အဆိုတော် Zayn Malik နဲ့ မော်ဒယ် Gigi Hadid တို့ဟာ အဆိုတော် Zayn ရဲ့ မွေးနေ့ ကျင်းပတဲ့အချိန်မှာ တော်တော်လေးကို ချစ်ချစ်ခင်ခင် ရှိနေတာကို မြင်တွေ့ခဲ့ကြရပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။ အခုတော့ သူတို့နှစ်ဦးဟာ အတူပြန်တွဲနေတာ တော်တော်လေးကို ပျော်ရွှင်နေပုံရတယ်ဆိုပြီး Daily Mail သတင်းမှာ ဖော်ပြပါတယ်။
သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက နယူးယောက်မြို့မှာ မြင်တွေ့ခဲ့ကြရတာ ဖြစ်ပြီး Gigi ရဲ့ ညီမဖြစ်သူ Bella Hadid ၊ မိခင် Yolanda Hadid ၊ အဆိုတော် Dua Lipa တို့နဲ့အတူ မြေထဲပင်လယ်-အီတလီ စားသောက်ဆိုင် တဆိုင်မှာ အဆိုတော် Zayn ရဲ့ မွေးနေ့ကို ကျင်းပဖို့ ထွက်လာခဲ့ကြတာကို မြင်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။
သူတို့နှစ်ဦး ပထမဆုံး လက်တွဲပြီး သွားခဲ့တဲ့ ပုံရိပ်ကိုတော့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက ပထမဆုံးမြင်တွေ့ခဲ့ကြရတာပါ။ အဲ့ဒီနောက်တော့ အဆိုတော် Zayn ဟာ Perrie Edwards နဲ့ အချစ်ရေးကို အဆုံးသတ်လိုက်ပြီး မော်ဒယ် Gigi ကတော့ အဆိုတော် Joe Jonas နဲ့ လမ်းခွဲခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ၂၀၁၈ ခုနှစ်၊ မတ်လမှာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ပထမဆုံး ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီနောက်လမှာပဲ သူတို့နှစ်ဦးကို အတူတူ ပြန်တွေ့ခဲ့ကြရပါတယ်။ အဲ့ဒီနှစ် နိုဝင်ဘာလမှာတော့ သူတို့နှစ်ဦးဟာ အပြီးတိုင် လမ်းခွဲလိုက်ကြတဲ့ပုံစံမျိုး ဖြစ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလရောက်မှသာ သူတို့နှစ်ဦး လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းကို အတည်ပြုခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ တွဲနေတာမျိုး မဟုတ်တော့ပေမယ့် ပြီးခဲ့တဲ့နှစ် တနှစ်လုံးမှာ သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာတော့ Zayn ရဲ့ မိခင်ဖြစ်သူထံမှ နည်းလမ်းအတိုင်း အခြေခံပြီး သူကိုယ်တိုင် ချက်ပြုတ်ထားတဲ့ အစားအစာ ပုံတပုံကို Gigi က မျှဝေခဲ့ပြီးနောက် သူတို့နှစ်ဦး ပြန်တွဲနေကြပြီလို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီပုံထဲမှာလည်း Zayn ရဲ့ မိခင်ကို Tag တွဲပေးထားခဲ့ပါတယ်။ အခုတော့ သူတို့နှစ်ဦးဟာ နှစ်ဖက်အသိုင်းအဝန်းရှေ့မှာ လက်ချင်းချိတ်ပြီး လမ်းလျှောက်နေကြပြီ ဖြစ်ပါတယ်။
Ref: hindustantimes
You may also like these stories:
ရုပ်ရှင်ကြည့်ရင်း ငိုတတ်သူတွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်ကားများ
တောင်ကိုရီးယား ရုပ်ရှင်နဲ့ စီးရီးတွေထဲမှာ အသုံးချခံဖြစ်လာတဲ့ မြောက်ကိုရီးယား
မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ “Star Wars” ကို ကျော်တက်နိုင်ခဲ့တဲ့ “1917” ရုပ်ရှင်