Entertainment

အနေဝေးတဲ့ ချစ်ခြင်းတွေကလည်း တည်မြဲနိုင်ကြောင်း သက်သေပြခဲ့တဲ့ ကမ္ဘာကျော်များ

အနုပညာသည်တော်တော်များများရဲ့ ချစ်ကြိုက်ကွဲဇာတ်လမ်းတွေဟာ အချိန်တိုလေးအတွင်းမှာပဲ ဖြစ်ပျက်တတ်ပါတယ်။ အနုပညာရှင်ဆိုတာ ပရိသတ်များရဲ့ အားကျအတုယူခြင်းကို ခံရလေ့ရှိသူတွေ ဖြစ်လို့ သူတို့ရဲ့ ချစ်ဇာတ်လမ်းတွေကိုလည်း အတုယူပြီးနေထိုင်တဲ့ ပရိသတ်တွေ ရှိနေမှာသေချာပါတယ်။

ဒါပေမယ့်  Long Distance Relationship လို့ ခေါ်တဲ့ အနေဝေးတဲ့ချစ်ခြင်းကတောင် ခိုင်မြဲနိုင်ပါတယ်ဆိုတဲ့ ကမ္ဘာကျော်တွေလည်း ရှိနေပါတယ်။ ဒါကြောင့် အနေဝေးနေပေမယ့် ချစ်ခြင်းမေတ္တာခိုင်မြဲနေဆဲဖြစ်တဲ့ ကမ္ဘာကျော်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Emily Blunt နဲ့ John Krasinski

၂၀၀၈ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ပြီး ချစ်ကြိုက်ခဲ့ကြတဲ့ သူတို့ ၂ယောက်ဟာ ရုပ်ရှင်ရိုက်ကူးရေးတွေကြောင့် တယောက်တနိုင်ငံစီနေခဲ့ရပြီး အမြဲမတွေ့နိုင်ခဲ့ပေမယ့် အချစ်တွေကတော့ လျော့မသွားကြပါဘူး။ လက်ထပ်ပြီးနောက်မှာတောင် အချိန်ပြည့်အတူမရှိနိုင်ခဲ့ပေမယ့် သစ္စာရှိရှိချစ်နေတဲ့ စုံတွဲတွေဖြစ်ပါတယ်။

သူတို့ရဲ့ လက်ထပ်ခြင်းဟာ ဆယ်စုနှစ် ၁ခုကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ချစ်စရာကလေး၂ယောက်နဲ့ သာယာတဲ့ အိမ်ထောင်စုတခုကို တည်ထောင်ထားနိုင်ကြပါတယ်။  သူတို့ ၂ယောက်လုံး ပါဝင်သရုပ်ဆောင်ထားတဲ့ The Quite Place ရုပ်ရှင်ကလည်း အောင်မြင်တဲ့ ရုပ်ရှင်တကားဖြစ်ခဲ့ပါတယ်။

(၂) Victoria နဲ့ David Beckham

လူတိုင်းအားကျရတဲ့ Victoria နဲ့ David Beckham တို့စုံတွဲဟာလည်း အနေဝေးတဲ့ ချစ်ခြင်းက ခိုင်မြဲနိုင်ကြောင်း သက်သေပြခဲ့တဲ့ စုံတွဲတွေထဲမှာ ပါဝင်ပါတယ်။ အားလုံးသိတဲ့အတိုင်း အဆင်မပြေခြင်းတွေနဲ့ သူတို့ရဲ့ မိသားစုဘဝကို စတင်ခဲ့ရပါတယ်။ သမီးရည်းစားအဖြစ် တွဲနေချိန်မှာလည်း ဒေးဗစ်ဘက်ခမ်းက ကယ်လီဖိုးနီးယားမှာ အချိန်အကြာကြီး နေခဲ့ရပြီး ဗစ်တိုးရီးယားကလည်း လန်ဒန်မှာ နေထိုင်ခဲ့ရပါတယ်။

သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ဆယ်စုနှစ် ၂ခုတောင် ကြာမြင့်နေပြီဖြစ်ပြီး သားသမီး ၄ ယောက်ကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

(၃) Blake Lively နဲ့ Ryan Reynolds

လူမှုကွန်ရက်မှာ အမြဲ ပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကို ခံရတဲ့ စုံတွဲ ဖြစ်တဲ့ Blake Lively နဲ့ Ryan Reynolds တို့စုံတွဲကလည်း သူငယ်ချင်းဘဝက စတင်ပြီးနောက် ချစ်သူတွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ချစ်သူတွေ ဖြစ်ပြီး နောက်မှာတော့ အလုပ်ကိစ္စတွေနဲ့ တယောက် တနိုင်ငံစီ နေခဲ့ရပေမယ့် အချစ်မပျက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ လက်ထပ်ပြီး ကလေးတွေ ရရှိပြီးတဲ့ နောက်မှာတောင် အချင်းချင်း အမြဲစနောက်လေ့ရှိတာကြောင့် လူမှုကွန်ရက်မှာ ရေပန်းစားတဲ့ ကမ္ဘာကျော်တွေလည်း ဖြစ်ပါတယ်။

Ref. Brightside

You may also like these stories:
Loading