Entertainment

"အရင်ထက် အခုအချိန်မှာ အိမ်စရိတ်တွေ ကာမိလာတယ်"လို့ မေမီကိုကို ပြော

Want create site? Find Free WordPress Themes and plugins.

အနုပညာလောကထဲ ရောက်ရှိလာတာ အချိန်အတိုင်းအတာ တခုအထိရှိပေမယ့် ယခုနောက်ပိုင်းမှာတော့ ပရိသတ်ရဲ့ ချစ်ခင်မှုများစွာ ရရှိလာတာကြောင့် ဇာတ်လမ်းတွဲများ ၊ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလာရတဲ့အတွက် အရင်ကထက် အခုအချိန်မှာ မိသားစုကို ပိုမိုထောက်ပံ့နိုင်ပြီး အိမ်စရိတ်လေးတွေ ကာမိလာတယ်လို့ မေမီကိုကိုက ပြောပါတယ်။

“မေမီကတော့ မေမီ့ရဲ့လစာဝင်တဲ့ ကတ်ရော၊ အနုပညာကြေးရော အိမ်ကိုပဲ အပ်ထားတာ။ ဘာမှ မယူဘူး။ ငယ်ငယ်လေး ကတည်းက အကျင့်ပေါ့။ မော်ဒယ်လုပ်ကတည်းက ကိုယ်ထမင်းစားဖို့ ထမင်းဖိုးပေးတဲ့ထဲကပဲ သုံးတယ်။ အဲဒါကိုပဲ ခြိုးခြံချွေတာပြီး သုံးတယ်။ အိမ်ကလည်း ကာရိုက်တာအတွက် လိုအပ်ရင် ပြန်ဝယ်ပေးတယ်”

“မိသားစုကလည်း ပြည့်စုံတဲ့ထဲမှာ မပါဘူး။ ကိုယ်ပေးတာလေးနဲ့ပဲ ကိုယ့်အိမ်ကို မကာတောင် မကာမိဘူးပြောရမယ်။ အရင်ကထက်တော့ အခုအချိန်မှာ အိမ်စရိတ်လေးတော့ ကာမိလာတယ်။ မိသားစု အဆင်ပြေနေရင် ကိုယ်လည်း အဆင်ပြေနေတာပါပဲ။ ကုသိုလ်လည်းရ ဝမ်းလည်းဝပေါ့” လို့ မေမီကိုကိုက ပြောပါတယ်။

အနုပညာအလုပ် လုပ်ဖို့အတွက် စိတ်အရမ်း ရင်းရပြီး ရရှိလာတဲ့ အနုပညာကြေးနဲ့ မိသားစုကိုထောက်ပံ့ပေးရတဲ့အတွက် ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။

“ငွေကတော့ ရှာရတာ မလွယ်ပါဘူး။ ဘယ်အလုပ် မဆိုပေါ့။ မေမီတို့ဆို အနုပညာအလုပ်အတွက် ကားတကားရိုက်ဖို့ စိုက်ထုတ်ရတဲ့ အင်အားတွေ စိတ်တွေ အရမ်းရင်းရတယ်။ အဲ့အတွက် ရလာတဲ့အပေါ်လည်း အလဟဿကြီး သုံးလိုက်တာ မဟုတ်ဘဲ ကိုယ့်မိသားစုကို ထောက်ပံ့ရတာဆိုတော့ ပီတိဖြစ်တာပေါ့” လို့ မေမီကိုကိုက ပြောပါတယ်။

မင်းသမီးတယောက် ဖြစ်သွားရင် ချမ်းသာသွားကြတယ်လို့ အများက ထင်မြင်နေကြတဲ့အပေါ်မှာလည်း မေမီကိုကိုက အခုလိုပြောပြခဲ့ပါတယ်။

