Entertainment

K-pop ဟာ မျိုးဆက်သစ်တွေရဲ့အသံကို ကိုယ်စားပြုတယ်လို့ Queen အဖွဲ့ ချီးမွမ်း

Want create site? Find Free WordPress Themes and plugins.

ဂန္တဝင် ဗြိတိသျှရော့ခ်တီးဝိုင်းဖြစ်တဲ့ Queen ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့တုန်းက ဆိုးလ်မြို့မှာ သတင်းစာ ရှင်းလင်းပွဲတခုကို ပြုလုပ်ခဲ့ပြီး K-pop ဟာ သူတို့အဖွဲ့တချိန်တုန်းက လုပ်ဆောင်ခဲ့သလို မျိုးဆက်သစ်တွေရဲ့ အသံကို ကိုယ်စားပြုတယ်လို့ ပြောဆိုခဲ့ပါတယ်။

Queen အဖွဲ့ဟာ တောင်ကိုရီးယားမှာ ပထမဆုံး ဖျော်ဖြေပွဲတွေကို ပြုလုပ်ဖို့ ဆိုးလ်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဦးဆောင် အဆိုရှင်အဖြစ် အဆိုတော် Adam Lambert အပါအဝင် အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့အဲ့ဒီတီးဝိုင်းဟာ ဆိုးလ်မြို့ အနောက်ဘက်မှာ ရှိတဲ့ Gocheok Sky Dome မှာ လာမယ့် ဇန်နဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တို့မှာ ဖျော်ဖြေပွဲတွေကို ပြုလုပ်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

အဲ့ဒီဖျော်ဖြေပွဲတွေဟာ တောင်ကိုရီးယားမှာ ကြည့်ရှုသူ ၉ သန်းရှိခဲ့တဲ့ “Bohemian Rhapsody” ရုပ်ရှင်ကို ပြသခဲ့ပြီးတဲ့နောက် ပထမဆုံး ဖြစ်လာတဲ့ ဖျော်ဖြေပွဲတွေလည်း ဖြစ်ပါတယ်။ တီးဝိုင်းရဲ့ ဂစ်တာသမား ဖြစ်တဲ့ Brian May က “အင်္ဂလန်နိုင်ငံမှာ တော်တော်လေးကို အားပေးခံရပါတယ်။ တော်တော်လေးကို ကြီးပါတယ်” လို့ K-pop ရဲ့ အရှိန်အဟုန် ကြီးထွားလာမှုကို ပြောဆိုခဲ့ပါတယ်။

ဆက်ပြီး သူက “ကျနော်တု့ိ ငယ်ရွယ်စဉ်တုန်းက ရော့ခ်ဂီတဟာ ကလေးတွေရဲ့ ဘာသာစကားဖြစ်ခဲ့ပြီးတော့ အဲ့ဒီနောက်နှစ် အနည်းငယ်အကြာမှာတော့ Rock and roll က ပြီးဆုံးသွားမယ်လို့ လူတိုင်းက ထင်ခဲ့ကြပါတယ်။ K-pop ဟာလည်း မျိုးဆက်တွေနဲ့အတူ ကြီးထွားလာပြီး မျိုးဆက်သစ်တွေရဲ့ အသံကို ဘယ်လိုမျိုးဆက်လက် ထမ်းဆောင်မယ် ဆိုတာ သိရဖို့ စိတ်ဝင်စားနေပါတယ်” လို့ပြောဆိုခဲ့ပါတယ်။

အခုနှစ်ဟာ တီးဝိုင်းတည်ထောင်သူ Freddie Mercury ရဲ့နေရာမှာ ၂၀၁၁ ခုနှစ်ကစလို့ တီးဝိုင်းမှာ ပါဝင်လာတဲ့ အမေရိကန်အဆိုတော် Adam Lambert နဲ့အတူ Queen တီးဝိုင်းဖြတ်သန်းမှု ၁၀ နှစ်ပြည့်နှစ်ပတ်လည်လည်း ဖြစ်ပါတယ်။ Mercury ဟာ Lambert ရဲ့ သူရဲကောင်းဖြစ်ပြီး တီးဝိုင်းမှာ သူ့နေရာကို အစားထိုးဝင်ရမယ်လို့ သိလိုက်ရချိန်မှာ လိမ်နေတယ်လို့ ထင်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

အဆိုတော် Lambert က “May နဲ့ Taylor တို့ရဲ့ အကူအညီနဲ့ ကျနော်ဟာ Freddie လုပ်ခဲ့တဲ့အရာကို ပုံတူကူးချရမယ့် ပုံစံကို လျင်လျင်မြန်မြန်လေ့လာခဲ့ရပါတယ်။ Freddie Mercury ဆိုတာ တယောက်တည်း ရှိပါတယ်။ နောက်လည်း တယောက်တည်းပဲ ရှိမှာပါ။ အနုပညာရှင်တဦးအနေနဲ့ သူ့ကို ဂုဏ်ပြုပြီး စင်ပေါ်မှာ ရှိရတာ တော်တော်လေးကို ပျော်ဖို့ ကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Ref: yonhap

You may also like these stories:

ဖက်ရှင်နယ်ပယ်မှာ အချမ်းသာဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ပုဂ္ဂိုလ်များ

၂၀၂၀ ပြည့်နှစ်မှာ ရုံတင်မယ့် “Wonder Woman 1984” ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိလာ

ကျေးဇူးတော်နေ့ အားလပ်ရက်မှာ ရုံဝင်ငွေ စံချိန်တင်ခဲ့တဲ့ “Frozen II” ရုပ်ရှင်

Did you find apk for android? You can find new Free Android Games and apps.
Loading