Entertainment

Netflix မှာ လာမယ့် ၃ နှစ်အတွင်း ကိုရီးယားဒရာမာ ၄၀ ကျော် ပြသဖို့ရှိနေ

ကမ္ဘာ့အကြီးမားဆုံး Streaming ဖျော်ဖြေရေး ဝန်ဆောင်မှုဖြစ်တဲ့ Netflix ဟာ Studio Dragon နဲ့ Jcontentree တို့လိုမျိုး ကိုရီးယားဒရာမာ ထုတ်လုပ်ရေးကုမ္ပဏီနှစ်ခုနဲ့ ကာလရှည် သဘောတူညီချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့တဲ့အတွက် တောင်ကိုရီးယား ရုပ်သံထုတ်လုပ်ရေးအဖွဲ့တွေဟာ ကမ္ဘာ့ဈေးကွက်ထဲကို ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ချုပ်ဆိုထားပြီး ပမာဏဖော်ပြမထားတဲ့ အဲ့ဒီစာချုပ်တွေအရ လာမယ့် ၃ နှစ်ကျော်ကာလအတွင်းမှာ Netflix ကနေ ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲ ၄၀ ကျော်ကို ပြသပေးနိုင်တော့မှာဖြစ်ပါတယ်။ Netflix ရဲ့ အခုလိုမျိုး စိတ်ဝင်တစားလုပ်ဆောင်မှုဟာ ကိုရီးယား ဒရာမာတွေကို ကမ္ဘာတဝန်းက သဘောကျ နှစ်ခြိုက်လာမှုကို ရောင်ပြန်ဟပ်နေတာ ဖြစ်ပါတယ်။

ကိုရီးယားရဲ့ ပထမဆုံး Netflix မူရင်းစီးရီးဖြစ်တဲ့ “Kingdom” ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာပြသခဲ့ပြီး ကမ္ဘာတဝန်း အထူးအောင်မြင်မှု ရရှိခဲ့ပါတယ်။ အဲ့ဒီသမိုင်းနောက်ခံ သဘာဝလွန် သည်းထိတ်ရင်ဖို ဒရာမာဟာ လူတန်းစား မညီမျှမှု၊ နိုင်ငံရေး အကျပ်အတည်းနဲ့ ဇွန်ဘီတွေအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ ဒုတိယမြောက် Season ကိုတော့ အခုနှစ် မတ်လမှာ ပြသဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် Studio Dragon ထုတ်လုပ်ရေးဟာလည်း အမေရိကန်မှာ အခြေစိုက်ပြီး နိုင်ငံရပ်ခြား နယ်ပယ်ချဲ့ထွင်မှုတွေကိုလည်း ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

“Memories of the AlHambra”

“Memories of the AlHambra” နဲ့ “Live” တို့လိုမျိုး နာမည်ကျော် ဒရာမာတချို့ကို ပြန်လည်ရိုက်ကူးဖို့ အမေရိကန်ဖြန့်ချိရေး ကုမ္ပဏီတချို့နဲ့ဆွေးနွေးနေတာမျိုး လည်းရှိပါတယ်။ Apple, Disney နဲ့ HBO တို့လိုမျိုး အွန်လိုင်းဗီဒီယိုကြည့်ဝန်ဆောင်မှုတွေကလည်း အာရှဈေးကွက်ဖက်ကို ရည်ရွယ်ထိုးဖောက်လာတာမျိုးတွေလည်း ရှိပါတယ်။

Netflix ရဲ့ ကန်ထရိုက်စာချုပ်တွေအရ ကိုရီးယားယဉ်ကျေးမှုအခြေခံတဲ့ လုပ်ငန်းအတွက်တော့ သတင်းကောင်း ဖြစ်ပြီး တရုတ်နိုင်ငံလိုမျိုး ဈေးကွက်ကြီးထဲအထိပါ ဝင်ရောက်ခြေလှမ်းနိုင်ဖို့ လမ်းစလည်း ဖြစ်လာပါတယ်။ တရုတ်နိုင်ငံမှာတော့ K-pop, K-dramas နဲ့ K-games တို့လိုမျိုး အစီအစဉ်တွေဟာ အထူးရေပန်းစား အောင်မြင်နေခဲ့တာ ကာလတခုအထိ ရှိနေခဲ့ပြီး ဖြစ်ပါတယ်။

Ref: asiatimes

You may also like these stories:

အော်စကာဆု ဆန်ခါတင်စာရင်းမှာ “Joker” ရုပ်ရှင် ထိပ်ဆုံးမှ ဦးဆောင်

“Parasite” ရုပ်ရှင်ကို HBO ရဲ့ Limited စီးရီးအဖြစ် ပြန်လည်ဖန်တီးဖို့ ရှိနေ

Netflix ရဲ့ “Kingdom” စီးရီး Season 2 အမြည်းဗီဒီယိုတွေ ထွက်ရှိလာ

Loading