“ကံနဲ့ဆိုင်မယ် ထင်တယ်။ မေမီ့ကံက အဲ့လောက်ထိ မပါလာသေးဘူး ထင်တာပဲ။ တချို့တွေကျတော့ရပါတယ်။ သီချင်းဆိုပွဲတွေဆိုရင် သူတို့အားတဲ့ရက်နဲ့ တိုက်သွားတဲ့အခါကျတော့ ပွဲတွေ ဆက်သွားတာပေါ့။ ကိုယ်တိုင်ရဲ့အားနည်းချက်ကကျတော့ လူတောထဲ မတိုးရဲတာပါတယ်”

“ထုတ်လုပ်ရေးတွေဘာတွေ ပွဲကန်ထရိုက်တွေနဲ့ စကားကို လှလှပပ မပြောတတ်ဘူး။ အဲဒါလည်း တကြောင်း။ နောက်ပြီး ဇာတ်လမ်းတွဲရိုက်တော့ လက်လွှတ်လိုက်ရတာ များတယ်။ အဲ့တော့ မေမီ့အတွက် အပြင်ဝင်ငွေဆိုလို့ သိပ်မရှိဘူး။ ရုံးကပေးတဲ့ လစာနဲ့ ကြားထဲမှာကြော်ငြာ ၁ ခု၊ ၂ ခု အဲဒါလေးတွေနဲ့ အဆင်ပြေတယ်ပေါ့” လို့ မေမီကိုကိုကပြောပါတယ်။

Forever Group နဲ့စာချုပ်ချုပ်ထားတဲ့ သရုပ်ဆောင်တယောက်ဖြစ်တာကြောင့် ဇာတ်လမ်းတွဲများ ရိုက်ကူးရေးမရှိတဲ့ အခါမျိုးများမှာ အပြင်ထုတ်လုပ်ရေးများနဲ့ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးဖြစ်တယ်လို့ သိရပါတယ်။

“မေမီ Forever Group က အခွင့်အရေးပေးတဲ့ အချိန်လေးမှာ မေမီဒီဘက်မှာ ကမ်းလှမ်းတဲ့အတွက် ရိုက်ရတယ်။ ၂ လပိုင်းဆိုရင် ဇာတ်လမ်းတွဲ ပြန်ဝင်ရတော့မယ်။ အဲ့ကားဆိုရင် ၈ လလောက် ရိုက်ရမယ် ထင်တယ်။ မေမီပဲဆက်တိုက် ပါမှာတော့ မဟုတ်ဘူး။ ခြားမယ့် ရက်လေးတွေ ရှိတယ်။ အဲ့ရက်လေးတွေမှာ အပြင်တိုက်တွေနဲ့ ရိုက်သွားဖို့ ရှိတယ်။ တခြားကြော်ငြာတို့ ပရိုဂရမ်တို့လည်း ရိုက်သွားဖို့ရှိတယ်”လို့ မေမီကိုကိုက ပြောပါတယ်။

မကြာခင်မှာလည်း ဒါရိုက်တာ ကိုပေါက် ရိုက်ကူးမယ့် “အိပ်မက်မြစ်” ရုပ်ရှင်ဇာတ်ကားမှာ ပိုင်တံခွန်၊ ဝတ်မှုံရွှေရည်တို့နဲ့ အတူသရုပ်ဆောင်သွားမှ ာဖြစ်ပါတယ်။ မေမီကိုကိုကတော့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြိုင်ဇာတ်ရုပ်နဲ့ ပရိသတ် အားပေးခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

You may also like these stories:

“တတိယမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲအတွက် ၆ လလောက် လေ့ကျင့်ခဲ့ရတဲ့ မြတ်သူသူဇင်

“PLAYERS” ရုပ်ရှင်အတွက် ဆိုင်ကယ်စီး လေ့ကျင့်နေတဲ့ သရုပ်ဆောင် အေးချမ်းမောင်

ပရိသတ်တွေ ကြိုက်မယ့် ဇာတ်ကားမျိုးကို ရွေးချယ် ရိုက်ဖြစ်တဲ့ အိချောပို

Did you find apk for android? You can find new Free Android Games and apps.
Loading