အဆိုတော်တယောက် အနေနဲ့သာမက သရုပ်ဆောင် တယောက်အနေနဲ့ပါ ပရိသတ်ရဲ့ အားပေးမှုကို ရရှိထားတဲ့ ထွန်းထွန်း(Examplez) က The Mask Singer အစီအစဉ်မှာ ဒိုင်တယောက်အဖြစ် ပါဝင်လုပ်ဆောင်နေပြီး မျက်နှာဖုံးရှင်တွေကို ဘယ်သူတွေမှန်း တကယ်မသိဘူးလို့ ဆိုပါတယယ်။
“The Mask Singer မှာ ကျနော် သေချာမှန်းတာပါ။ ကျနော်ကြောင့် သူများတွေပါ လွဲကုန်တယ်။ တခြားသူတွေ ထင်နေကြတာက သိရက်နဲ့လွဲပြောတယ်ပေါ့။ အမှန်တိုင်းပြောတာပါ။ ကျနော်တို့ မျက်နှာဖုံးရှင်တွေက ဘယ်သူတွေမှန်းတကယ် မသိဘူး ။ တချို့ ကျတော့သိတယ်။ ဥပမာ ဦးကျော်ထူးပေါ့။ ဦးကျော်ထူးတို့ကျတော့ အထဲမှာ ကလိကလိ ဖြစ်အောင် စချင်တာ။ တကယ်မသိတဲ့သူတွေဆို ကျနော်တို့ ဒိုင်တွေ မျက်နှာပျက်နေတယ်”
“ မှန်ပြောင်းနဲ့က ကြည့်တာပဲရှိတာ။ တကယ်မမြင်ဘူး။ ခန့်မှန်းတာ၂ယောက်မှန်ဖူးတယ်။ ပျော်ဖို့ ကောင်းပါတယ်။ The Mask Singer က မွန်းကျပ်စရာ မရှိဘူး။ သီချင်းကြိုက်တဲ့ သူတွေ အနုပညာရှင်ကိုချစ်တဲ့ သူတွေက ဒီအစီအစဉ်ကို ကြိုက်ကြမယ်ထင်တယ်”လို့ ထွန်းထွန်းက ပြောပါတယ်။
ထွန်းထွန်းက လတ်တလောလုပ်ဖြစ်နေတာနဲ့ ပတ်သက်လို့လည်း အခုလိုပြောပါတယ်။
“ကျနော် လတ်တလောမှာတော့ Gym သွားတယ်။ သီချင်းတွေ နားထောင်တယ်။ ဘောလုံး ပွဲကြည့်တယ်။ သူငယ်ချင်းတွေနဲ့ အချိန်ပေးဖြစ်တယ်။ ပြီးခဲ့တဲ့လနဲ့ ဒီလမှာရိုက်ကူးရေး မရှိဘူး။ စာအုပ်တွေလည်း ဖတ်ဖြစ်တယ်။ ကျနော် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ကြိုးစားရဦးမှာပါ” လို့ ဆိုပါတယ်။
အချစ်ရေးနဲ့ ပတ်သက်လို့လည်း အချစ်ကြောင့် အရာအားလုံး စိတ်ချမ်းသာကြရတယ်လို့ ဆိုပါတယ်။
“အချစ်ကြောင့် ဖြစ်တဲ့အရာ အားလုံးကတော့ နူးညံ့သိပ်မွေ့နေမှာပါ။ ကျနော်အပါအဝင် ကျနော်ကို အားကျတဲ့ သူတွေပဲဖြစ်ဖြစ်၊ သမီးရည်းစားအားလုံးပဲဖြစ်ဖြစ် အချစ်ကြောင့် နူးညံ့ကြတယ်။ အဲ့ထဲမှာ ကျနော်ပါတယ်။ ကျနော် အချစ်ကြောင့် အရာအားလုံး စိတ်ချမ်းသာရပါတယ်။ ကျနော်ကို ချစ်တဲ့ မျက်လုံး၊ ချစ်တဲ့စိတ်နဲ့ ကြည့်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်”
“ အမုန်းမရှိတဲ့ မျက်လုံးတွေနဲ့ ကြည့်ပေးရင် အရာအားလုံးက လှပကျော့ရှင်းနေမှာပါ။ မင်္ဂလာဆောင်ဖို့က အရှေ့မှာ ကားတစီးလုံးရှိသေးတာ မကျာ်သေးပါဘူး။ ရှေ့မှာ လူပျိုကြီး မင်္ဂလာဆောင်ရင် အရံလုပ်ပေးမယ် ပြောထားတာ အဲ့ ကားကြီးကို စောင့်လိုက်ဦးမယ်”လို့ ထွန်းထွန်းက ပြောပါတယ်။
ထွန်းထွန်းပါဝင်သရုပ်ဆောင်ထားတဲ့ “ရွာကျော်မိကဲ” ဇာတ်ကားကိုတော့ ဇန်နဝါရီ ၉ ရက်နေ့မှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။
You may also like these stories:
America’s Got Talent ပွဲမှာ မြန်မာကို ကမ္ဘာသိအောင် စွမ်းဆောင်ခဲ့တဲ့ Junior Creative အဖွဲ့
“စပွန်ဆာ” ရုပ်ရှင် ပိုစတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် နေတိုး ဘာပြောလဲ