၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ဖူးတဲ့ A Quiet Place ရုပ်ရှင်ဟာ Drama, Horror, Sci-Fi အမျိုးအစား ရုပ်ရှင်တကားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ Emily Blunt, John Krasinski တို့အပြင် တခြားသရုပ်ဆောင်တွေလည်း ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။
မင်းသား John Krasinski ကိုယ်တိုင်ပဲ ဒါရိုက်တာအနေနဲ့ တာဝန်ယူရိုက်ကူးခဲ့တဲ့ A Quiet Place ရုပ်ရှင်ဟာ သည်းထိတ်ရင်ဖို ရုပ်ရှင်ကြိုက်နှစ်သက်သူတွေအတွက် ပြောစမှတ်တခုဖြစ်ခဲ့ရသလို ငွေကြေးအရလည်း အောင်မြင်မှုတချို့ရှိခဲ့ပါတယ်။
ပထမရုပ်ရှင် A Quiet Place ထွက်ရှိခဲ့ပြီးသိပ်မကြာခင်အချိန်မှာပဲ Horror ပရိသတ်တွေအတွက် နောက်ဆက်တွဲရုပ်ရှင် ဆက်လက်ထုတ်လုပ်မှာဖြစ်တယ်လို့ တရားဝင် သတင်းထွက်ပေါ်ခဲ့တာကြောင့် “A Quiet Place: Part II” ကို စောင့်မျှော်နေခဲ့ကြရတာပါ။
Abbott မိသားစုရဲ့ ကမ္ဘာ့ပျက်ကပ်အတွင်းက လှုပ်ရှားရုန်းကန်ရမှုကို ဆက်လက် ဆွဲဆန့် ဇာတ်အိမ်တည်ထားတဲ့ နောက်ဆက်တွဲရုပ်ရှင်ကို ၂၀၂၀ ခုနှစ် မတ်လမှာ စတင်ပြသမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီလည်း ဖြစ်ပါတယ်။
နောက်ဆက်တွဲရုပ်ရှင်မှာ မူရင်းသရုပ်ဆောင်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်မယ့် သရုပ်ဆောင်ကြောင့်လည်း A Quiet Place ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ရတာပါ။ သူကတော့ Peaky Blinders တီဗီစီးရီးနဲ့အတူ တဟုန်ထိုး အောင်မြင်မှုရရှိခဲ့တဲ့ မင်းသား Cillian Murphy ပဲဖြစ်ပြီး A Quiet Place နောက်ဆက်တွဲရုပ်ရှင်မှာ ဇာတ်ကောင်သစ်နေရာကနေ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
စွန့်ပစ်ခံခဲ့ရတဲ့ လူတွေကရော ကယ်တင်ဖို့ ထိုက်တန်မှု မရှိဘူးလားဆိုတဲ့ ဇာတ်ကောင် စရိုက်နဲ့အတူ Cillian Murphy ကို ပိတ်ကားထက် တွေ့မြင်ကြရမှာဖြစ်ပြီး A Quiet Place ရဲ့ ပရိသတ်ကို ဖမ်းစားနိုင်မှုအပိုင်းဟာ ပိုမိုမြင့်တက်လာဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။
“A Quiet Place: Part II” မှာ ပါဝင်တဲ့ ဇာတ်ကောင်သစ် Emmet အဖြစ် Cillian Murphy ရဲ့ ပုံပန်းသွင်ပြင်ကို Total Film ကနေ ပြန်လည် မျှဝေခဲ့ပြီး နောက်ဆက်တွဲရုပ်ရှင်ရဲ့ အဓိကအကျဆုံး အပိုင်းကို တာဝန်ယူ သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
Horror ပရိသတ်တွေရော တခြား ရုပ်ရှင်ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတဲ့ “A Quiet Place” ဟာ Cillian Murphy နဲ့အတူ ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
နောက်ဆက်တွဲရုပ်ရှင် ထပ်မံ ထွက်ရှိလာမယ့် “A Quiet Place” ရုပ်ရှင်
“The Rock” ဖြစ်တည်လာပုံ ရိုက်ကူးမယ့် ဟာသစီးရီးမှာ မင်းသား Dwayne Johnson ပါဝင်မည်
အော်စကာဆု ဆန်ခါတင်စာရင်းမှာ “Joker” ရုပ်ရှင် ထိပ်ဆုံးမှ ဦးဆောင်