Doctor Strange နောက်ဆက်တွဲ ရုပ်ရှင်ကို ရိုက်ကူးဖို့ တာဝန်ယူထားတဲ့ ဒါရိုက်တာ Scott Derrickson နုတ်ထွက်ခဲ့ပြီ ဖြစ်ပေမယ့် Marvel Studio အနေနဲ့ ရိုက်ကူးရေးကို သိပ်မကြာခင် စတင်ဖို့ စီစဉ်နေပြီ ဖြစ်သလို ၂၀၂၁ခုနှစ် မေလမှာ ထွက်ရှိလာဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဇာတ်အိမ် တည်ဆောက်မှုနဲ့ ဇာတ်ညွှန်းပိုင်ဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို Marvel အနေနဲ့ အတည်ပြုခဲ့ပြီးဖြစ်လို့ အကောင်အထည်ဖော်ဖို့သာ ကျန်ရှိတော့တာပါ။
Doctor Strange နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်လာဖို့ရှိနေတဲ့ အဓိက ဗီလိန်တွေမှာမှ Nightmare ဇာတ်ကောင် ရှိနေတာဖြစ်တယ်လို့ နီးစပ်ရာ အသိုင်းအဝိုင်းမှာ သတင်းတချို့ထွက်ပေါ်နေခဲ့တာပါ။ ဒါ့အပြင် Nightmare ရဲ့ လက်ထောက်တွေဖြစ်ကြတဲ့ Voodoo နဲ့ Umar တို့ကိုလည်း တွေ့မြင်ရဖို့ရှိနေတာဖြစ်ပြီး Doctor Strange အတွက် အနှောင့်အယှက် ကောင်းကောင်းပေးနိုင်တဲ့ ဗီလိန်တွေဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး။
ရုပ်ပြမှာ ပါဝင်ခဲ့တဲ့အတိုင်း ဗီလိန်ဇာတ်ကောင်တွေကို ထည့်သွင်း အသုံးပြုထားတာဖြစ်ပေမယ့် ရုပ်ရှင်ဖန်တီးမှု အပိုင်းမှာတော့ ကွဲလွဲမှုတချို့ရှိနေနိုင်တာ ဖြစ်ပါတယ်။ Marvel အနေနဲ့ ဗီလိန်ဇာတ်ကောင်တွေထဲကမှ Umar ကို အဓိကထား မိတ်ဆက်ဖို့ စီစဉ်ထားပြီး Voodoo ကို ရုပ်ပြထဲမှာတော့ ဗီလိန်ထက် စူပါဟီးရိုးပုံစံအတိုင်း ရေးဆွဲခဲ့တာဖြစ်လို့ ရုပ်ရှင်အတွက် အားစိုက်ထုတ်မှုတခုကို ပရိသတ်တွေ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
Doctor Strange ပထမဆုံးရုပ်ရှင်နဲ့ ချိတ်ဆက်မှု တချို့တလေ ပြုလုပ်ထားတာဖြစ်တဲ့အပြင် Dracula ဇာတ်ကောင်ကိုပါ တစိတ်တဒေသ တွေ့မြင်ရဖိုရှိနေတာကလည်း စိတ်ဝင်စားစရာ သတင်းတခုပဲ ဖြစ်ပါတယ်။ Dracula ဇာတ်ကောင်ကို Blade ရုပ်ရှင်အသစ်မှာ တွေ့မြင်ရဖို့လည်း ရှိနေတာကြောင့် Doctor Strange နောက်ဆက်တွဲရုပ်ရှင်မှာ ဇာတ်ဝင်ခန်း အနည်းငယ်သာ တွေ့မြင်ရနိုင်ခြေ ရှိတာပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Doctor Strange ဒါရိုက်တာ နုတ်ထွက်ခဲ့ခြင်းအပေါ် အံ့အားသင့်ခဲ့ကြရတဲ့ Marvel ပရိသတ်များ
Doctor Strange နောက်ဆက်တွဲရုပ်ရှင်မှာ ဇာတ်ကောင်အသစ် မိတ်ဆက်မယ့် Marvel
Blade ထဲက ဗီလိန်ဇာတ်ကောင်အဖြစ် ပါဝင်လာနိုင်ဖွယ်ရှိနေတဲ့ Doctor Strange 2