ကိုရီးယားအဆိုတော်၊ မင်းသမီး IU က အရက်၊ ကော်ဖီ နဲ့ တတ်နိုင်သလောက် ကာဗွန်ပါဝင်တဲ့ အချိုရည်တွေ သောက်သုံးမှုကို ရှောင်ကြဉ်ပြီး ဆေးလိပ် လုံးဝ မသောက်သုံးတဲ့အကြောင်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ရေဒီယို အစီအစဉ်တခုမှာ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီလိုမျိုး လုပ်ဆောင်ရတဲ့ အဓိကအကြောင်းအရင်းကတော့ သူ့ရဲ့ အသံ ထိခိုက်စေမယ့် အရာတွေကို ရှောင်ရှားလိုတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုတော် IU က “အခြေခံအားဖြင့် ကျမရဲ့ အသံအတွက် ဆိုးရွားစေနိုင်မယ့်အရာတွေ အားလုံးကို မလုပ်ပါဘူး။ ကျမက ကာဖိန်းနဲ့ စီးကရက်အနံ့ကို မကြိုက်ပါဘူး။ ကျမက အသံကျယ်ကျယ်နဲ့ စကားပြောတာကိုလည်း မကြိုက်ပါဘူး”လို့ ဆိုပါတယ်။
သူဟာ လည်ချောင်းနာမှာစိုးတဲ့အတွက် ကာဖိန်းနဲ့ ကာဗွန်ပါဝင်တဲ့အချိုရည်တွေကို မသောက်သုံးဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါဟာ နေ့ကောင်းရက်မြတ်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်တွေနဲ့အတူ ဖျော်ရည်ယမကာ မသောက်သုံးဘူးဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။
သူက “ကာဗွန်ပါဝင်တဲ့ ဖျော်ရည်တွေကို ကျမ စိတ်မဝင်စားပါဘူး။ ပြီးတော့ ကျမ အရက်လည်း သောက်ခဲပါတယ်။ တကယ်လို့ နေ့ကောင်းရက်မြတ်တခု ရှိမယ်ဆိုရင်တော့ ကျမ လည်ချောင်းကို မထိစေလိုက်မယ့် ပမာဏလောက်အထိပဲ သောက်မှာပါ” လို့ ဆိုပါတယ်။
မကြာသေးခင်တုန်း အေဂျင်စီအသစ်မှ အဖွဲ့နဲ့အတူ ပြုလုပ်ခဲ့တဲ့ ဂုဏ်ပြု ညစာစားပွဲတခုမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။
သူက “ကျမ သောက်ရတာ ကြိုက်ပါတယ်။ ဒါပေမယ့် ဒီနေ့လိုမျိုး နေ့ကောင်းရက်မြတ်တခုမှာပဲ သောက်တာပါ” လို့ ပုံစာရေးခဲ့ပါတယ်။ အဲ့ဒိနောက် သူဟာ ဘဝအတွက် လက်ကိုင်ထားတဲ့ ဆောင်ပုဒ် တခုကိုလည်း ပြောဆိုခဲ့ပါတယ်။
“ကောင်းမွန်တဲ့အရာတွေအများကြီးကို လုပ်မယ့်အစား မကောင်းတဲ့ အရာတွေကို ရှောင်ကြဉ်ဖို့ ကျမ ကြိုးစားမှာပါ” လို့ IU က ဆိုပါတယ်။ အဲ့ဒီအချက်တွေကြောင့် IU ဟာ K-pop သမိုင်းမှာ ပရိသတ်အလေးစားခံရဆုံးနဲ့ အချစ်ခံဆုံး အနုပညာရှင်တဦးအနေနဲ့ ရပ်တည်နေဆဲ ဖြစ်ပါတယ်။
Ref: koreaboo
You may also like these stories:
Park Seo Joon နဲ့အတူ ရိုက်ကူးမယ့် IU ရဲ့ ပထမဆုံးရုပ်ရှင် “Dream”
သားယောက်ျားလေး မွေးဖွားခဲ့တဲ့ တရုတ်မင်းသမီး Zhang Ziyi
ကိုရီးယား ပရိသတ်တွေ မဲပေးခဲ့တဲ့ ၂၀၁၉ ရဲ့ ထိပ်တန်းအနုပညာရှင်များ