Entertainment

"ပရိသတ်ကို ရယ်စေ၊ ပျော်စေချင်လို့ ဟာသကားတွေ အရိုက်များတာ"လို့ ပြည်ဟိန်းသီဟ ပြော

Want create site? Find Free WordPress Themes and plugins.

ကျေးလက်ဟာသတွေ ရိုက်ရတာ သဘောကျတယ်ဆိုတဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ဟာသကားတွေ ရိုက်တဲ့ ရည်ရွယ်ချက်က ပရိသတ်တွေ ရယ်စေ ပျော်စေချင်လို့ ရိုက်ဖြစ်တာလို့ ဆိုပါတယ်။

“ကျနော်ကိုယ်တိုင်က ကျေးလက် ဟာသကားလေးတွေကို ရိုက်ရတာ သဘောကျတယ်။ အဲ့အတွက် ကျေးလက်ဟာသလေးတွေ ရိုက်ဖြစ်တာပါ။ ဟာသကား ရည်ရွယ်ချက်က ပရိသတ်ကို ရယ်စေချင်တာ၊ ပျော်စေချင်တာပါ။ ဟာသကား အဓိပ္ပာယ် ရှိချင်မှလည်း ရှိမယ်။ သဘာဝကျချင်မှလည်း ကျမယ်။ မွန်းကြပ်မှုတွေ၊ အပူတွေ၊ သောကတွေ၊ ဒုက္ခတွေ ကြားထဲမှာ ဟာသကားတကားကို ကြည့်လိုက်ရလို့ ရယ်သွားတယ်၊ ပျော်ရွှင်သွားတယ်ဆိုရင် ကျေနပ်ပါတယ်”လို့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောပါတယ်။

ကျေးလက်ဟာသ ဇာတ်ကားဖြစ်တဲ့ “ရွာကျော်မိကဲ” ဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ ပြည်ဟိန်းသီက ဒီဇာတ်ကားနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“ရွာကျော်မိကဲ ရိုက်ထားတာ ၃ နှစ်လောက်တော့ ရှိပြီ။ ကျနော်တို့ ဟာသကားကတော့ နှစ်ကာလတွေ ကြာတယ် ဆိုပေမယ့် Update နဲ့တော့ သိပ်တော့ မဆိုင်ဘူး။ ဟာသကားဆိုတာ ရယ်စေချင်တာ ပျော်စေချင်တာ။ ရယ်စရာကားကတော့ ဘယ်ချိန်ကြည့်ကြည့် ရယ်ရမယ်၊ ပျော်ရမှာပေါ့”

“ဇာတ်ကားထဲမှာဆို ရွာထဲက အုပ်ချုပ်ရေးနေရာက ကိုခန့်စည်သူ၊ အရင်တုန်းက အုပ်ချုပ်ရေးမှူး ရှိခဲ့တာကို ရိုက်ထားတာကို အခုခေတ် အုပ်ချုပ်ရေးမှုးတွေက ဒီလိုပဲလားဆိုတဲ့ ဟာတော့ ဝေန်စရာလေးတွေ ရှိလာနိင်တယ်။ ဒါမျိုးကျတော့ အခုခေတ်နဲ့တော့ Update ဖြစ်ချင်မှဖြစ်မယ်။ ရွာကျော်မိကဲ ဇာတ်ကားမှာ ဟာသအပြင် ပညာပေးလေးလည်း ပါပါတယ်”လို့ ပြည်ဟိန်းသီဟက ဆိုပါတယ်။

မြန်မာရုပ်ရှင် ပရိသတ်တွေက မင်းသား၊ မင်းသမီးကို ကြည့်ချင်တာများတဲ့ ပရိသတ်တွေ ပိုများပြီး ထုတ်လုပ်သူတွေ တကယ် ထုတ်ရိုက်မယ်ဆို ရုပ်ရှင်လုပ်ငန်းကို လေ့လာပါလို့ ဆိုပါတယ်။

“အခုနောက်ပိုင်း ပရိသတ်တွေ အားပေးမှု အပိုင်းမှာ ဟာသကားတွေ လက်ခံဦးမလား။ အားပေးဦးမလားဆိုတာ တကယ်တမ်း လက်တွေ့ရုံတင်မှပဲ သိမှာ။ ကျနော်တို့ကတော့ ရိုက်ပြီးသားဆိုတော့ ကျနော်တို့ တန်းစီစနစ်နဲ့ ရုံတင်ဖို့ ရောက်လာတယ်။ ပြသခွင့် ရတယ်။ ကျနော်တို့ကတော့ ကိုယ်ရိုက်တဲ့ကား မြန်မြန်ရုံတင်ခွင့်ရတာတော့ ဝမ်းသာတာပေါ့”လို့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ဆိုပါတယ်။

ဆက်လက်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟက ဇာတ်ကားတွေမှာ သရုပ်ဆောင် အသစ်တွေကို ကြိုဆိုထာတက် လက်ရှိပေါက်နေတဲ့ မင်းသား၊ မင်းသမီးတွေအပေါ် ပရိသတ်အစွဲကလည်း ရှိတယ်လို့ ဆိုပါတယ်။

“နှစ်အရမ်းကြာမှ တင်ခွင့်ရရင်တော့ မကောင်းဘူးပေါ့။ သရုပ်ဆောင်အသစ်တွေကို ကြိုဆိုတယ်ဆိုတာထက် ဇာတ်ကားကို ရွေးချယ်လာတာပါ။ တချို့တွေ ရိုက်ပြတယ်၊ ဇာတ်ကားတွေ အရမ်းကောင်းတယ်။ ဒါပေမယ့်ဝင်ငွေ မရခဲ့တာတွေလည်း ရှိပါတယ်။ ဒါကတော့ ပရိသတ်ကို မူတည်တာပေါ့။ မင်းသား၊ မင်းသမီး လက်ကျန်အစွဲကတော့ ၈၅ ရာခိုင်နှုန်းလောက် ရှိနေကြသေးတယ်”

“ကျနော့်ကို ထုတ်လုပ်သူတယောက် ကမ်းလှမ်းတယ်။ ဇာတ်ကားရိုက်ရင် ကျနော်တို့ ပိုက်ဆံတော့ ရပါတယ်။ ဒါပေမယ့် ကျနော် ရိုက်ပေးတဲ့ ကားက ရုံတင်လို့ ရှုံးသွားတယ်ဆိုရင် ထုတ်လုပ်သူကလည်း ငွေအများရင်းထားရတာ။ အဲ့တော့ တကယ်ရိုက်မယ်ဆို ရုပ်ရှင်လုပ်ငန်းကို လေ့လာပါ။ လက်ရှိ ဘယ်မင်းသားတွေ ရုံပေါ်ရောက်တယ်။ ဘယ်ကားတွေ ဝင်ငွေ ဘယ်လောက်ရလဲဆိုတာ၊ ဘာလုပ်သင့်လဲဆိုတာ ထဲထဲဝင်ဝင် လေ့လာပြီးမှ လုပ်ပါ”လို့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောပါတယ်။

ဒါရိုက်တာ ပြည်ဟိန်းသီဟကတော့ ဟာသကားတွေကို အများဆုံး ရိုက်ကူးနေတဲ့ ဒါရိုက်တာ တယောက် ဖြစ်ပါတယ်။ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “ရွာကျော်မိကဲ” ဇာတ်ကားကိုတော့ ဇန်နဝါရီလ ၉ ရက်နေ့မှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

You may also like these stories:

“အမျှ အမျှ” ရုပ်ရှင်မှာ လူနည်းနည်းနဲ့ ရိုက်ခဲ့တာ အမှတ်တရပါပဲလို့ ခန့်စည်သူ ပြော

မိဘမေတ္တာ ဖော်ကျူးတဲ့ ရုပ်ရှင်ကားတွေကိုပဲ ရိုက်ချင်တော့တဲ့ လင်းဇာနည်ဇော်

“မြန်မာပေါကားတွေရပ်” ရုပ်ရှင်ကားကို ရုံတင်မယ့်အကြောင်း ပြောပြတဲ့ လင်းဇာနည်ဇော်

Did you find apk for android? You can find new Free Android Games and apps.
Loading