ဝါရင့်သရုပ်ဆောင် တက္ကသိုလ် ဂွမ်းပုံက ကျရာ ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့အတွက် အရှက်တရားတွေ ကို ဖြတ်ထားရတယ်လို့ ဆိုပါတယ်။
“ရွာကျော်မိကဲမှာ မေကဗျာ့အမေနေရာက သရုပ်ဆောင်ထားတယ်။ မဇာကြီးနဲ့ ကိုခန့်ကို အပြိုင်လုရတာပေါ့။ မဇာကြီးက ဒရာမာပဲရတာမဟုတ်ဘူး။ အတည်ပေါက်ဟာသတွေလည်း အရမ်းပိုင်တယ်။ ကိုပြည်ဟိန်းသီဟရဲ့ ဟာသကားတွေထဲက တကားပေါ့။ မဂွမ်းတို့လည်း ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောပျော်ရွှင်ခဲ့ရပါတယ်။ ပရိသတ်တွေလည်း ကြိုက်မယ့် ဇာတ်ကား တကားပါပဲ”
“ ကျမက ဟာသမှ မဟုတ်ပါဘူး။ အနုပညာနဲ့ ပတ်သက်ရင် ဖိုက်တင်ပဲ ဖြစ်ဖြစ်၊ ဒရာမာပဲ ဖြစ်ဖြစ်ပါ။ ကျရာ ကဏ္ဍမှာ သရုပ်ဆောင်တယ်ဆိုတာလည်း ခက်ခဲတဲ့ ပညာတရပ်ပါပဲ။ အဲ့အတွက် အရှက်တရားတွေကိုတော့ သရုပ်ဆောင်ဖြစ် လို့ ဖြတ်ထားရတာပေါ့။ အခုက ကိုခင်လှိုင်နဲ့ “အထိန်းတော်” ဆိုတဲ့ ကားလေးရိုက်နေတယ်။ ဒါက သူ့ရဲ့ တတိယ မြောက် ကားလေးပေါ့။ ကျမက ကိုမြင့်မြတ်ရဲ့ အမေနေရာက သရုပ်ဆောင်ရမှာပါ”လို့ ဂွမ်းပုံကပြောပါတယ်။
အကယ်ဒမီကို မမှန်းရဲဘူးလို့ဆိုတဲ့ တက္ကသိုလ်ဂွမ်းပုံ က ဒီနှစ်အကယ်ဒမီမှာတော့ ဇာတ်ပို့ သရုပ်ဆောင်စစ်စစ် ကိုပေးမယ်လို့ ကြားထားတာကြောင့် အရမ်းဝမ်းသာတယ်လို့ဆိုပါတယ်။
“အကယ်ဒမီတော့ မမှန်းရဲပါဘူး။ ကျမတို့ အားလုံးကိုရစေချင်တယ်။ ကိုယ်တိုင်လည်း အားလုံးအတွက်ရင်ခုန်တယ်။ တယောက်တည်းတော့ မပြောတတ်ဘူး။ “ချည်” ဇာတ်ကားနဲ့ ကိုဟိန်းမင်းကိုရစေချင်တယ်။ ကိုခင်လှိုင်ကိုတော့ “ချိုးရုပ်”နဲ့ ရင်ထဲက အကယ်ဒမီအကြီးကြီးပေးထားပြီးသားပါ”
“ ချိုးရုပ်နဲ့ ရပါစေလို့ ကိုခင်လှိုင်နဲ့ မြင့်မြတ်အတွက်လည်း ဘုရားရှိခိုးတိုင်း ဆုတောင်းနေတယ်။ ဒီနှစ်တော့ ဇာတ်ပို့ စစ်စစ်ကို ပေးမယ် ကြားထားတယ်။ ကျမကတော့ အရမ်းဝမ်းသာတယ်”လို့ ဂွမ်းပုံကပြောပါတယ်။
ဝါရင့် ဇာတ်ပို့သရုပ်ဆောင် တက္ကသိုလ် ဂွမ်းပုံကတော့ မြန်မာ့ရုပ်ရှင်ဇာတ်ကား အဖြူ အမည်း ခေတ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ တက္ကသိုလ် ဂွမ်းပုံက ၂၀၁၅ ခုနှစ်အတွက် “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” ကို “ဤအရာကို အချစ်ဟု ခေါ်သလား” ရုပ်ရှင်နဲ့ ရရှိခဲ့ပါတယ်။
You may also like these stories:
မြန်မာသံ သီချင်းတွေ နားထောင်သူ နည်းလာတဲ့အကြောင်း ပြောပြတဲ့ အဆိုတော် မိုးထက်မြင့်
“အားလုံး အဆင်မပြေဖြစ်နေချိန် ရုပ်ရှင်အစည်းအရုံးက ဘာလုပ်ပေးနိုင်မလဲ သိချင်တယ်”
“မြန်မာရုပ်ရှင် လောကကို နိုင်ငံခြား Cele တွေ ပါဝင်လာတာ ကြိုဆိုတယ်”လို့ ဂွမ်းပုံ ပြော