Entertainment

"Thor: Love and Thunder" ရုပ်ရှင်မှာ ပါဝင်ဖို့ရှိနေတဲ့ မင်းသား Christin Bale

Want create site? Find Free WordPress Themes and plugins.

Marvel ရဲ့ “The New Mutants” ရုပ်ရှင် Trailer နဲ့ ကျေနပ်အားရ ဖြစ်ခဲ့ကြတဲ့ Marvel ပရိသတ်တွေအတွက် နောက်ထပ်ဝမ်းသာစရာ သတင်းတခု ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ အဲဒါကတော့ နာမည်ကျော် သရုပ်ဆောင်တဦးဖြစ်သူ မင်းသား Christin Bale ကို Thor ရဲ့နောက်ဆက်တွဲရုပ်ရှင် “Love and Thunder” မှာ မင်းသမီး Natalie Portman နဲ့အတူ တွေ့မြင်ရဖို့ ရှိနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဘယ်ဇာတ်ကောင်နေရမှာ Christin Bale ကို တွေ့မြင်ရမယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် နီးစပ်ရာအသိုင်းအဝိုင်းမှာတော့ Cul Borson (God of Fear) ဇာတ်ကောင်အဖြစ် တွေ့မြင်ရဖို့ ဖြစ်နိုင်ခြေရှိကြောင်း ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေခဲ့တာပါ။

Christin Bale ရဲ့သရုပ်ဆောင် စွမ်းရည်နဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုတို့ ပေါင်းစပ်လိုက်တဲ့အခါ ဘယ်ရုပ်ရှင်ရဲ့ ဇာတ်ကောင် နေရာမှာမဆို အံဝင်ခွင်ကျ ဖြစ်ခဲ့တာချည်းပဲဆိုတာကို ရုပ်ရှင် ပရိသတ်တွေလည်း သိကြမှာပါ။

တကယ်လို့များ “Good of Fear” ဇာတ်ကောင်အတွက် Christin Bale သာ သရုပ်ဆောင်ဖြစ်ခဲ့မယ်ဆိုရင်လည်း ရုပ်ရှင်ပိတ်ကားပေါ်မှာ အပြည့်စုံဆုံးဟန်ပန်တွေနဲ့ တွေ့မြင်ကြရဖို့ ပရိသတ်တွေဘက်ကလည်း ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် သရုပ်ဆောင်တဦးဖြစ်သူ Christin Bale ဟာ ဒါရိုက်တာ Christopher Nolan ရိုက်ကူးခဲ့တဲ့ Batman Trilogy နဲ့အတူ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့တာ ဖြစ်တဲ့အပြင် American Psycho နဲ့ Vice ရုပ်ရှင်တွေမှာဆိုရင်လည်း သူ့ရဲ့သရုပ်ဆောင် စွမ်းရည်တွေကို အကောင်းဆုံး ပြသထားနိုင်ခဲ့ပါတယ်။

Cul Borson ဟာ Thor ရဲ့ဦးလေးတော်စပ်သူ တဦးဖြစ်ပြီး Marvel Cinematic Universe မှာ တခါမှတွေ့မြင်ရခြင်း မရှိသေးတဲ့ ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ Beta Ray Bill ဆိုတဲ့ ဇာတ်ကောင် နေရာအတွက်လည်း သရုပ်ဆောင်ဖို့ ဖြစ်နိုင်နေတာကြောင့် Marvel နဲ့ Christin Bale တို့ ဘယ်လို ဇာတ်ကောင်နေရာအတွက် ညှိနှိုင်းပြောဆိုထားလဲ ဆိုတာ ဆက်လက် စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Ref. wegothiscovered.com

You may also like these stories:

“Avatar 2” ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းနေရာ ပုံရိပ်တချို့ ထွက်ပေါ်လာ

တောင်ကိုရီးယား ရုပ်ရှင်နဲ့ စီးရီးတွေထဲမှာ အသုံးချခံဖြစ်လာတဲ့ မြောက်ကိုရီးယား

ပထမဆုံး Marvel လိင်ပြောင်းစူပါဟီးရိုးကို စတူဒီယိုဥက္ကဋ္ဌ Kevin Feige အတည်ပြု

Did you find apk for android? You can find new Free Android Games and apps.
Loading