• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“၃ (က)”ရုပ်ရှင်ကို လွှတ်တော်က တာဝန်ရှိသူတွေ သိသွားရင် ကျေနပ်ပြီ

by ယုဖြူဟန်
16 January 2020
in Entertainment
A A
ဒါရိုက်တာ အောင်ချမ်းလူ  / ဝေဝေနှင်း / ဧရာဝတီ

ဒါရိုက်တာ အောင်ချမ်းလူ / ဝေဝေနှင်း / ဧရာဝတီ

6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာရှိတဲ့ ပြည့်တန်ဆာများနဲ့ ပတ်သက်တဲ့ ဥပဒေတခုကို မီးမောင်းထိုး ကာရိုက်ပြထားတဲ့ “၃ (က)” ရုပ်ရှင် ဇာတ်ကားကို ဖန်တီးထားတဲ့ ဒါရိုက်တာ အောင်ချမ်းလူကတော့ အဆိုပါ ရုပ်ရှင်ကို လွှတ်တော်က တာဝန်ရှိသူများ သိသွားခဲ့ရင် ကျေနပ်ပြီလို့ ဧရာဝတီကို ပြောပါတယ်။

“အကယ်၍များ လွှတ်တော်က တာဝန်ရှိသူများ သိသွားမယ်ဆိုရင် တော်တော်လေး ကျေနပ်ပြီပေါ့။ ကျန်တာ ဘာမှ မမျှော်လင့်ဘူး။ အဲဒါပဲ မျှော်လင့်ခဲ့တာဆိုတော့ ကိုယ်လိုချင်တဲ့ Target ကို ရောက်တယ်လို့ ပြောလို့ရတယ်” လို့ ဒါရိုက်တာ အောင်ချမ်းလူက ဧရာဝတီကို ပြောပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
6k
မြိတ်မြို့

မြိတ်မြို့

11 May 2025
550
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
238

“၃ (က)” ရုပ်ရှင်ဇာတ်ကားကိုကြည့်ရှုပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြသင့်တဲ့ ရုပ်ရှင်တကားဖြစ်တယ်လို့ ဥပဒေ အထောက်အထားများနဲ့တကွ Review ရေးသားထားတာကိုလည်း တွေ့ရပြီး အဆိုပါ ရီဗျူးအတွက်လည်း ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့ပါတယ်။

“ဒီဥပဒေက အဟောင်းကြီးလေ။ တော်တော်ကြာခဲ့တဲ့ ဥပဒေဆိုတော့ ဒီဥပဒေရဲ့ ရိုက်ခတ်မှုအောက်မှာ ဘဝအသစ်တွေက ခံနေရတာ ရှိတယ်။ ပြင်ကို ပြင်သင့်တယ်ဆိုတဲ့ ဥပဒေဖြစ်တယ်။ ဒါကို လွှတ်တော်အထိ ကြည့်သင့်တယ်ဆိုတဲ့ ရီဗျူးက ကျနော့်အတွက် အားရတယ်။ ကျနော် သွားချင်တဲ့ပုံစံကိုလည်း ရောက်အောင် ပို့ပေးနိုင်တယ်”

“အဲ့ဆရာကိုလည်း ကျေးဇူးတင်ပါတယ်။ တော်ရုံ ရီဗျူးတော့ မဟုတ်ပါဘူး။ ဒီရီဗျူးရေးဖို့အတွက် တော်တော် လေ့လာရပါတယ်။ ဥပဒေ အထောက်အထားတွေကို တော်တော်လေး ချပြပြီးတော့မှ ဒီရီဗျူးကို ရေးခဲ့တာပါ” လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။

ဥပဒေပုဒ်မတခုနဲ့ပတ်သက်တဲ့ ဇာတ်လမ်းဖြစ်တာကြောင့် လေ့လာခဲ့တဲ့အကြောင်းကိုလည်း ဒါရိုက်တာအောင်ချမ်းလူက အခုလိုပြောပြခဲ့ပါတယ်။

“ပြည့်တန်ဆာဆိုတာကလည်း နိုင်ငံသားပဲ။ လူသားပဲ။ ဒီ ၃(က) ကလည်း ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေ ၃ (ခ) ၊ ၅ (က) ၊ ၇ (က) ဒါတွေက ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေပုဒ်မဆိုတော့ ဒီဥပဒေတွေကို ကျနော်လေ့လာတဲ့အခါမှာ ဥပဒေခေါင်းစဉ်ကိုက နှိပ်ကွပ်ရေးဆိုတာ ပါတယ်။ ကျနော်တို့ကလူသားတွေပဲဖြစ်တယ်။ နိုင်ငံသားတွေပဲ ဖြစ်တယ်။ ဘာလို့လူသားတွေ၊ နိုင်ငံသားတွေကို နှိပ်ကွပ်တဲ့ဥပဒေ ထုတ်ထားတာလဲ။ ဖြစ်သင့်တာက ကာကွယ်တဲ့ ဥပဒေပေါ့”

“ဒီဥပဒေကိုက ကျနော့်အမြင်အရ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဥပဒေက ဘယ်လိုရှိလဲ၊ ဘယ်လိုအကြောင်းအရာလဲဆိုတာကို ဥပဒေ စာအုပ်တွေမှာလည်း လေ့လာတယ်။ နီးစပ်တဲ့ တရားသူကြီးတွေဆီမှာလည်း မေးမြန်းတယ်။ ဒီဥပဒေက မရှိသင့်တဲ့ ဥပဒေတခုပေါ့။ နှိပ်ကွပ်တယ်ဆိုတဲ့ ခေါင်းစဉ်ကိုက လွဲနေတယ်လို့ ထင်ရတယ်။ အဲဒါကြောင့် ဒီကားမှာ ထင်ထင်ပေါ်ပေါ်လေး ဖြစ်ရအောင် ခေါင်းစဉ် တပ်ခဲ့တာပါ” လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။

ပြည့်တန်ဆာများနဲ့ ပတ်သက် ဆက်နွယ်တဲ့ ရုပ်ရှင်ဇာတ်ကားများကိုတော့ ဒါရိုက်တာ အောင်ချမ်းလူ မရိုက်ကူးခင်ကလည်း အရှေ့မှာ ရိုက်ကူးခဲ့တာတွေ ရှိခဲ့ပေမယ့် ကွက်ကွက်ကွင်းကွင်း မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

“ရှေ့မှာလည်း ဒီလိုကားမျိုးတွေ ရိုက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကွက်ကွက်ကွင်းကွင်း မတွေ့ခဲ့ရဘူးပေါ့။ ကျနော်ကလည်း ကာရိုက်တာ လေ့လာတဲ့အချိန် သူတို့ဘဝတွေကို သွားကြည့်တဲ့အခါ တော်တော်လေးစာနာဖြစ်တယ်။ အဲဒါထက်ကိုမှ အဓိကက ဥပေဒပေါ့။ ဥပဒေဆိုတာက ကျနော်တို့ နိုင်ငံတနိုင်ငံမှာ နိုင်ငံသားတွေကို ကာကွယ်ဖို့ နိုင်ငံသားတိုင်းက လိုက်နာရမယ်။ အဲဒါမှဥပဒေက စိုးမိုးမှာပေါ့။ ဥပဒေက ကာကွယ်ဖို့ ဥပဒေပဲဖြစ်သင့်တယ်” လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။

တွေ့ရခဲတဲ့ ရုပ်ရှင်ဇာတ်လမ်းဖြစ်တဲ့အတွက် ရုံတင်ခါစအချိန်က ရုံကို လူဝင်မကြည့်တဲ့ ပြဿနာများကိုကြုံတွေ့ခဲ့ရပြီး နောက်ပိုင်းမှာတော့ သွားရောက်ကြည့်ရှုသူများထံမှ ကောင်းမွန်တဲ့ ရီဗျူးများကြောင့် တတိယအပတ်ထိ ရုံတင်ပြသခွင့် ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အဓိကက ရီဗျူးတွေကစပြီးတော့ Page တော်တော်များများက ရီဗျူးတွေရေးပေးတယ်။ သူတို့ရဲ့စေတနာနဲ့ပေါ့နော်။ တယောက်မှလည်း ရေးပေးဖို့အတွက် မတောင်းဆိုတာကို ရေးပေးတာကိုတွေ့တော့ ကျနော်တို့လောကထဲပဲ ကိုပြေတီဦးတို့၊ ကိုညိုမင်းလွင်တို့၊ သိပ်မကြာခင်ကလည်း ကိုဇဏ်ခီတို့၊ မခရစ္စတို့ကြည့်ပြီးတော့ မှတ်ချက်လေးတွေ ပေးတယ်။ သူတို့ကျေးဇူးလည်း အများကြီးပေါ့”

“ကျနော်တို့လုပ်တဲ့ မာကက်တင်းထက် အများကြီး ထိရောက်သွားတယ်ပေါ့။ ကျနော်တို့ မာကက်တင်းထက်ကို သူတို့ သွားကြည့်တယ်ဆိုတဲ့ ပို့စ်လေးတွေက အများကြီး အထောက်အကူပြုခဲ့တယ်။ အဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်” လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။

“၃ (က)” ဇာတ်ကားကိုတော့ ကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ပြုလုပ်ခဲ့ပြီး သရုပ်ဆောင်များကိုလည်း သရုပ်ဆောင်ရဲ့ဝိတ် မပိစေဘဲ နိုင်နင်းစေမယ့် သရုပ်ဆောင်များကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကားထဲမှာတော့ အဓိက သရုပ်ဆောင်များအနေနဲ့ ချမ်းမင်းရဲထွဋ်၊ နန်းဆုဦး၊ စိုးမြတ်သူဇာ၊ ထူးခြား၊ဇင်မျိုး၊ ကလေးသရုပ်ဆောင် ဟိဏ်းသီရိစံနဲ့ တခြားသော သရုပ်ဆောင်များက ပါဝင်ထားပါတယ်။

You may also like these stories:

၂၀၂၀ အဖွင့်မှာ ပြည့်တန်ဆာခေါင်း ဇာတ်ရုပ်နဲ့ တွေ့ရမယ့် သရုပ်ဆောင် ထူးခြား

Single Mother ပြည့်တန်ဆာတယောက်အနေနဲ့ မြင်တွေ့ရမယ့် နန်းဆုဦး

ပြည့်တန်ဆာလုပ်ငန်းတွေမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ဝင်ရောက် လုပ်ကိုင်နေကြရ

Your Thoughts …
Tags: ၃ (က)ပြည့်တန်ဆာအောင်ချမ်းလူ
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

မြန်မာနိုင်ငံရှိ နေရာဒေသတချို့မှ KTV၊ ဘား၊ အနှိပ်ခန်း တို့ကို ဖမ်းဆီးမှုများ ပြုလုပ်နေစဉ် / ရဲဇာနည်

တောင်ကြီးမြို့ရှိ KTV အယောင်ပြ ပြည့်တန်ဆာလုပ်ငန်း လုပ်သူများအား ဖမ်းဆီး

by လဲ့လဲ့
7 September 2020
30.4k

COVID-19 ကာလအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဖွင့်လှစ်ခွင့် မရှိသေးသည့် သက်ဖူးဝေ KTV အား စက်တင်ဘာ ၆ ရက်တွင် ဝင်ရောက်စစ်ဆေးရာတွင် ၎င်းတု့ိ ၇ ဦးအား ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ပတ္တရားမြို့ကို လူတွေ က လိင်မြို့တော်လို့ ခေါ်ဆိုကြပါတယ်

တရားဝင်မဟုတ်တဲ့ ပြည့်တန်ဆာများကိုလည်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ထိုင်းနိုင်ငံ

by ညီညီသူ
1 August 2019
14.9k

ဒါကြောင့်လည်း ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ HIV ပိုးရှိသူ အရေအတွက် မြင့်မားတဲ့နိုင်ငံဖြစ်ပေမယ့် ပြည့်တန်ဆာတွေမှာတော့ HIV ဖြစ်ပွားမှုနှုန်း နည်းပါးရ တာပါ။

ပြည့်တန်ဆာလုပ်ငန်းတွေမှာ ကလေးတွေပါ ဝင်ရောက် လုပ်ကိုင်နေတာ တွေ့ရပါတယ်

ပြည့်တန်ဆာလုပ်ငန်းတွေမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ဝင်ရောက် လုပ်ကိုင်နေကြရ

by ညီညီသူ
30 September 2019
27.4k

လိင်လုပ်ငန်းကို နိုင်ငံအများစုမှာ တရားဝင်ခွင့်ပြုထားလေ့ မရှိပါဘူး။ တရားဝင် ခွင့်ပြုမထားပေမယ့် စားဝတ်နေရေးကြောင့် ပြည့်တန်ဆာလုပ်ငန်းတွေမှာ ကလေးအများစု ဝင်ရောက်လုပ်ကိုင်နေရပါတယ်။

တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ Big Bang ရဲ့ အဖွဲ့ဝင် Seungri

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ပြည့်တန်ဆာ ရှာဖွေပေးမှုဖြင့် Seungri တရားစွဲခံရ

by မစ်ကီ
11 March 2019
9.1k

သူ့ရဲ့အေဂျင်စီ YG အင်တာတိန်းမန့်ကတော့ သူတို့ရဲ့အဆိုတော်အနေနဲ့ တရားစွဲခံထားရတာကို သိရှိထားတဲ့ အကြောင်း မတ်လ ၁၁ ရက်မှာ ပြောပေမယ့် မှတ်ချက် တစုံတရာပေးခဲ့ခြင်း မရှိပါဘူး။

Next Post
အဆိုပါ အမျိုးသားဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကို သွားရောက်ခဲ့ပြီး ဂျပန်နိုင်ငံကို ပြန်လာခဲ့စဉ် ရောဂါပိုး ကူးစက်ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဂျပန်နိုင်ငံသားတဦးကို ထပ်မံကူးစက်

သရုပ်ဆောင် ထွန်းကိုကို / ချစ်ပိုး / ဧရာဝတီ

မွေးနေ့ အလှူအဖြစ် “ပျံကျကူလီ” ရုပ်ရှင် ရိုက်ခဲ့တဲ့နေရာမှာ စတုဒိသာ ကျွေးခဲ့တဲ့ ထွန်းကိုကို

No Result
View All Result

Recommended

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.4k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate