• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ပိုက်ဆံ ရချင်လို့ Show လာလုပ်တာ မဟုတ်ဘူး”လို့ ပြောတဲ့ မီးမီးခဲ

by ချစ်ပိုး
8 January 2020
in Entertainment
A A
အဆိုတော် မီးမီးခဲ  / ချစ်ပိုး / ဧရာဝတီ

အဆိုတော် မီးမီးခဲ / ချစ်ပိုး / ဧရာဝတီ

7.4k
VIEWS
Share on FacebookShare on Twitter

ဂီတပညာရှင် စောဘွဲ့မှူးရဲ့သမီး အဆိုတော် မီးမီးခဲက “BACK TO YOU” လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ ပထမဆုံး တကိုယ်တော် တေးဂီတဖျော်ဖြေပွဲကို မကြာခင် ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

“ဒီပွဲလေးလုပ်ဖို့ စဉ်းစားခဲ့တာကြာပါပြီ။ ကျမဘဝရဲ့ မျှော်လင့်ချက်က One Lady Show ပေါ့။ နေကောင်းရင်တော့ မြန်မာပြည်ပြန်ပြီး အနုပညာသက်တမ်း နှစ်၂၀ ပြည့် Show ပွဲလေးလုပ်မယ်ပေါ့။ ၂၀၁၉ ဧပြီလလောက်က ကိုအီကြာကွေးကို ဖုန်းဆက်တယ်။ ဖုန်းဆက်ပြီး တိုက်တိုက်ဆိုင်ဆိုင် နေမကောင်းထပ်ဖြစ်တော့ ဒီကိုပြန်မလာဖြစ်ခဲ့ဘူး။ အဲ့ဒါကြောင့် အခုမှလုပ်ဖြစ်တာပါ။ ဂီတကိုချစ်မြတ်နိုးတဲ့သူဖြစ်လို့ ပွဲမှာသီချင်းတွေ အများကြီးဆိုရမှာကို ပျော်တယ်”

RelatedPosts

ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
62
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.8k
မြိတ်မြို့

မြိတ်မြို့

11 May 2025
605

“တယောက်တည်း ၁၆ ပုဒ် ဆိုပါမယ်။ အပိုင်း ၄ ပိုင်း ခွဲထားပါတယ်။ သမီး ဖြူဖြူစင်စင်လင်းအပြင် လာဒင့်ထားရီ၊ နော်မာသထူးဝါးတို့က ပါဝင်သီဆိုပေးမယ်။ ပထမဆုံး တကိုယ်တော်ပေမယ့် စိတ်တော့ မလှုပ်ရှားဘူး။ ကျမ သီချင်းဆိုရင်း နည်းနည်းမောမှာတော့ကြောက်တယ်။ အကောင်းဆုံး ဆိုပြနိုင်ဖို့လည်းကြိုးစားနေပါတယ်။ ကျမ လိုအပ်တာရှိရင်လည်း ပရိသတ်တွေ နားလည်ပေးပါ”လို့ မီးမီးခဲက ပြောပါတယ်။

ပထမဆုံး တကိုယ်တော် One Lady Show ပွဲမှာ စပွန်ဆာ မယူဖြစ်တဲ့ အကြောင်းကိုလည်း မီးမီးခဲက အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ဒီပွဲကို လုပ်ဖို့ ကျမပြန်လာချိန် စပွန်ဆာပေးဖို့ Page မှာပြောကြည့်သေးတယ်။ ဘယ်သူ့မှလည်း လာမပြောကြဘူး။ ကိုယ့်ဘာသာလုပ်တာ ပိုက်ဆံတော့ ကုန်တယ်၊ ဒါပေမဲ့ ကိုယ်ကြိုက်တဲ့ ပရိုဂရမ် ကိုယ်လုပ်လို့ရတာပေါ့။ သမီးကို သီချင်းဆိုခိုင်းတာမျိုးလည်း ပရိုဂျူဆာက ကြိုက်ချင်မှကြိုက်မှာလေ။ ကိုယ်တိုင်လုပ်တဲ့အခါ ဆိုခိုင်းလို့ ရတယ်လေ”လို့ မီးမီးခဲက ပြောပါတယ်။

ဆက်လက်ပြီး မီးမီးခဲက နိုင်ငံခြားကနေ မြန်မာပြည်ကို ပြန်လာပြီး Show ပွဲ လုပ်တာဟာ ပိုက်ဆံရချင်လို့ လုပ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။


“ကျမ ဒီမှာ Show လာလုပ်တာ ပိုက်ဆံရချင်လို့ လို့ပြောကြတယ်။ ပိုက်ဆံတွေပိုက်ပြီး ပြန်သွားမယ်ထင်နေကြတယ်။ ဒီပွဲမှာ လက်မှတ်တွေ ကုန်သွားရင်တောင် အရင်းမရဘူး။ ဒီကိုလာတာ မိသားစု ၄ ယောက်တင် ဒေါ်လာ ၆၀၀၀ ဖြစ်နေပြီ၊ ပြီးတော့ ဆေးတွေ ယူလာရတယ်။ ကျမက သီချင်းဆိုချင်တယ်။ ကျမလုပ်နိုင်တဲ့ အရာတွေ ပရိသတ်ကို ချပြချင်တယ်။ ကင်ဆာရောဂါသည်တွေကိုလည်း လာစေချင်တယ်”

“အဲ့ဒါတွေက အဓိကပါ။ ပိုက်ဆံလာရှာတာ မဟုတ်ပါဘူး။ ပိုက်ဆံရှာချင်ရင် ဟိုမှာပဲ ရှာတော့မှာပေါ့။ မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်မှာ နေချင်တာ။ ကျန်းမာရေးက ဟိုမှာပဲနေမှ အဆင်ပြေမယ့် အခြေအနေဖြစ်နေလို့ နေရတာပါ”လို့ မီးမီးခဲက ပြောပါတယ်။

အဆိုတော် မီးမီးခဲရဲ့ “Back To You” တကိုယ်တော်ဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၁ ရက်၊ ည ၇ နာရီအချိန် ရန်ကုန်မြို့၊ ပြည်လမ်း Taw Win Garden ဟိုတယ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ အဆိုပါရှိုးပွဲရဲ့ လက်မှတ်ခများအနေနဲ့ ဈေးနှုန်းတွေကတော့ ကျပ် ၂ သောင်း၊ ၃ သောင်းနဲ့ ၅ သောင်း အသီးသီး သတ်မှတ်ထားပြီး Silver Gold တေးဂီတအဖွဲ့က တီးခတ်ပေးမှာ ဖြစ်ပါတယ်။

Your Thoughts …
Tags: တကိုယ်တော် ဖျော်ဖြေပွဲအဆိုတော် မီးမီးခဲ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အဆိုတော် မီးမီးခဲရဲ့ နောက်ဆုံးခရီး  /  Mee Mee Khel's Facebook

ကွယ်လွန်သူ အဆိုတော် မီးမီးခဲအား ဂူသွင်းမြှုပ်နှံ

by ယုဖြူဟန်
26 October 2020
43.5k

သူတို့ မိသားစုနဲ့အတူ ဝမ်းနည်းနေတဲ့အချိန်မှာ ဆုတောင်း၊ အားပေးခဲ့ကြတဲ့သူများနဲ့ ပရိသတ်များအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ဆိုထားပါတယ်။

တေးသံရှင် မဒီ  / Ma Di Facebook Page

မြန်မာပြည် ပြန်ရောက်နေတဲ့ ကာလအတွင်း တကိုယ်တော် ဖျော်ဖြေပွဲလုပ်မယ့် “မဒီ”

by ယုဖြူဟန်
13 February 2018
11.3k

မဒီဟာ မြန်မာပြည်ရောက်နေတဲ့ အချိန်အတောအတွင်း ဒီနှစ်မကုန်ခင်အချိန်တွင် ပွဲလုပ်ဖို့အတွက် ဖြစ်နိုင်ရဲ့လား ဆိုတာကိုလည်း မိသားစု၊ မိတ်ဆွေသူငယ်ချင်းများ၊ ပွဲစီစဉ်သူများနဲ့ တွေ့ဆုံ ဆွေးနွေး နေတယ်လို့ ဆိုပါတယ်။

အဆိုတော် တင်ဇာမော် / High Street Live Concert Facebook Page

အွန်လိုင်းကနေ တိုက်ရိုက် လွှင့်မယ့် တင်ဇာမော်ရဲ့ “High Street Live Concert”

by ယုဖြူဟန်
24 October 2020
7.1k

တင်ဇာမော်ကတော့ ပရိသတ်တွေ ဆိုစေတဲ့ သီချင်းများ သီဆိုပေးဖို့ ရှိပြီး၊ ပရိသတ် တောင်းဆိုမှု အများဆုံးနဲ့ အဆင်ပြေဆုံး သီချင်းများကို သီဆိုပေးသွားမယ်လို့ ဆိုပါတယ်။

အဆိုတော် မီးမီးခဲ  / ဧရာဝတီ

ကင်ဆာရောဂါ ခံစားနေရသူများအတွက် နည်းလမ်းတခု မျှဝေခဲ့တဲ့ မီးမီးခဲ

by ယုဖြူဟန်
21 April 2020
12.8k

အခုလို ဝေဒနာခံစားနေရတာကြောင့် မီးမီးခဲက သူ့ရဲ့အထူးကုဆရာဝန်ကို ဖုန်းဆက်မေးကြည့်တဲ့အခါမှာတော့ ဆရာဝန်က ပြန်ညွှန်လိုက်တဲ့ဆေးကိုလည်း ပြန်လည် ဝေမျှခဲ့ပါတယ်။

အဆိုတော် နီနီခင်ဇော်  / ဝေဝေနှင်း / ဧရာဝတီ

စင်ကာပူပွဲမှာ သီချင်းပုဒ်ရေများစွာနဲ့ တကိုယ်တော် ဖျော်ဖြေမယ့် အဆိုတော် နီနီခင်ဇော်

by ချစ်ပိုး
18 October 2019
5.4k

"အမျိုးသမီးအဆိုတော် တယောက်အနေနဲ့ Party Redvolution Team တခုလုံးကို ခေါ်ပြီး စင်ကာပူမှာ သွားလုပ်ရတာဖြစ်တဲ့အတွက် စိန်ခေါ်မှု အရမ်းများပါတယ်။

အဆိုတော် မီးမီးခဲ / ချစ်ပိုး / ဧရာဝတီ

ကင်ဆာဝေဒနာ ခံစားနေချိန်မှာ အမြဲခွန်အားပေးတဲ့ အမျိုးသားအကြောင်း ပြောပြတဲ့ မီးမီးခဲ

by ချစ်ပိုး
7 January 2020
8.6k

အမျိုးသားက ဘေးနားကနေပြီးတော့ သေမယ်ဆိုတဲ့ အရာကို မတွေးဘဲ အသက်ရှင်မယ့် အရာကိုပဲ တွေးကြည့်ရအောင်တဲ့။ ကျမ အဲ့စကားနဲ့ ထလာနိုင်တာပေါ့”လို့ မီးမီးခဲက ပြောပါတယ်။

Next Post
မြန်မာ့ကျောက်မျက်လုပ်ငန်းက ဆယ်စုနှစ်တခုမက နောက်ကျ ကျန်ခဲ့ပြီ (ရုပ်/သံ)

မြန်မာ့ကျောက်မျက်လုပ်ငန်းက ဆယ်စုနှစ်တခုမက နောက်ကျ ကျန်ခဲ့ပြီ (ရုပ်/သံ)

ဝန်ကြီးများရုံး ငှားရမ်းမှု အနော်မာကုမ္ပဏီကို အထူးအခွင့်အရေးပေးနေဟု စာရင်းစစ်ချုပ် ထောက်ပြ (ရုပ်/သံ)

ဝန်ကြီးများရုံး ငှားရမ်းမှု အနော်မာကုမ္ပဏီကို အထူးအခွင့်အရေးပေးနေဟု စာရင်းစစ်ချုပ် ထောက်ပြ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate