• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ပျံကျကူလီ” ဇာတ်ကား ရိုက်ခဲ့တုန်းက အတွေ့အကြုံတွေအကြောင်း ပြောပြတဲ့ ဒါရိုက်တာ စတီးလ်

by ချစ်ပိုး
16 January 2020
in Entertainment
A A
ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)  / ဧရာဝတီ

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) / ဧရာဝတီ

3.2k
VIEWS
Share on FacebookShare on Twitter

သဘာဝကျတဲ့ ဘဝဇာတ်ကြောင်းတွေကို ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ စတီးလ်က လက်ရှိ ရုံတင်နေတဲ့ “ပျံကျကူလီ”ဆိုတဲ့ ရုပ်ရှင်ကားကို လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။

“ပျံကျကူလီ ဇာတ်ကားမှာ အခက်အခဲတွေ ရှိတယ်။ ဒီဇာတ်ကားကို လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ပုံဖော်ခဲ့တာပါ။ ရုံတင်ခွင့် နောက်ကျအတွက်ကြောင့် အခုမှ တင်ခွင့် ရတယ်။ စပြီးတော့ မတည်ခင်ကတည်းက တပတ်လောက်ကတည်းက သွားပြီးတော့ လေ့လာတယ်။ ဇာတ်ညွှန်း ပြင်ဆင်ပြီးတော့ တကယ်သွားရိုက်မယ်ဆိုတဲ့ အချိန်မှာ တွေ့တဲ့ အခက်အခဲတွေ ရှိတယ်”

RelatedPosts

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
2.6k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
826
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
576

“ဒါပေမယ့် တရက် ၂ ရက် ရိုက်ပြီးတဲ့အချိန်မှာ ဈေးသူဈေးသားတွေက ကိုယ့်အပေါ်ထားတဲ့ စေတနာပေါ့။ အဲ့စေတနာတွေက ကိုယ့်ကို အကျိုးပေးတယ် ပြောရမှာပေါ့။ သူတို့က စေတနာထားပြီး ကျနော်တို့လုပ်ရမယ့် အလုပ်တွေ လုပ်သွားပေးတာပေါ့။ အားလုံးကို ရှင်းပေးတာ သူတို့ပဲ။ ရိုက်ဖို့ပြင်ဆင်ပေးတာလည်း သူတို့ပဲ။ သူတို့ကို Art Director လို့တောင် ခေါ်လို့ရတယ်။ သူတို့ တော်တော်များများ ပံ့ပိုးကူညီပေးတဲ့အတွက်ကြောင့် အခက်အခဲတော့ သိပ်မရှိတော့ဘူး”လို့ စတီးလ်က ပြောပါတယ်။

၂၀၂၀မှာလည်း ရိုက်ကူးပုံဖော်ချင်တဲ့ ဇာတ်ကားရှိပြီး ဒီဇာတ်ကား ရိုက်ခွင့်ရပါ့မလားလို့ စိတ်ပူနေကြောင်းလည်း ဆိုပါတယ်။

“၂၀၂၀ မှာ ကျနော် အရမ်းရိုက်ချင်တဲ့ ဇာတ်တဇာတ် ရှိတယ်။ ရိုက်ခွင့်ရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကလည်းရှိတယ်။ “ငါ့နိုင်ငံတော်”ဆိုတဲ့ ဇာတ်ကို ရေးပြီးသွားပြီ။ ရိုက်ဖို့အတွက်လည်း အများကြီးကြိုးစားရဦးမယ်။ မင်းသား မရလို့လည်း ရိုက်ဖို့ အခက်အခဲလေး နည်းနည်းရှိတယ်”

“အခက်အခဲက ဘာရှိတာလဲဆိုတော့ ငါ့နိုင်ငံတော်ဆိုတာ နိုင်ငံကြီးသားလို ဇာတ်မျိုးကို ရိုက်မှာ ဖြစ်တာကြောင့် နံပါတ် (၁) ဆင်ဆာ ခွင့်ပြုပါ့မလား။ နံပါတ် (၂) သရုပ်ဆောင်က သရုပ်ဆောင်ရဲပါ့မလား။ နံပါတ် (၃) နိုင်ငံတော်က ခွင့်ပြုပါ့မလားပေါ့။ အဲ့ ၃ ခုကြောင့် ရိုက်ဖို့ စဉ်းစားနေတာ”

