“Morbius” ရုပ်ရှင် Trailer ဟာ လွန်ခဲ့တဲ့ရက် အနည်းငယ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး အင်တာနက်နဲ့ လူမှုစာမျက်နှာတွေပေါ်မှာလည်း ဒီ Trailer ကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ရပါတယ်။ “Spider-Man: Homecoming” ရဲ့ နောက်ဆုံး ဇာတ်ဝင်ခန်းမှာ မင်းသားကြီး Michael Keaton ကို တစိတ်တဒေသ ဖော်ပြခဲ့ဖူးပါတယ်။
Morbius Trailer ထဲမှာလည်း “Michael Morbius” ဆိုတဲ့ Michael Keaton ရဲ့ ရင်းနှီးနေတဲ့အသံကို ဖော်ပြခဲ့သလို သူ့ကိုတွေ့မြင်ခဲ့ကြရတဲ့ Spider-Man နောက်ဆုံးဇာတ်ဝင်ခန်းဟာ အရေးကြီးတဲ့ ဇာတ်ဝင်ခန်းတခုဖြစ်ပြီး Sony ရဲ့ နောက်လာမယ့် ရုပ်ရှင်တွေလည်း သော့ချက်တခုအဖြစ် ရှိနေတာ ဖြစ်ပါတယ်။
မင်းသားကြီး Michael Keaton ဟာ ဒါရိုက်တာ Tim Burton ရိုက်ကူးခဲ့တဲ့ ၁၉၈၉ ခုနှစ်နဲ့ ၁၉၉၂ ခုနှစ်တို့မှာ Batman ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။
Marvel ရဲ့ Morbius သရုပ်ဆောင် Jared Leto ဟာလည်း DC Suicide Squad မှာ ပါဝင်ခဲ့ဖူးသလို DC ရဲ့ သရုပ်ဆောင်တဦးဖြစ်ခဲ့ဖူးသူ Michael Keaton ကတော့ အခုအချိန်မှာ Marvel နဲ့ လက်တွဲနေပြီဖြစ်လို့ DC နဲ့ Marvel ပရိသတ်တွေ အံ့သြခဲ့ကြရတာ ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ အံ့အားသင့်မှုဟာ ဒီအတိုင်း ပြီးဆုံးသွားခဲ့တာ မဟုတ်ဘဲ Twitter နဲ့ တခြား လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တုန့်ပြန်ပြောဆိုမှုတွေ ပွက်လောရိုက်နေဆဲ ဖြစ်ပါတယ်။
Michael Keaton ကို Marvel ရဲ့ ဗီလိန်ဇာတ်ကောင်တွေထဲကမှ ထင်ရှားတဲ့ ဇာတ်ကောင်တဦးဖြစ်တဲ့ Vulture အဖြစ် တွေ့မြင်ရမှာဖြစ်တဲ့အပြင် မင်းသားကြီး Jared Harris ကိုလည်း Doctor Octopus ကိုလည်း Spider-Man ရဲ့ လာမယ့် ရုပ်ရှင်တွေမှာတွေ့မြင်ရဖို့လည်း သတင်းတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Doctor Strange နောက်ဆက်တွဲ ရုပ်ရှင်မှာ ပါဝင်ဖို့ရှိနေတဲ့ ဗီလိန်ဇာတ်ကောင်များ
“Thor: Love and Thunder” ရုပ်ရှင်မှာ ပါဝင်ဖို့ရှိနေတဲ့ မင်းသား Christin Bale
“Avatar 2” ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းနေရာ ပုံရိပ်တချို့ ထွက်ပေါ်လာ