေ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်နေတဲ့ “Crash Landing On You” တို့မှာဆိုရင် မြောက်ကိုရီးယားနိုင်ငံဟာ သာမန်နိုင်ငံတခုဖြစ်တယ်လို့ ဖော်ပြထားတာကြောင့် အငြင်းပွားဖွယ် ဖြစ်ပေါ်စေခဲ့ပါတယ်။

အခုအချိန်အထိ ကြည့်ရှုသူ ပရိသတ် ၇ ဒဿမ ၅ သန်းရှိနေပြီဖြစ်တဲ့ ဟောလိဝုဒ်စတိုင် သဘာဝဘေးအန္တရာယ်အခြေပြုရုပ်ရှင် “Ashfall” မှာတော့ ကိုရီးယားကျွန်းဆွယ် မြောက်ဘက်ပိုင်းမှာ ရှိတဲ့ ဘဲ့ဒူတောင်ပေါက်ကွဲမှုကို ကာကွယ်ဖို့  ကြိုးစားကြတဲ့ တောင်နဲ့ မြောက်ကိုရီးယား စစ်တပ်အရာရှိနှစ်ဦး အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

ဝေဖန်သူတချို့ကတော့ “Ashfall” ရုပ်ရှင်ဟာ မြောက်ကိုရီးယားကို အမွှန်းတင်လွန်းတယ်လို့ဆိုပြီး ပြောဆိုကြပါတယ်။ “Crash Landing On You” စီးရီးကတော့ မြောက်ကိုရီးယားနိုင်ငံထဲကို မတော်တဆရောက်သွားခဲ့တဲ့ နာမည်ကျော် ဖက်ရှင်လုပ်ငန်းစုကုမ္ပဏီရဲ့ အမွေဆက်ခံသူ မိန်းကလေးတဦးနဲ့ မြောက်ကိုရီးယား စစ်တပ်အရာရှိတဦးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

ပါဝင်သရုပ်ဆောင်သူတွေက ဟွန်ဘင်းနဲ့ ဆွန်းယယ်ဂျင်းတို့လို နာမည်ကျော်တွေ ဖြစ်တဲ့အပြင် စီးရီးထဲမှာ သူတို့နှစ်ယောက်ရဲ့ ချစ်မြတ်နိုးတွေမှုတွေကြောင့် အမျိုးသမီး ပရိသတ်တွေရဲ့ အကောင်းမြင်မှတ်ချက်တွေ ကို ရရှိခဲ့သလို၊ နောက်ဆုံးပြသခဲ့တဲ့ အပိုင်းကို ကြည့်ရှုတဲ့ ရာခိုင်နှုန်းက ၉ ဒဿမ ၂ ရာခိုင်နှုန်း အထိ ရှိခဲ့တာကို တွေ့ရပါတယ်။

ဒါပေမယ့် သတင်းတွေမှာ မြင်တွေ့ရသလို မြောက်ကိုရီးယားနိုင်ငံရဲ့ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကို စီးရီးထဲမှာ မတွေ့ရဘဲ ငြိမ်းချမ်းတဲ့ မြောက်ကိုရီးယားကျေးရွာနဲ့ စိတ်ရင်းကောင်းတဲ့ ပြည်သူတွေကို ကြည့်ရတာ စိတ်မသက်မသာဖြစ်ရတယ်လို့ ပရိသတ်တချို့ကတော့ ဆိုပါတယ်။ အဲ့ဒီစီးရီးရဲ့ ထုတ်လုပ်သူကတော့ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ သတိထားတဲ့အကြောင်းနဲ့ မြောက်ကိုရီးယားကို စံပြနိုင်ငံတခုအဖြစ် ပုံဖော်ဖို့ မရည်ရွယ်ဘူးလို့လည်း ဆိုပါတယ်။

အခု ၂၀၂၀ ပြည့်နှစ်မှာတော့ မြောက်ကိုရီးယားနိုင်ငံအကြောင်း ပုံဖော်ထားတဲ့ ရုပ်ရှင်တွေ ထွက်လာဖို့ ရှိနေပြီး အငြင်းပွားဖွယ်တွေလည်း ဆက်လက်ရှိနေဦးမယ်လို့ မျှော်လင့်ရပါတယ်။ ဒါရိုက်တာ Yang Woo-suk ရိုက်ကူးထားတဲ့ “Summit: Steel Rain” ရုပ်ရှင်ဟာ အမေရိကန်၊ တောင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေအကြောင်း အခြေတည်ရိုက်ကူးထားပါတယ်။

ဒါရိုက်တာ Ryoo Seung-wan ရဲ့ “Escape” ရုပ်ရှင်ကတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ဆိုမာလီပြည်တွင်းစစ်ကနေ လွတ်မြောက်အောင် ထွက်ပြေးရတဲ့ တောင်နဲ့ မြောက်ကိုရီးယားသံတမန်တွေရဲ့ ဖြစ်ရပ်မှန်အကြောင်း ဖြစ်ပါတယ်။

Ref: yonhap

Your Thoughts …
Tags: တောင်ကိုရီးယားရုပ်ရှင်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
9.9k

"သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်" ဟု ဒေါ်ဓားစန်းရီက ပြောသည်။

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

by Bertil Lintner
22 April 2023
22k

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သူ့လူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့အဖွဲ့၏ အရက်စက်ဆုံး ထောက်လှမ်းရေးများကို အင်ပြည့်အားပြည့် အသုံးချတော့သည်။

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

by ဧရာဝတီ
27 November 2023
6.6k

“တုနှိုင်းမမီသည့်စံ” ရုပ်ရှင်ဇာတ်ကားအား ဒါရိုက်တာဝိုင်းက ရိုက်ကူးပေးခဲ့ပြီး ဗိုလ်မှူးကြီးမြင့်အောင်က နာမည်ခံပေးခြင်းဖြစ်သည်ဟု ရုပ်ရှင်အသိုင်းအဝိုင်းက ပြောဆိုကြသည်။

ထိုင်းနှင့် တောင်ကိုရီးယား ဒီဇယ်ထုတ်လုပ်သူများ မြန်မာဝယ်လက်များကို ဂရုစိုက်စောင့်ကြည့်

ထိုင်းနှင့် တောင်ကိုရီးယား ဒီဇယ်ထုတ်လုပ်သူများ မြန်မာဝယ်လက်များကို ဂရုစိုက်စောင့်ကြည့်

by ဧရာဝတီ
10 November 2023
3.1k

MOGE ကို အရေးယူ ပိတ်ဆို့ပြီးနောက် မြန်မာသို့ ဒီဇယ်ပုံမှန် ရောင်းချသည့် အာရှ ရေနံချက်စက်ရုံ အများအပြားသည် အထူးဂရုစိုက်နေကြသည်။

တောင်ကိုရီးယား ၆ နာရီကြာ စစ်အုပ်ချုပ်ရေးနှင့် နောက်ဆက်တွဲ ဂယက်

တောင်ကိုရီးယား ၆ နာရီကြာ စစ်အုပ်ချုပ်ရေးနှင့် နောက်ဆက်တွဲ ဂယက်

by Alexander M. Hynd
4 December 2024
2.7k

မစ္စတာ ယွန်းကို ၂၀၂၂ ခုနှစ်တွင် မဲအနည်းငယ်အသာဖြင့် ရွေးကောက်သည်။ သူသည် နိုင်ငံရေး အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများ ရင်ဆိုင်ရပြီး ထောက်ခံမှု ပိုမိုကျဆင်းသည်။

တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

by ဧရာဝတီ
19 July 2025
2.1k

တောင်ကိုရီးယားနိုင်ငံရှိ စစ်ကောင်စီသံရုံးတွင် ငလျင်ဘေးအတွက် ကိုရီးယားနိုင်ငံအတွင်း လှူဒါန်းငွေများ အပါအဝင် အမေရိကန်ဒေါ်လာ ၇ သိန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့သူ သံရုံးဝန်ထမ်း မနှင်းဦးလှိုင်ကို နေပြည်တော်၌ ဖမ်းဆီးထား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

Next Post
ငါ့ကျောင်းငါဖွင့်

ငါ့ကျောင်းငါဖွင့်

"Avatar 2" ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းပုံ

"Avatar 2" ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းနေရာ ပုံရိပ်တချို့ ထွက်ပေါ်လာ

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.5k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate