Entertainment

ဂျိမ်းစ်ဘွန်း ဇာတ်ကောင်နေရာမှာ အမျိုးသမီး ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလို့ ထုတ်လုပ်သူ ပြော

Want create site? Find Free WordPress Themes and plugins.

ထုတ်လုပ်သူတွေဖြစ်ကြတဲ့ Barbara Broccoli နဲ့ Michael G Wilson တို့ဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေရဲ့ ကြီးကြပ်သူတွေဖြစ်ပြီး ပရိသတ်တွေရဲ့ တောင်းဆိုချက်အရ ဂျိမ်းစ်ဘွန်းဇာတ်ကောင်နေရာမှာ အမျိုးသမီး တယောက်ဝင်ရောက်လာဖို့ အခွင့်အရေး မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

“ဂျိမ်းစ်ဘွန်းဟာ အသားအရောင် လူမျိုးစုံ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူဟာ အမျိုးသား ဖြစ်ပါတယ်။ ကျမတို့ဟာ သန်မာတဲ့ အမျိုးသမီးဇာတ်ကောင်တွေကို အမျိုးသမီး သရုပ်ဆောင်တွေအတွက် ဖန်တီးပေးသင့်ပါတယ်။ အမျိုးသားဇာတ်ကောင်နေရာမှာ အမျိုးသမီးတဦးကို သရုပ်ဆောင်စေဖို့ ကိစ္စမှာတော့ ကျမ သိပ်စိတ်မဝင်စားပါဘူး။ အမျိုးသမီးတွေကလည်း ဒါမျိုးကို သိပ်စိတ်ဝင်စားကြလိမ့်မယ်လို့ မထင်ပါဘူး”လို့ ထုတ်လုပ်သူ Broccoli က ပြောပါတယ်။

မကြာသေးခင်တုန်းကတော့ ဂျိမ်းစ်ဘွန်း အဖြစ်သရုပ်ဆောင်ဖို့ မင်းသား Idris Elba နဲ့ ဆွေးနွေးတာမျိုးတွေရှိခဲ့ပါတယ်။ ၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဖြစ်တဲ့ “No Time to Die” ကို လာမယ့် ဧပြီလမှာ ပြသဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ မင်းသား Daniel Craig အတွက်တော့ နာမည်ကျော် ဗြိတိသျှစပိုင်အဖြစ် သရုပ်ဆောင်တဲ့ ပဉ္စမမြောက်နဲ့ နောက်ဆုံး ဇာတ်ကားလည်း ဖြစ်ပါတယ်။

အနုပညာလုပ်ငန်းအတွင်းမှာ အမျိုးသမီးတွေကို ခွဲခြား နှိမ်ချဆက်ဆံမှုတွေကို ဆန့်ကျင်တဲ့ MeToo ကမ်ပိန်းလှုပ်ရှားမှုအပြီး ပထမဆုံး ထွက်ရှိလာမယ့် ဂျိမ်းစ်ဘွန်း ရုပ်ရှင် ဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်မှာ မင်းသမီး Lea Seydoux ဟာ Doctor Madeleine Swann အဖြစ် ပါဝင်လာမှာဖြစ်ပြီး မင်းသမီး Ana de Armas ကိုတော့ စီအိုင် အေဂျင့်တဦးအနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ထုတ်လုပ်သူ Broccoli က “ဂျိမ်းစ်ဘွန်းဟာ ကမ္ဘာပေါ်က တခြားအမျိုးသားတွေနဲ့ တသားတည်း ရှိနေဦးမှာပါ။ တချို့တွေကတော့ တခြားသူတွေထက်တော့ နည်းနည်း လျင်လျင်မြန်မြန် ဖြစ်ထွန်းတာမျိုး ရှိမှာပါ” လို့ ဆိုပါတယ်။

“No Time to Die” ရုပ်ရှင်ထဲမှာတော့ ပထမဆုံးတွေ အများကြီး ပါဝင်နေပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ အမေရိကန် ဒါရိုက်တာတဦးကနေ ပထမဆုံးရိုက်ကူးတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်ဝင်တေး သီဆိုမယ့် အဆိုတော် Billie Eilish ဟာ ဂျိမ်းစ်ဘွန်း သမိုင်းတလျှောက်မှာ အသက်အငယ်ဆုံး အဆိုတော် ဖြစ်လာပါတယ်။

မင်းသား Craig ဟာ သူ့ရဲ့ စတုတ္ထမြောက်ရုပ်ရှင်ဖြစ်တဲ့ “Spectre” ကို ရိုက်ကူးခဲ့ရတဲ့ အတွေ့အကြုံတွေဟာ သူ့ရဲ့ လက်ကောက်ဝတ်ကို ဓားနဲ့ လှီးပစ်ချင်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ပြောပြီးတဲ့နောက် နောက်ထပ် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားမှာ ပါဝင်လာတော့မှာ မဟုတ်ဘူးဆိုပြီး ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့အတွက် နောက်ဆုံးရုပ်ရှင်မှာ ပါဝင်လာဖို့ ဆုံးဖြတ်ချက်ချခဲ့တာလည်း ဖြစ်ပါတယ်။

Ref: hindustantimes

You may also like these stories:

Aquaman ရုပ်ရှင်ကို မီနီစီးရီး ရိုက်ကူးဖို့ ရှိနေ

ဝင်ငွေရပ်တန့်သွားလို့ Iron Man အဖြစ်က နုတ်ထွက်ခဲ့ကြောင်း Robert Downey Jr. နောက်ပြောင် ပြော

“Morbius” ရုပ်ရှင် Trailer ကြောင့် အံ့သြခဲ့ရတဲ့ DC နဲ့ Marvelပရိသတ်များ

Did you find apk for android? You can find new Free Android Games and apps.
Loading