• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

America’s Got Talent ပွဲမှာ မြန်မာကို ကမ္ဘာသိအောင် စွမ်းဆောင်ခဲ့တဲ့ Junior Creative အဖွဲ့

by ချစ်ပိုး
8 January 2020
in Entertainment
A A
America’s Got Talent ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ Junior Creative အဖွဲ့

America’s Got Talent ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ Junior Creative အဖွဲ့

7.8k
VIEWS
Share on FacebookShare on Twitter

Myanmar’s Got Talent 2018 ပြိုင်ပွဲတုန်းက Winner ဆုရရှိခဲ့တဲ့ Junior Creative အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံ အသီးသီးမှ Talent အကောင်းဆုံး ပညာရှင်များကို ရွေးချယ်စုစည်းပြီး ယှဉ်ပြိုင်ရတဲ့ America’s Got Talent The Champion Season 2 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။

America’s Got Talent ပွဲမှာ Junior Creative အဖွဲ့ ယှဉ်ပြိုင် ဖျော်ဖြေခဲ့တာကတော့ ငြိမ်ချမ်းစွာ နေထိုင်တဲ့မိသားစုတစုကနေ ပဋိပက္ခတွေ၊ စစ်ပွဲတွေကြောင့် မိသားစု၊ မောင်နှမတွေ ကွဲကွာခဲ့ရပြီး ကြီးပြင်းလာတဲ့အခါ သူ ခံစားခဲ့ရသလို ကြုံတွေ့နေရတဲ့ တခြားသူတွေအပေါ် စာနာနားလည်ပြီး ကူညီပေးနေတဲ့ မိန်းကလေး တယောက်ရဲ့ အကြောင်းကို Shawdow Art အကနဲ့ ပုံဖော် တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား (၂)

မဟာ အလက်ဇန္ဒား (၂)

25 May 2025
1
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
257
မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

24 May 2025
322

“ဒီ Shadow Art က ကျနော်တို့ဘဝအတွက် အရမ်း Unique အဖြစ်ဆုံး ဖန်တီးမှုတခုပါ။ True Story တခုကို အ‌ခြေခံပြီး ကျနော်တို့ အဖွဲ့သားတွေအားလုံး ရင်ထဲကလာတဲ့ အရာတွေနဲ့ပေါင်းစပ်ထားတာပါ။ အချိန်တွေ၊ ငွေတွေ၊ သွေးနဲ့ချွေးနဲ့မျက်ရည်နဲ့ အများကြီးရင်းထားခဲ့တဲ့ Performance ပါ။ ဒီ ဗီဒီယိုထဲမှာ ကျနော်တို့နဲ့အတူ ကမ္ဘာပေါ်မှာရှိသမျှ စစ်ပွဲတွေ၊ ပဋိပက္ခတွေကြား ခံစားနေရသူတွေ ကလေးတွေအားလုံးရဲ့ စကားသံတွေ၊ ခံစားချက်တွေ ပါတယ်”လို့ Junior Creative အဖွဲ့က ဆိုပါတယ်။

သူတို့အဖွဲ့ရဲ့ ယှဉ်ပြိုင်မှုအပြီးမှာတော့ အကဲဖြတ်ဒိုင်များက မတ်တပ်ရပ် လက်ခုပ်တီးကာ အသိအမှတ်ပြု အားပေးခဲ့ပြီး ကောင်းမွန်တဲ့ မှတ်ချက်များ ပြောကြားပေးခဲ့ကြပါတယ်။

“ဘာပဲဖြစ်ဖြစ် Judge တွေ၊ အထူးသဖြင့် Simon ဆီက မှတ်ချက်ကောင်း ကြားခဲ့ရလို့ ကျေနပ်စရာ ရလဒ်တခုရခဲ့သလို၊ Support ပေးတဲ့ အနုပညာရှင် တွေကအစ၊ ပရိသတ် တယောက်ချင်းစီတိုင်းကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါကြောင်း၊ မြန်မာကို Got Talent မြေပုံပေါ် တင်ခဲ့နိုင်ပြီဖြစ်ပါ‌ကြောင်း အသိပေးရင်း ဂုဏ်ယူမိပါတယ်”လို့လည်း Junior Creative အဖွဲ့က ဆိုပါတယ်။

Junior Creative အဖွဲ့ကို မြန်မာပရိသတ်များနဲ့ အနုပညာရှင်များက ဂုဏ်ယူဝမ်းမြောက်ကြောင်း ရေးသားပေးခဲ့ကြပြီး၊ အမေရိကန်နိုင်ငံကအစ ဒေသတွင်း အာရှနိုင်ငံတွေအားလုံးနီးပါးကလည်း သူတို့ အဖွဲ့ကို နောက်တဆင့် တက်စေချင်တယ်ဆိုတဲ့ မှတ်ချက်တွေ ဆိုရှယ်မီဒီယာတွေမှာ အများကြီးတွေ့ရပါတယ်။

Junior Creative အဖွဲ့ဟာ Myanmar’s Got Talent 2018 တုန်းက Winner ဆုရရှိခဲ့တဲ့ အဖွဲ့ဖြစ်ပြီး သက်ငယ်မုဒိမ်း ဖြစ်ရပ်များ ကာကွယ်တားဆီးရန်အတွက် အသိပညာပေး တင်ဆက်မှုကို အကနဲ့ အကောင်းဆုံး ပုံဖော်နိုင်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒါ့အပြင် Junior Creative အဖွဲ့ဟာ International Got Talent တွေ၊ World’s Biggest Stage တွေမှာ ယှဉ်ပြိုင်ရင်း မြန်မာ့အလံကို ကမ္ဘာမှာ စိုက်ထူသွားမယ်လို့ ဆိုထားပါတယ်။

You may also like these stories:

America’s Got Talent ချန်ပီယံဖြစ်ခဲ့တဲ့ မျက်မမြင်အဆိုတော် Kodi Lee

America’s Got Talent ဆီမီးဖိုင်နယ်ကို ရောက်လာတဲ့ မွမ်ဘိုင်းမြို့မှ V Unbeatable အကအဖွဲ့

‘America’s Got Talent’ ပြိုင်ပွဲမှာ Winner ဆုကို မျက်လှည့်ပညာရှင် Shin Lim ရရှိ

Your Thoughts …
Tags: America’s Got Talent”Junior Creative
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ပြိုင်ပွဲဝင်ခဲ့တဲ့ အသက် ၁၃ နှစ် အရွယ် ကောင်လေး Jeffrey Li

“America’s Got Talent” မှာ ဒိုင်လူကြီး Simon ဆီက ခွေးလက်ဆောင်ရမယ့် ပြိုင်ပွဲဝင် ကောင်လေး

by မစ်ကီ
20 June 2018
10.8k

ဒိုင်လူကြီးတဦးဖြစ်တဲ့ Heidi Klum က “Jeffrey၊ မင်းကတော့ Simon ဆီကနေ ခွေးလေး တကောင် ရတော့မယ်လို့ ထင်တယ်” လို့ ပြိုင်ပွဲဝင်သီချင်း သီဆိုမှုအပြီးမှာ စိတ်လှုပ်ရှားစွာ ပြောဆိုခဲ့ပါတယ်။

မျက်မမြင်အဆိုတော် Kodi Lee

America’s Got Talent ချန်ပီယံဖြစ်ခဲ့တဲ့ မျက်မမြင်အဆိုတော် Kodi Lee

by မစ်ကီ
20 September 2019
7.4k

မျက်စိမမြင်ဘဲ အော်တစ်ဇင်ရောဂါ ခံစားနေရသူ Kodi ဟာ အခုလိုမျိုး အောင်မြင်မှုသရဖူဆောင်းဖို့ အစောပိုင်းကတည်းက ထင်ကြေးပေးခံထားရတာလည်း ဖြစ်ပါတယ်။

မွမ်ဘိုင်းမြို့မှ V Unbeatable အကအဖွဲ့

America’s Got Talent ဆီမီးဖိုင်နယ်ကို ရောက်လာတဲ့ မွမ်ဘိုင်းမြို့မှ V Unbeatable အကအဖွဲ့

by မစ်ကီ
23 August 2019
5.2k

ဘောလိဝုဒ်မင်းသား Ranveer Singh ကတော့ “တကယ့်ကမ္ဘာ့အဆင့်မီ တင်ဆက်သူတွေက အိန္ဒိယကို ဂုဏ်ယူရအောင် လုပ်လိုက်ပါပြီ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

America’s Got Talent မှာ Winner ဖြစ်ခဲ့တဲ့ မျက်လှည့်ပညာရှင် Shin Lim

‘America’s Got Talent’ ပြိုင်ပွဲမှာ Winner ဆုကို မျက်လှည့်ပညာရှင် Shin Lim ရရှိ

by မစ်ကီ
20 September 2018
5.4k

Lim ရဲ့ အောင်နိုင်မှုဟာ ပရိသတ်တချို့အတွက် အံ့သြခဲ့ကြပါတယ်။ အကြောင်းက အသက် ၁၄ အရွယ် funk-rock အဆိုတော်မလေး Courtney Hadwin ဟာ နောက်ဆုံးအဆင့်ထိ တက်လာနိုင်မယ်လို့ သတင်း ထွက်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဆုရခဲ့တဲ့ Junior Creative အဖွဲ့  / Myanmar's Got Talent Facebook

Myanmar’s Got Talent မှာ ပရိသတ် အားပေးမှုနဲ့ ထပ်တူကျခဲ့တဲ့ “Junior Creative” အဖွဲ့

by ချစ်ပိုး
3 September 2018
9k

သူတို့ပုံဖော်မှုကတော့ Shadow Performance နဲ့ တင်ဆက်ပြသခဲ့တာဖြစ်ပြီး ဒီလိုကပြနိုင်ဖို့ သူတို့အတွက် အရမ်းခက်ခဲခဲ့ကြောင်း Winner ဆုကြေညာပြီးချိန်မှာ ပြောပြသွားခဲ့ပါတယ်။

Next Post
၂၀၁၉ ဒီဇင်ဘာ ၂၆ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် / Myanmar State Counsellor Office

ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားတွင် လူထုတွေ့ ဆုံပွဲ ပြုလုပ်မည်

ဖမ်းဆီးခံရတဲ့ ရုရှားစုံတွဲ

ပတ္တရားကမ်းခြေ လူမြင်ကွင်းမှာ လိင်ဆက်ဆံခဲ့တဲ့ ရုရှားစုံတွဲ ဖမ်းဆီးခံရ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
3.9k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

22 hours ago
3.6k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate