လွန်ခဲ့တဲ့နွေရာသီမှာ ရုပ်ရှင်ချစ်ပရိသတ်တွေ အံ့အားသင့်ခဲ့ရတဲ့ သတင်းတခုကတော့ ၁၉ရာစုအနှောင်းပိုင်းခေတ်မှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်တကား Blade ကို အသစ်ပြန်လည်ဖန်တီးရိုက်ကူးတော့မယ်ဆိုတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အဓိကဇာတ်ကောင်နေရာမှာ အော်စကာဆုတွေရဲ့ပိုင်ရှင် မင်းသား Mahershala Ali ကို တွေ့မြင်ရဖို့ရှိ နေတာကြောင့် Blade ရုပ်ရှင်ရဲ့ ပရိသတ်တွေ အတိုင်းမသိဝမ်းသာခဲ့ကြရတာပါ။
တီဗီစီးရီးတခုဖြစ်တဲ့ True Detective မှာ နာမည်ရအောင်မြင်လာခဲ့တဲ့ Mahershala Ali နဲ့အတူ တွဲဖက်သရုပ်ဆောင် မှာကတော့ မူရင်း Blade ရုပ်ရှင်မှာ ဗီလိန်တဦးအဖြစ်သရုပ်ဆောင်ခဲ့သူ Stephen Dorff ပဲဖြစ်ပါတယ်။ Blade ရုပ်ရှင် အသစ်မှာ သရုပ်ဆောင်ခွင့်ရရှိခဲ့တဲ့ Stephen Dorff နဲ့ တီဗီအစီအစဉ်တခုမှာ အင်တာဗျူးဖြေကြားခဲ့တဲ့အခါမှာတော့ သူ့အတွက် ရုပ်ရှင်အသစ်မှာ အခုလိုပါဝင်ခွင့်ရတာ စိတ်ဝင်စားစရာပါလို့ ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့တာပါ။
X-Men နဲ့ Marvel ရဲ့ အခြားစူပါဟီးရိုးရုပ်ရှင်တွေ ခေတ်စားလာတဲ့ ခေတ်သစ်ရုပ်ရှင်လောကမှာ Blade ရုပ်ရှင်ကို မကြည့်ရှုဘူးသူ ၊ ကြည့်ရှုပြီး မေ့လျော့နေသူတွေတောင် ရှိတာကြောင့် Blade ရုပ်ရှင်ကို အသစ်တဖန်ပြန်လည်ရိုက်ကူးဖို့ လွန်ခဲ့တဲ့နွေရာသီကတည်းက သတင်းအတိအကျထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
၁၉၉၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မူရင်း Blade ရုပ်ရှင်ဟာ နောက်ဆက်တွဲရုပ်ရှင်နှစ်ကားအထိ ထွက်ရှိခဲ့ဖူးတာဖြစ်ပြီး သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ Action ၊Horror ၊ Sci-Fi အမျိုးအစား ရုပ်ရှင်ကားပဲဖြစ်ပါတယ်။
ပြောင်းလဲ ပြင်ဆင်ထားတဲ့ ဇာတ်အိမ်တည်ဆောက်မှုပုံစံနဲ့ အထင်ကရ သရုပ်ဆောင်နှစ်ဦးရဲ့ ပူးပေါင်းတင်ဆင်မှုတွေကို တွေ့မြင်ရဖို့ရှိနေပြီး Marvel Studio နဲ့ တာဝန်ရှိပုဂ္ဂိုလ်တဦးဖြစ်သူ Kevin Feige အပေါ်သာ မူတည်နေတဲ့ Blade ရုပ်ရှင်အသစ် ထွက်ရှိလာချိန်မှာ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Park Seo Joon နဲ့အတူ ရိုက်ကူးမယ့် IU ရဲ့ ပထမဆုံးရုပ်ရှင် “Dream”
“Avatar 2” ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းနေရာ ပုံရိပ်တချို့ ထွက်ပေါ်လာ
“Power Rangers” ရုပ်ရှင်ကို ထပ်မံ ဖန်တီးဖို့ ရှိနေ