Entertainment

ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ကားတွေမှာ ငွေကြေးရှုံးခဲ့တဲ့ ဇာတ်ကားတွေလည်း ရှိတယ်လို့ မိုးဟေကို ပြော

Want create site? Find Free WordPress Themes and plugins.

မိုး ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးဆောင်လုပ်ကိုင်နေတဲ့ သရုပ်ဆောင် မိုးဟေကိုက ဇာတ်ကားတွေ ထုတ်လုပ်ရိုက်ကူး တဲ့အခါ အမြတ်ရှိနိုင်သလို အရှုံးတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ရွာကျော်မိကဲ ကတော့ လွန်ခဲ့တဲ့ ၃ နှစ်က ရိုက်ထားတဲ့ ကားလေးပါ။ အခုမှ ရုံတင်ခွင့်ရတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တုန်း ကတော့ ဒီလို ဇာတ်လေးတွေက ခေတ်စားနေတယ်။ ကြိုက်လည်း ကြိုက်ကြတယ်။ အခုမှ ရုံတင်ခွင့် ရတာပေါ့”

“ဇာတ်ကားတွေရဲ့ အရှုံးအမြတ်ကို ကြိုတွက်ပြီးသားပါ။ မြတ်တဲ့အချိန်မှာလည်း ခံနိုင်ရည်ရှိသလို၊ ရှုံးတဲ့ အချိန်မှာ လည်း ခံနိုင်ရည်ရှိရမယ်။ ကိုယ်လုပ်တဲ့ အရာတိုင်းက ကွက်တိဖြစ်တာရှိသလို လွဲချော်သွားတာလည်းရှိတယ်။ အဲ့ထဲကမှ အမှားနည်းအောင်ပြင်ယူပါမယ်။ အရှုံးနဲ့ အမြတ်က အမြဲဒွန်တွဲနေတာမို့ ခံနိုင်ရည်ရှိအောင်အမြဲ ကြိုးစားထားပါတယ်”လို့ မိုးဟေကိုက ပြောပါတယ်။

မိုးထုတ်လုပ်ရေးရဲ့ ၇ ကားမြောက်ဖြစ်တဲ့ “ရွာကျော်မိကဲ” ဇာတ်ကားကြီးကိုလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပြီး အချစ်၊ အလွမ်း ၊ ဟာသ စုံအောင် ထုတ်လုပ်ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။

“ရွာကျော်မိကဲ ဇာတ်ကားက မိုး ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ၇ ကားမြောက်ပေါ့။ နှစ်သစ်မှာ ပျော်ရွှင်ခြင်းတွေ သယ်ဆောင် လာတဲ့ ပျော်ရွှင်စရာကားလေးကို ချပြခွင့်ရခဲ့တယ်။ ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ အချစ်ကားတွေရော ဒရာမာကား တွေရော ရသစုံဖြစ်အောင်ဆိုတော့ ဟာသကားတွေပါ ထည့်ခဲ့တာ။ အဲ့အတွက် ဟာသကားလေးရိုက်ဖြစ်ခဲ့တာပါ”

“ မိုး ရုပ်ရှင်ထုတ်လုပ်ရေးကလည်း အကောင်းဆုံးတွေ ဖြစ်အောင်ကြိုး စားနေဆဲပါ။ တင်သမျှ ကားတိုင်းကိုလည်း အားပေးခဲ့ကြလို့ အရမ်းကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့လည်း ပရိသတ်တွေ စိတ်ကျေနပ်စေမယ့် ကားကောင်းလေးတွေကို ထုတ်ဖို့လည်း ကြိုးစားသွားပါမယ်”

သရုပ်ဆောင်ပိုင်းအနေနဲ့ ပြန်လည်လုပ်ဖြစ်၊ မဖြစ်က မိခင်ဖြစ်သူရဲ့ ကျန်းမာရေးပေါ်မူတည်တယ်လို့ပဲ ဆိုပါတယ်။

“အမေနေမကောင်းတဲ့အချိန်မှာ ဒီတချိန်ပဲ ကိုယ်က လုပ်ပေးခွင့်ရမှာ။ အဲဒီအတွက် အနုပညာ အလုပ်တွေ လည်း ဘေးဖယ်ထားတယ်။ အမေ့ကိုလည်း ကျန်းမာရေးကောင်းအောင်ပြုစုပေးတယ် အခုဆိုရင် အမေ့ အနားမှာ အချိန်ပိုင်းလည်းနေတယ်။ ပရိသတ်မြင်ချင်တဲ့ သရုပ်ဆောင်အပိုင်းကိုလည်း လုပ်တယ်။ ပြီးတော့ ရုပ်ရှင်ထုတ်လုပ်ရေး အပိုင်းကိုလည်း လုပ်ဖြစ်တယ်။ ပြီးတော့ မိုးရဲ့ ပိုးထည်ဆိုင်ကိုလည်း အချိန်မျှပေး တယ်ပေါ့နော်” လို့ ဆိုပါတယ်။

အလှအပပိုင်းနဲ့ ပတ်သက်လို့လည်း မိုးဟေကိုက အခုလိုဆိုပါတယ်။

“ပိုလှလာတယ် ဆိုတာကလည်း ပရိသတ်တွေက ချစ်တဲ့ မျက်စိနဲ့ ကြည့်ပေးကြတော့ အပြစ်မရှိဘဲ လှနေတာ နေမှာ။ ဓာတ်ပုံရိုက်တာလေးတွေကလည်း ကျက်သရေရှိတယ်ဆိုတာက ပရိသတ်အကြိုက်နဲ့ ထပ်တူကျလို့ လည်း ဖြစ်ရင် ဖြစ်မှာပေါ့။ မိုးရဲ့ ပုံစံကလည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ပရိသတ်လက်ခံထားတဲ့ ပုံစံ အတိုင်းလေးပဲ သွားမှာပါ”လို့ မိုးဟေကိုက ပြောပါတယ်။

You may also like these stories:

၁၂ နာရီစာ ဇာတ်လမ်းတွဲကို ၂ နာရီကြာ ရုပ်ရှင်ကားအဖြစ် ပြန်လည် ပြသမယ့် “အချစ်ဖြင့်လွမ်းစေ”

“ချည်” ဇာတ်ကားထဲကလို အပြင်မှာ အစွန်းရောက် ချစ်တဲ့သူ မဟုတ်ဘူးလို့ ရွှေသမီး ပြော

၂၀၁၉ ခုနှစ်အတွင်း အိုဘားမား အနှစ်သက်ဆုံး ရုပ်ရှင်နဲ့ စာအုပ်များ

Did you find apk for android? You can find new Free Android Games and apps.
Loading