Entertainment

ပိုင်တံခွန်နဲ့ ရုပ်ရှင် တွဲရိုက်မယ့်အကြောင်း ပြောပြတဲ့ ဒါရိုက်တာ ကိုပေါက်

Want create site? Find Free WordPress Themes and plugins.

ပိုင်တံခွန်ရဲ့ပထမဆုံးရုပ်ရှင် ဇာတ်ကားဖြစ်တဲ့ “အိပ်မက်မြစ်”ကို ရိုက်ကူးမယ့် ဒါရိုက်တာ ကိုပေါက်က ပိုင်တံခွန်နဲ့ တွဲဖက် ရိုက်ကူးမယ့် အကြောင်းကို ပြောပြခဲ့ပါတယ်။

“ပိုင်တံခွန်က လက်ရှိမှာ အောင်မြင်နေတဲ့ အနုပညာရှင်တယောက် ဖြစ်တယ်။ ရုပ်ရှင်ကျတော့ အတွေ့အကြုံ အရမ်းနည်းတော့ အဲ့တော့ သူ့အတွက်ကို ပြင်ဆင်မှုတွေကို ကုမ္ပဏီဘက်ကရော ကျနော်တို့ဘက်ကရော အချိန်အများကြီး ပေးပြီး ပံ့ပိုးပေးထားတယ်။ ကစ်ကစ်နဲ့ သူနဲ့ အတွဲလေးကလည်း လတ်ဆတ်တယ်။ သူတို့ နှစ်ယောက်ကို “အိပ်မက်မြစ်”ထဲ အတူတူ စီးဆင်းဖို့ ခေါ်ဆောင်သွားရမှာပေါ့” လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

ပိုင်တံခွန်ကိုတော့ တခြားသူများက သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ဝေဖန်ကြပေမယ့် ဒီဝေဖန်မှုများကတော့ သူ့အတွက် စိန်ခေါ်မှုတခုဖြစ်တယ်လို့ ဆိုပါတယ်။

“ပိုင်တံခွန်ကို သူများတွေက ပြောကြတယ်။ စကားလည်း မပီဘူး။ အိုက်တင်လည်း မရဘူးပေါ့။ ဘာဖြစ်လို့ ရိုက်မှာလဲပေါ့ ပြောကြတယ်။ အဲဒါတွေက ကျနော့်အတွက် စိန်ခေါ်မှုပဲ။ ဟိုးအရင်ကလည်း စိန်ခေါ်မှုတွေ လုပ်ခဲ့ပြီးသွားပြီ။ “မိုးပန်းပွင့်ရဲ့သင်္ကေတ” ဆိုရင်လည်း အသစ်တွေနဲ့ ရိုက်ခဲ့တယ်။ နောက်လည်း အသစ်တွေနဲ့ ရိုက်ဖို့ရှိတယ်။ တကားနဲ့ တကား စိန်ခေါ်မှုတွေနဲ့ သွားချင်တဲ့အတွက် အသစ်အဆန်းလေးတွေ လုပ်ချင်တာပေါ့”လို့ ကိုပေါက်က ပြောပါတယ်။

အဆိုပါ “အိပ်မက်မြစ်” ရုပ်ရှင်ဇာတ်ကားကိုတော့ ရန်ကုန်၊ ကလော၊ အောင်ပန်း၊ တောင်ကြီးတို့မှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

“ဒီကားလေးကတော့ Romance, Suspense ပေါ့။ ကျနော် ဗီဒီယိုတွေ ရိုက်တုန်းက အများကြီး ဒီလိုဇာတ်မျိုး ရိုက်ခဲ့ဖူးတယ်။ ရုပ်ရှင်မှာတော့ ဒီလိုဇာတ်မျိုးက ပထမဆုံးရိုက်ဖြစ်မှာပါ။ အရမ်းချစ်တတ်တဲ့ ပိုင်တံခွန်နဲ့ မိဘတွေရဲ့ (အမေ) ချစ်ခင်မှုကို မရတဲ့ ကစ်ကစ်တို့တွေ့ကြတဲ့ အချစ်ဇာတ်ကားလေးပေါ့။ ဒီဇာတ်ကားကိုတော့ ကျနော် ရန်ကုန်မှာ ရိုက်မယ်။ ကလော၊ အောင်ပန်း၊ တောင်ကြီးမှာ ရိုက်မယ်”လို့ ကိုပေါက်က ပြောပါတယ်။

ဒါရိုက်တာ ကိုပေါက် အနေနဲ့ကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားများစွာကို သရုပ်ဆောင်၊ ရိုက်ကူးလာတဲ့ အနုပညာသက်တမ်း ၂၅ နှစ်ရှိပြီဖြစ်ပေမယ့် သင်ယူနေဆဲပဲဖြစ်တယ်လို့ ဆိုပါတယ်။

“လူတိုင်းလူတိုင်းက မော်ဒယ်နိမ့်ရင် သိပ်မစီးချင်ကြဘူး။ ကားဆိုရင်တောင် မော်ဒယ်အသစ်တောင် ဇီးရိုးကီလိုကို စီးချင်တာ။ အခု ကျနော် အသက် ၄၆ နှစ် ရှိပြီ။ ရုပ်ရှင်လောကရောက်တာ ၂၅ နှစ် ရှိပြီ။ ဒါပေမဲ့ အခုအချိန်ထိ သရုပ်ဆောင် ပညာလည်း သင်နေတုန်းပဲ။ သူများဆီက ဘာသင်ရမလဲ သင်နေတုန်းပဲ။ သင်ယူမှုက လုံးဝ ရပ်မသွားဘူး”

“ကျနော့်ထက် ငယ်တဲ့သူဆီကလည်း ကျနော် မတတ်တဲ့ပညာ သူတတ်ရင် ငယ်တဲ့သူဆီက သင်ရမယ်ဆိုရင်လည်း ကျနော် မရှက်ဘူး။ အဲ့လို သင်ယူနေတာဖြစ်လို့လည်း ခေတ်နဲ့ Update ဖြစ်တယ်နဲ့ တူပါတယ်” လို့ ကိုပေါက်က ပြောပါတယ်။

၂၀၂၀ အတွင်းမှာတော့ ဟာသကား ရိုက်ကူးမှု နည်းပါးပြီး Romance, Drama, Suspense ကားများကို ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

You may also like these stories:

ဧပြီလအတွင်းမှာ မင်္ဂလာဆောင်မယ့် အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲ

ဒွေးနဲ့ ကျော်ဟိန်းတို့ မရိုက်ဖြစ်ခဲ့တဲ့ “ငါတို့သည်” ရုပ်ရှင်မှာ ပါဝင်ရလို့ ဂုဏ်ယူနေတဲ့ ထွန်းကိုကို

“လင်းလင်းရဲ့ ခင်ပွန်းကြီး ၁၀ ပါးမှာ မိုးဟေကို ပါတယ်”လို့ မိတ်ကပ် လင်းလင်း ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading