Entertainment

Aquaman ရုပ်ရှင်ကို မီနီစီးရီး ရိုက်ကူးဖို့ ရှိနေ

Want create site? Find Free WordPress Themes and plugins.

Warner Bros. ကုမ္ပဏီရဲ့ Streaming Service တခုဖြစ်တဲ့ HBO Max မှာ Aquaman ဇာတ်လမ်းတွဲတခုထွက်ရှိသွားဖို့ ရှိနေပါတယ်။ “Aquaman: King of Atlantis” လို့ အမည်ရတဲ့ အဲဒီဇာတ်လမ်းတွဲကို ကာတွန်းကားအဖြစ်ရိုက်ကူးပြီး ၂၀၂၀ မှာပဲ ပြသမှာ ဖြစ်ပါတယ်။

အပိုင်း ၃ ပိုင်း ပါဝင်တဲ့ အဲဒီဇာတ်လမ်းတွဲကို Aquaman ရုပ်ရှင်ရိုက်ကူးသူ James Wan က Producer အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။ DCရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Arthur, Vulko နဲ့ Mera တို့ အဓိက ပါဝင်သွားမယ့် ဒီ Animated ဇာတ်လမ်းတွဲဟာ Arthur အဖြစ်ကနေ ရေဘုရင်ဖြစ်လာတဲ့ အချိန်ကို အဓိကထားပြီး ပြသသွားမှာ ဖြစ်ပါတယ်။

“သူက သာမန်လူကနေ ဘုရင်ဖြစ်လာတာဆိုတော့ နန်းတွင်းကိစ္စတွေမှာ လေ့လာစရာတွေ အများကြီးရှိနေတာပေါ့။ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ကို ကူညီမယ့် Vulko နဲ့ Mera တို့နဲ့ ကြုံတွေ့ရမယ့် အကြောင်းတွေကို အဓိကထား ရိုက်ကူးသွားမှာ ဖြစ်တယ်။ ဘုရင်တယောက် ဖြစ်ဖို့ ကြုံရတဲ့ အခက်အခဲတွေ ပါဝင်မှာပါ “လို့ Producer ဖြစ်တဲ့ James Wan က ပြောထားပါတယ်။

ဇာတ်ကားအတွင်းက Aquaman နေရာမှာ အသံသရုပ်ဆောင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး မင်းသား Jason Momoa အနေနဲ့ အတည်ပြုထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဒီကာတွန်း ဇာတ်လမ်းတွဲကိုတော့ ၂၀၂၀ ခုနှစ် နွေဦးမှာ စတင်ပြသသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Ref. ew.com

You may also like these stories:

Jason Momoa ဟာ အဖော်အချွတ် ဇာတ်ဝင်ခန်းတွေမှာ ယဉ်ကျေးစွာ ကူညီလေ့ရှိတယ်လို့ Emilia Clarke ပြော

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရှိမှ ကြည့်ကောင်းတဲ့ နာမည်ကျော်မင်းသားများ

Netflix က ထွက်ရှိလာမယ့် Thriller ရုပ်ရှင်တခုမှာ ပါဝင်လာမယ့် Jason Momoa

Did you find apk for android? You can find new Free Android Games and apps.
Loading