“ကျနော်က တဦးတယောက်ကို စော်ကားတာလည်း မဟုတ်ဘူး။ အဖွဲ့အစည်းကို ပုတ်ခတ်တာလည်းမဟုတ်ဘူး။ ဒီဇာတ်တွေက အသစ်တွေနဲ့ ရိုက်ရင်လည်းကောင်းမှာပါ။ ဒါပေမယ့် ပရိသတ်တွေက အသစ်ကို ထဲထဲဝင်ဝင် လက်မခံသေးဘူးလို့ ကျနော်မြင်တယ်။ အဲ့အတွက် ထုတ်လုပ်သူတွေကလည်း မထုတ်လုပ်ရဲဘူး ဖြစ်နေတာပေါ့ ”လို့ စတီးလ်က ပြောပါတယ်။

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးထားတဲ့ “ပျံကျကူလီ”ဇာတ်ကားမှာတော့ သရုပ်ဆောင် သရုပ်ဆောင် ခန့်စည်သူ၊ ခင်လှိုင်၊ ကောင်းပြည့်၊ ထွန်းကိုကို၊ ရွှေမှုံရတီ၊ ရတနာဗိုလ်နဲ့ အခြားသော သရုပ်ဆောင်များက ပါဝင်ထားကြပါတယ်။

You may also like these stories:

မွေးနေ့ အလှူအဖြစ် “ပျံကျကူလီ” ရုပ်ရှင် ရိုက်ခဲ့တဲ့နေရာမှာ စတုဒိသာ ကျွေးခဲ့တဲ့ ထွန်းကိုကို

“ဗိုလ်နေတိုး” ရုပ်ရှင် ရိုက်ကူးစဉ်က အခက်အခဲများအကြောင်း ပြောတဲ့ ဒါရိုက်တာ စတီးလ်

Your Thoughts …
Tags: ငါ့နိုင်ငံတော်ဒါရိုက်တာ စတီးလ်ပျံကျကူလီ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် ကောင်းပြည့်  / Kaung Pyae's Facebook

“ပျံကျကူလီ” ရုပ်ရှင်ရိုက်ရင်း ကုန်ထမ်းသမားတွေ ဘဝကို စာနာမိတယ်လို့ ဆိုလာတဲ့ ကောင်းပြည့်

by ချစ်ပိုး
17 January 2020
3.9k

“ကိုယ့်နေရာဒေသ ပတ်ဝန်းကျင်မှာရှိတဲ့ ပုံစံမျိုးတွေလည်း လေ့လာရသလို တကယ်ဈေးထဲ ရောက်တဲ့ အချိန်မှာလည်း အဲဒီနေရာမှာ ကူလီထမ်းတဲ့ အစ်ကိုတွေနဲ့ နေ့တိုင်း စကားလက်ဆုံ ကျတယ်။

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) / ဧရာဝတီ

“ဗိုလ်နေတိုး” ရုပ်ရှင် ရိုက်ကူးစဉ်က အခက်အခဲများအကြောင်း ပြောတဲ့ ဒါရိုက်တာ စတီးလ်

by ချစ်ပိုး
22 November 2019
5.9k

မိုင်းအစစ်တွေလည်း ခွဲချင်တာဖြစ်တာကြောင့် စာတင်ထားပေမယ့် စိုးရိမ်စိတ်တွေလည်း ရှိခဲ့တယ်။ ရာသီဥတုကလည်း မိုးရွာလိုက်၊ နေပူလိုက်ဖြစ်တာကြောင့် အခက်အခဲတွေ ရှိခဲ့တယ်။

သရုပ်ဆောင် ခန့်စည်သူ  / ချစ်ပိုး / ဧရာဝတီ

“အမျှ အမျှ” ရုပ်ရှင်မှာ လူနည်းနည်းနဲ့ ရိုက်ခဲ့တာ အမှတ်တရပါပဲလို့ ခန့်စည်သူ ပြော

by ချစ်ပိုး
4 October 2019
7.9k

“ကျနော်သရဲတို့၊ တစ္ဆေတို့၊ ဝိညာဉ်တို့ တခါမှတော့ မကြုံဖူးဘူး။ မကြုံဖူးလို့ သူတို့ မရှိနိုင်ဘူးလို့တော့ ကျနော် မပြောဘူး။ ၃၁ ဘုံမှာ သူ့ဘုံနဲ့သူ ရှိကြတာပေါ့။

ဒါရိုက်တာ စတီးလ် / ဝေဝေနှင်း / ဧရာဝတီ

“နိုင်ငံကြီးသား” ရုပ်ရှင်ကို နေတိုးကြောင့် အဓိက ပုံဖော်ဖြစ်ခဲ့တာလို့ ဒါရိုက်တာ စတီးလ် ပြော

by ယုဖြူဟန်
6 August 2019
11.6k

“ရေးကတည်းက အဲ့လို ရေးလိုက်တာ။ ထွန်းထွန်းနဲ့ ရိုက်ခဲ့တဲ့ဇာတ်တွေရှိတယ်။ အပုဒ် ၂၀လောက်၊ ထွန်းထွန်းဆို ထွန်းထွန်းကို တည်ပြီးရေးတယ်။ ကျနော်က ဇာတ်တွေ ကြိုပြီးရေးတာ မဟုတ်ဘူး။

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) / ချစ်ပိုး / ဧရာဝတီ

ကျန်တဲ့ အမျှတကြိမ်ကို ပရိသတ်တွေ ခေါ်ပေးဖို့ တောင်းဆိုလိုက်တဲ့ ဒါရိုက်တာ စတီးလ်

by ချစ်ပိုး
3 October 2019
6k

ကျနော် ရိုက်တဲ့ ဇာတ်ကားတော်တော်များများက စူပါတွေထက် ဇာတ်ကို ဦးစားပေးရိုက်တာ ဖြစ်တဲ့အတွက် တခါတလေ အားငယ်မိတယ်။ အားငယ်သူကို အားပေးပါ”လို့ စတီးလ်က ပြောပါတယ်။

ဒါရိုက်တာ စတီးလ်  / စတီးလ် Facebook

ပြည်ပမှာ အောက်ခြေသိမ်း အလုပ်က စပြီး ပညာသင်ခဲ့တဲ့ ဒါရိုက်တာ စတီးလ်

by ချစ်ပိုး
4 June 2018
16.3k

ကျနော်က အကုန်လုံးနဲ့ အဆင်ပြေတယ်။ အဆင်မပြေတာ မဟုတ်ဘူး။ အလုပ်နဲ့ ပတ်သတ်ရင်သာ အဆင်မပြေတာ။ ကျနော် အလုပ်ပေါ်မှာ အထိခိုက်မခံဘူး။

Next Post
အစိုးရညွှန်ကြားလာပါက ဝင်ငွေခွန်ပေးဆောင်ဖို့ အသင့်ဟု YRTA ဆို (ရုပ်/သံ)

အစိုးရညွှန်ကြားလာပါက ဝင်ငွေခွန်ပေးဆောင်ဖို့ အသင့်ဟု YRTA ဆို (ရုပ်/သံ)

တိုင်းပြည်အတွက် ပြန်လာပြီး အလုပ်အကျွေး ပြုချင်တဲ့ နိုင်ငံသားဟောင်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ ကြိုဆိုမှာလဲ၊ လက်ခံမှာလဲ ဆိုတာကို သေသေချာချာ ပြင်ဆင်ပြီးပြီလား

အစိုးရက လက်ကမ်းလို့ ပြန်လာတဲ့အခါ

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 hours ago
8.3k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate