• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မွေးနေ့ အလှူအဖြစ် “ပျံကျကူလီ” ရုပ်ရှင် ရိုက်ခဲ့တဲ့နေရာမှာ စတုဒိသာ ကျွေးခဲ့တဲ့ ထွန်းကိုကို

by ချစ်ပိုး
16 January 2020
in Entertainment
A A
သရုပ်ဆောင် ထွန်းကိုကို / ချစ်ပိုး / ဧရာဝတီ

သရုပ်ဆောင် ထွန်းကိုကို / ချစ်ပိုး / ဧရာဝတီ

5k
VIEWS
Share on FacebookShare on Twitter

အနုပညာလုပ်ငန်းတွေလည်း လုပ်ကိုင်နေသလို၊ ပရဟိတလုပ်ငန်းတွေလည်း လုပ်ကိုင်နေတဲ့ သရုပ်ဆောင်၊ မော်ဒယ် ထွန်းကိုကိုက ဒီနေ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ၃၁ နှစ်ပြည့် မွေးနေ့ပွဲကို ပြုလုပ်ခဲ့ပါတယ်။ မွေးနေ့ရက်မှာပဲ သူပါဝင် သရုပ်ဆောင်ထားတဲ့ “ပျံကျကူလီ” ဇာတ်ကားလည်း ရုံတင်နေပြီဖြစ်တဲ့အတွက် မွေးနေ့အလှူအဖြစ် သီရိမင်္ဂလာဈေးသစ်မှာ စတုဒိသာ ကျွေးမွေးခဲ့ပါတယ်။

“ကျနော့် မွေးနေ့အဖြစ် သီရိမင်္ဂလာဈေးမှာ ကြာဆံကြော်နဲ့ အအေး လှူဒါန်းဖြစ်တယ်။ အဓိက အဲ့မှာ လုပ်ဖြစ်တာက ကျနော့် မွေးနေ့လည်း ဖြစ်တယ်။ ပျံကျကူလီကလည်း ရုံတင်တယ်။ တိုက်ဆိုင်မှုပေါ့။ ကျနော့် မွေးနေ့အတွက် လက်ဆောင်လို့တောင် ကျနော် ထင်တယ်။ ရက်ကျလာတာက ကျနော့်မွေးနေ့ဖြစ်နေတော့ ဝမ်းသာတယ်”

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13k
မြိတ်မြို့

မြိတ်မြို့

11 May 2025
588
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
255

“ကျနော်တို့ ကားရိုက်တုန်းကလည်း ဈေးကသူတွေ ကူညီပေးတာကြောင့် အမှတ်ရအောင် စတုဒိသာလုပ်တာပါ။ ကျနော်တို့ ပထမတော့ ထမင်းကျွေးမလို့။ မြို့တော်စည်ပင်သာသာယာရေးကနေ ဦးစီးပြီး ကမ်ပိန်းလေးတခု ပါလာတယ်။ ပျိုးခင်းသာအဖွဲ့နဲ့ ပူးပေါင်းပြီး ပလပ်စတစ် လျှော့ချရေးဆိုပြီး ကမ်ပိန်းပါလာတယ်။ ဒါကြောင့် ကြာဆံကြော် ကျွေးဖြစ်တာပါ။ မွေးနေ့လက်ဆောင်တွေလည်း ရတယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။

သီချင်းဆိုတာလည်း ဝါသနာပါတဲ့ ထွန်းကိုကိုက အွန်လိုင်းကနေ သူကိုယ်တိုင် သီဆိုထားတဲ့ သီချင်းကို မွေးနေ့မှာ တင်ဖို့ရှိကြောင်း ပြောပါတယ်။

“သီချင်းဆိုတာ ဝါသနာပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီးတော့လည်း အကုန်လုံး ဝါသနာပါတယ်။ ကျနော့် မွေးနေ့မှာလည်း သီချင်းတွေ ဆိုဖြစ်တယ်။ ကျနော် မြန်မာသံစဉ်လေးတွေ ဆိုဖြစ်တယ်။ ကျနော်ကတော့ မြန်မာသံစဉ်တွေ ကြိုက်တယ်။ ခံစားတတ်ရင် မြန်မာသံစဉ်တွေရဲ့ အဓိပ္ပာယ်က အရမ်းကောင်းတယ်။ သီချင်းခွေထုတ်ဖို့ စဉ်းစားနေတုန်း”

“ မွေးနေ့ အထိမ်းအမှတ် သီချင်းလေး တပုဒ် တင်မယ်။ ကျနော် ကိုယ်တိုင် ဆိုထားတယ်။ ကျနော် MTV လည်း ရိုက်ထားတယ်။ ဒါရိုက်တာ မေဘရဏီသော်၊ တေးရေးကတော့ ကိုမင်းကို၊ ကျနော် အရင်ကသွင်းထားတဲ့ အကြမ်းလေးပဲ တင်ပေးမှာမလို့ သည်းခံပြီး နားထောင်ပေးပါဦး။ သီချင်း နာမည်က “အနားနားရှိခွင့်ပေး” ပါ။ လတ်တလောမှာ ဇာတ်လမ်းတွဲ ရိုက်ဖို့ရှိတယ်။ ဦးစတီးလ်နဲ့ ၃ လပိုင်းမှာလည်း ဇာတ်ကားတကား ရိုက်ဖို့ရှိတယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။

ထွန်းကိုကိုဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက် ရိုက်ကူးနေသလို၊ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ဖြစ်နေပါတယ်။ ထွန်းကိုကို ပါဝင် သရုပ်ဆောင်ထားတဲ့ “ပျံကျကူလီ”ရုပ်ရှင်ကလည်း ယနေ့၊ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

You may also like these stories:

“၃ (က)”ရုပ်ရှင်ကို လွှတ်တော်က တာဝန်ရှိသူတွေ သိသွားရင် ကျေနပ်ပြီ

ဝင်ငွေရပ်တန့်သွားလို့ Iron Man အဖြစ်က နုတ်ထွက်ခဲ့ကြောင်း Robert Downey Jr. နောင်ပြောင် ပြော

“အရင်ထက် အခုအချိန်မှာ အိမ်စရိတ်တွေ ကာမိလာတယ်”လို့ မေမီကိုကို ပြော

Your Thoughts …
Tags: စတုဒိသာထွန်းကိုကိုမွေးနေ့အလှူ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံ  / ချစ်ပိုး / ဧရာဝတီ

ခိုင်နှင်းဝေ ရင်သွေးဂေဟာမှာ မွေးနေ့အလှူ လုပ်ခဲ့တဲ့ စမိုင်းလ်ရဲ့သမီးငယ်လေး

by ချစ်ပိုး
17 June 2020
8.4k

ဆက်လက်ပြီး စမိုင်းလ်က သမီးဖြစ်သူရဲ့ မွေးနေ့မှာ ငွေသား ၁၂ သိန်း လှူဖြစ်ပုံနဲ့ သမီးကို မွေးနေ့ လက်ဆောင်အဖြစ် ခွေးလေး ဝယ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

သရုပ်ဆောင် ရွှေမှုံရတီ / Shwe Mhone Yati's Facebook

မွေးနေ့အလှူ လုပ်ဖို့ ပြင်ဆင်နေတဲ့ ရွှေမှုံရတီ

by ယုဖြူဟန်
15 May 2020
6.1k

ဒီနှစ်မွေးနေ့ဟာ ရွှေမှုံရတီရဲ့ ၂၂ နှစ်ပြည့်မွေးနေ့ဖြစ်ပြီး လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တခုကို တည်ဆောက်ထားသူ ဖြစ်ပါတယ်။

သရုပ်ဆောင် ထွန်းကိုကိုနဲ့ ဦးကျော်သူ / Kyaw Thu's Facebook

ထွန်းကိုကိုအား နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အတွင်းရေးမှူးအဖြစ် ခန့်အပ်

by ချစ်ပိုး
28 December 2020
3.4k

“ဝန်ထမ်း ၉၀ ကျော်ခန့်က လွဲ၍ မည်သူမျှ လစာမယူရပါ။ "အသင်းသည် မိမိအတွက် မဖြစ်စေရ။ မိမိကသာ အသင်းအတွက် ဖြစ်စေရမည်"ဟု အားလုံးက အဓိဋ္ဌာန် ပြုထားကြသည်။

သရုပ်ဆောင် ထွန်းကိုကို / Tun Ko Ko's Facebook

ကိုးရီးယားမှာ နှာခေါင်း ခွဲစိတ်မှု ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် ထွန်းကိုကို

by ချစ်ပိုး
4 September 2019
45.4k

"ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေကိုယ်တိုင် ခွဲစိတ်ပေးတဲ့အတွက် အစစအရာရာ အဆင်ပြေပါတယ်။ ဆေးရုံမှာ မြန်မာစကားပြန်လည်း ရှိတာဆိုတော့ ဘာအခက်အခဲမှ မကြုံတွေ့ရဘူးပေါ့။

မိခင်အတွက် မွေးနေ့ လက်ဆောင်ပေးခဲ့တဲ့ အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်း

မိခင်အတွက် မွေးနေ့ လက်ဆောင်ပေးခဲ့တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းနဲ့ အောင်လ

by မန်းသူ
31 January 2019
25.6k

ကိုယ်နဲ့ အနီးဆုံးလူက ကိုယ့်မိဘ၊ ပြီးရင် သူ(အောင်လ) ပေါ့နော်။ တခုခု၊ လိုအပ်လို့ရှိရင် ပြောစရာမလိုဘူး။ မေကြီးလုပ်ချင်တာ ဝိုင်းစုက အမြဲလုပ်ပေးတယ်။ မေကြီးက ဝိုင်းစုအတွက် သူငယ်ချင်းလိုပဲ။

သရုပ်ဆောင် ထွန်းကိုကို / Tun Ko Ko's Facebook

“နိုင်ငံရေးကို နားမလည်ပေမယ့် ပယ်မဲ မဖြစ်အောင် မဲပေးမှာပါ”

by ချစ်ပိုး
19 August 2020
4k

“ကျနော်ကတော့ နိုင်ငံရေးကို အများကြီး နားမလည်ဘူး။ နားမလည်လို့လည်း နိုင်ငံရေး မလုပ်ဘူး။ နိုင်ငံရေး နားမလည်လို့ မလုပ်တာပေါ့။ ကျနော့်ကို ခေါ်ဖူးကြပါတယ်။

Next Post
လက်မှတ် ရေးထိုးမည့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာများအနက် “တိရစာ္ဆန် ကျန်းမာရေး စစ်ဆေးခြင်းဆိုင်ရာ သဘောတူညီချက် နားလည်မှုစာချွန်လွှာ” လည်း ပါသည် / ဧရာဝတီ

တရုတ်သမ္မတရှီကျင့်ဖျင် ခရီးစဉ်အတွင်း ကျွဲနွားတင်ပို့ခွင့် တရားဝင်ဖြစ်လာမလား

နီပေါနိုင်ငံမှာ ခွေးတွေအတွက် ကျင်းပပေးတဲ့ ပွဲတော်

ခွေးတွေကို လူသားတွေရဲ့ မိတ်ဆွေအဖြစ် အသိအမှတ်ပြုပွဲတော် နီပေါနိုင်ငံမှာ ကျင်းပ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate