• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Russo Brothers ရိုက်ကူးမယ့် လျှို့ဝှက်ထောက်လှမ်းရေး စီးရီးမှာ ပါဝင်မယ့် Priyanka Chopra

by မစ်ကီ
15 January 2020
in Entertainment
A A
မင်းသမီး Priyanka Chopra

မင်းသမီး Priyanka Chopra

4.1k
VIEWS
Share on FacebookShare on Twitter

မင်းသမီး Priyanka Chopra နဲ့ မင်းသား Richard Madden တို့ဟာ Amazon ကနေ ပြသမယ့် ဒါရိုက်တာ Russo Brothers ညီအစ်ကိုရဲ့ စီးရီးတခုမှာ အဓိက ဇာတ်ဆောင်နေရာကနေ ပါဝင်မယ်လို့ သိရပါတယ်။ အဲ့ဒီကြေညာချက်ကို Television Critics Association ရဲ့ ဆောင်းရာသီ မီဒီယာ နယ်လှည့်အစီအစဉ်ကနေ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

စီးရီးနာမည်ကတော့ “Citadel” လို့ခေါ်ပြီး ဇာတ်လမ်း အသေးစိတ်ကိုတော့ ပြင်ဆင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ Amazon ကတော့ အဲ့ဒီစီးရီးဟာ မက္ကဆီကိုနိုင်ငံကနေ မြစ်ဖျားခံပြီး အိန္ဒိယမှာရော အီတလီမှာပါ ဗားရှင်းအသီးသီးနဲ့ ထုတ်လွှင့်ပြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.9k
မြိတ်မြို့

မြိတ်မြို့

11 May 2025
588
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
255

မင်းသား Madden နဲ့ မင်းသမီး Chopra တို့ဟာ အဲ့ဒီစီးရီးရဲ့ “Mothership” ဆိုတဲ့ အပိုင်းမှာ သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ အဲ့ဒီစီးရီးနဲ့ ပတ်သက်လို့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လကတည်းက ကြေညာထားခဲ့တာဖြစ်ပါတယ်။

Josh Appelbaum, André Nemec, Jeff Pinkner နဲ့ Scott Rosenberg တို့ဟာ အဲ့ဒီစီးရီးရဲ့ ဇာတ်ညွှန်းရေးသားသူနဲ့ အမှုဆောင် ထုတ်လုပ်သူတွေအဖြစ် ပါဝင်ကြမှာပါ။ ဒါရိုက်တာ Joe နဲ့ Anthony Russo ညီအစ်ကိုနှစ်ဦးကတော့ အမှုဆောင် ထုတ်လုပ်သူတွေအဖြစ် တာဝန်ထမ်းကြမှာပါ။

အဲ့ဒီ အီတလီစီးရီးကို Amazon Studios နဲ့ ITV Studios ရဲ့ Cattleya တို့က ပူးတွဲထုတ်လုပ်ကြမှာ ဖြစ်ပြီး အိန္ဒိယစီးရီးကိုတော့ Amazon စတူဒီယိုနဲ့အတူ Raj Nidimoru နဲ့ Krishna D.K. တို့က ထုတ်လုပ်ကြမှာဖြစ်ပါတယ်။

မင်းသမီး Chopra နဲ့ ခင်ပွန်း Nick Jonas တို့ဟာ Amazon နဲ့အတူ ဇာတ်ညွှန်းရေးသားရခြင်း မရှိသေးတဲ့ စီးရီးကို ထုတ်လုပ်နေခဲ့တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကြေညာထားပါတယ်။

မင်းသမီး Chopra ဟာ မယ်ကမ္ဘာဆုရှင်ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ABC ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ “Quantico” ဒရာမာစီးရီးမှာ ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်ခဲ့တဲ့ ပထမဆုံး ဘောလိဝုဒ်စတား ဖြစ်ပါတယ်။ သူဟာ အဲ့ဒီနောက်ပိုင်းမှာ ရုပ်ရှင်တော်တော်များများမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာ Universal နဲ့အတူ အိန္ဒိယ မင်္ဂလာပွဲ ဟာသဇာတ်မြူးရုပ်ရှင်ကို ဖန်တီးနေတယ်လို့လည်း သိရပါတယ်။

မင်းသား Madden ကတော့ BBC One ကနေ ထုတ်လွှင့်ခဲ့တဲ့ “Bodyguard” စီးရီးနဲ့ ရွှေကမ္ဘာလုံးဆုကို ရရှိထားပါတယ်။ သူဟာ “Game of Thrones” စီးရီးမှာ ပါဝင်ထားသလို “1917” နဲ့ “Rocketman” တို့လို နာမည်ကျော် ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ထားပါတယ်။ လက်ရှိမှာတော့ “The Eternals” ရုပ်ရှင်ရိုက်ကူးရေးကို လုပ်ဆောင်နေပါတယ်။

Ref:Variety

You may also like these stories:

Priyanka ရုပ်ရှင်ရိုက်နေလို့ လက်ထပ်ပွဲ ကိစ္စအ၀၀ကို စီစဉ်ခဲ့ရတဲ့ Nick Jonas

Marvel စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေတဲ့ မင်းသမီး Priyanka Chopra

၂၀၁၉ ရဲ့ အကောင်းဆုံး ဝတ်စားဆင်ယင်သူတွေအဖြစ် Priyanka Chopra တို့ စုံတွဲ သတ်မှတ်ခံရ

Your Thoughts …
Tags: Priyanka Chopraလျှို့ဝှက်ထောက်လှမ်းရေး စီးရီး
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မင်းသမီး Priyanka Chopra

အသားဖြူဝင်းအောင် ပြုလုပ်မှုကို ထောက်ခံတဲ့ ဘောလိဝုဒ် အနုပညာရှင်များ ဝေဖန်ခံရ

by မစ်ကီ
10 June 2020
5.9k

ဒါ့အပြင် အိန္ဒိယနိုင်ငံသားအချင်းချင်း အတူတူပင် ဖြစ်လင့်ကစား အသားအရေ ပိုမိုဖြူဝင်းသူကိုသာ အဓိက ရုပ်ရှင်ကြီးတွေမှာ သရုပ်ဆောင်တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

မင်းသမီး Priyanka Chopra ပါဝင်တဲ့ “The White Tiger” ရုပ်ရှင်

Priyanka Chopra ရဲ့ “The White Tiger” ရုပ်ရှင် Netflix မှာ လူကြိုက်အများဆုံး ဖြစ်နေ

by မစ်ကီ
28 January 2021
3.9k

The White Tiger” ရုပ်ရှင်ကို ဒါရိုက်တာ Ramin Bahrani ရိုက်ကူးခဲ့တာဖြစ်ပြီး ဝတ္ထုရေးဆရာ Aravind Adiga ရဲ့ ဝတ္ထုကို အခြေခံထားတာလည်း ဖြစ်ပါတယ်။

ထရမ့်ကို အိမ်ဖြူတော်မှ အင်အားသုံးဖယ်ရှားသည့်အထိ ဖြစ်လာမလား / Getty Images

ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ထရမ့် လက်မခံရင် ဘာဖြစ်မလဲ

by ဧရာဝတီ
8 November 2020
56.5k

ခေါင်းဆောင်သစ်က ခေါင်းဆောင်ဟောင်းကို အင်အားသုံးဖယ်ရှားရသည့် မြင်ကွင်းက အမေရိကန် ဒီမိုကရေစီအတွက် လွန်စွာ ရှက်စရာကောင်းမည်။

မင်းသမီး Priyanka Chopra ၊ အဆိုတော် စီလင်းဒီယွန်

စီလင်းဒီယွန်နဲ့အတူ ဟောလိဝုဒ် ရုပ်ရှင်ကားမှာ သရုပ်ဆောင်မယ့် Priyanka Chopra

by မစ်ကီ
28 October 2020
14.9k

အဲ့ဒီရုပ်ရှင်ဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "SMS Fur Dic" ဆိုတဲ့ ဂျာမန် ရုပ်ရှင်ကားကို အခြေခံထားပြီး ဒါရိုက်တာ Jim Strouse က ရိုက်ကူးမှာ ဖြစ်ပါတယ်။

Priyanka Chopra ရဲ့ ဖယောင်းရုပ်တု

လန်ဒန်မြို့ရှိ Madame Tussauds ပြတိုက်မှာ Priyanka Chopra ရဲ့ ဖယောင်းရုပ်တုဖွင့်လှစ်

by မစ်ကီ
19 June 2019
6.4k

မင်းသမီးက “ကျမ လန်ဒန်ကိုချစ်ပါတယ်။ Madame Tussauds London ရဲ့ အဖွဲ့နဲ့အတူ အလုပ်လုပ်ရတာ တော်တော်လေး ပျော်ဖို့ကောင်းပါတယ်” လို့ ဆိုပါတယ်။

မင်းသမီး Priyanka Chopra နဲ့ ခင်ပွန်းဖြစ်သူ Nick Jonas

ခင်ပွန်းဖြစ်သူ Nick Jonas နဲ့ အသက် ၁၀ နှစ် ကွာတာကြောင့် ဝေဖန်ခံနေရတဲ့ Priyanka Chopra

by မစ်ကီ
6 June 2019
8k

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ လက်ထပ်ခဲ့တဲ့အချိန်မှာတော့ သူတို့ရဲ့အချစ်တွေဟာ မစစ်မှန်ဘူး၊ သူတို့ နှစ်ယောက် တကယ်ချစ်ကြတာ မဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / Myanmar State Counsellor Office

ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်နီပြည်လူငယ်အင်အားစုများ သီးသန့် တွေ့ဆုံမည်

ကာတွန်း ပြိုင်တူတွန်းလျှင် ကားစီးနိုင်မည်

ကာတွန်း ပြိုင်တူတွန်းလျှင် ကားစီးနိုင်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate