Entertainment

"Parasite" ရုပ်ရှင်ကို HBO ရဲ့ Limited စီးရီးအဖြစ် ပြန်လည်ဖန်တီးဖို့ ရှိနေ

Want create site? Find Free WordPress Themes and plugins.

၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်တကားဖြစ်တဲ့ Parasite ကို Limited စီးရီးအဖြစ် ဖန်တီးဖို့ HBO ရုပ်သံလိုင်းကနေ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Palme d’Or ဆုရရှိခဲ့ပြီး အော်စကာဆုရရှိဖို့ တစ်ပြေးနေတဲ့ အဲ့ဒီကိုရီးယားရုပ်ရှင်ရဲ့ ဒါရိုက်တာ Bong Joon Ho နဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ အကောင်းဆုံး ဒရာမာစီးရီးဆု ရရှိခဲ့တဲ့ HBO ရဲ့ “Succession” စီးရီး ထုတ်လုပ်သူ Adam McKay တို့က ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စေ့စပ်ညှိနှိုင်းမှုတွေက မပြီးဆုံးသေးပေမယ့် မူပိုင်ခွင့်အတွက် Netflix နဲ့ မကျေမလည်တွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဆွေးနွေးမှုတွေကို HBO နဲ့ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

“Parasite” ရုပ်ရှင်ကတော့ သူဌေးအိမ်တအိမ်မှာ တွယ်ကပ်နေထိုင်ခဲ့ကြတဲ့ ဆင်းရဲသား မိသားစုတခုအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ အခု ဖန်တီးမယ့် Limited စီးရီးဟာ မူရင်းရုပ်ရှင်ရဲ့ နောက်ဆက်တွဲဖြစ်လာမှာလား၊ မူရင်းရုပ်ရှင်ကိုပဲ အင်္ဂလိပ်စကားပြောအနေနဲ့ ပြန်လည် ရိုက်ကူးမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဲ့ဒီသည်းထိတ်ရင်ဖို ဟာသဇာတ်မြူး ကိုရီးယားရုပ်ရှင်ဟာ အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၂၃ သန်းနဲ့ ကမ္ဘာတဝန်းမှာ ဒေါ်လာ သန်း ၁၃၀ ဝင်ငွေ ရရှိခဲ့ပါတယ်။ မကြာသေးခင်တုန်းက ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင်ဆုရရှိခဲ့ပြီး မကြာမီ ကျင်းပမယ့် အော်စကာဆုပေးပွဲမှာလည်း ဆုရရှိလိမ့်မယ်လို့ ထင်ကြေးပေး ခံထားရပါတယ်။

Limited စီးရီးအတွက် ဖန်တီးမှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကတော့ ကနဦး ဆွေးနွေးနေဆဲ အဆင့်မှာသာ ရှိသေးပေမယ့် ဒါရိုက်တာ Bong နဲ့ ထုတ်လုပ်သူ McKay တို့က အင်္ဂလိပ်စကားပြော စီးရီး အဖြစ်သာ ဖန်တီးလိုစိတ် ရှိတယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အမှုဆောင်ထုတ်လုပ်သူတွေ အဖြစ် ပါဝင်လာမယ်လို့လည်း ဆိုပါတယ်။ ဒါရိုက်တာ Bong ဟာ “Host”, “Snowpiercer” နဲ့ “Okja” လိုမျိုး ရုပ်ရှင်တွေကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။

Ref: hollywoodreporter

You may also like these stories:

ပထမဆုံးရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ ကိုရီးယား မင်းသမီး Choi Ji-woo

ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်မယ့် “Parasite” ရုပ်ရှင်ကားထဲက မင်းသမီး နှစ်ဦး

နိုင်ငံခြားစကားပြော ရုပ်ရှင်ဆုအတွက် အော်စကာ ပဏာမ ဆန်ခါတင် စာရင်းဝင်တဲ့ “Parasite” ရုပ်ရှင်

Did you find apk for android? You can find new Free Android Games and apps.
Loading