“Cats & Dogs” ရုပ်ရှင်ဟာ ၂၀၀၀ ခုနှစ်ခေတ်တွေတုန်းက ကလေးငယ်တွေကြား ရေပန်းစားခဲ့တဲ့ ရုပ်ရှင်တကားဖြစ်ပြီး ကြောင်နဲ့ခွေးတွေကို လျှို့ဝှက် အေးဂျင့်တွေအဖြစ် ဇာတ်အိမ်တည် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ Cats & Dogs ရုပ်ရှင်အတွက် အသံသရုပ်ဆောင်တွေအနေနဲ့ Tobey Maguire, Alec Baldwin, Jeff Goldblum နဲ့ တခြား သရုပ်ဆောင်များစွာ ဝင်ရောက် အားဖြည့်ခဲ့ကြတာပါ။
၂၀၁၀ ခုနှစ်မှာတော့ နောက်ဆက်တွဲ ရုပ်ရှင်အနေနဲ့ “Cats & Dogs: The Revenge of Kitty Galore” ရုပ်ရှင်ထွက် ရှိခဲ့ပေမယ့် မူရင်း “Cats & Dogs” ရုပ်ရှင်လောက် အောင်မြင်မှု မရရှိခဲ့ပါဘူး။ ဒုတိယနောက်ဆက်တွဲရုပ်ရှင် ထွက်ရှိခဲ့ပြီး လို့ ဆယ်နှစ်အကြာမှာပဲ ၃ ကားမြောက် နောက်ဆက်တွဲရုပ်ရှင်ထုတ်လုပ်ဖို့ ရိုက်ကူးရေးကို ဒီဇန်နဝါရီလအတွင်း ဒါမှမဟုတ် ဖေဖေါ်ဝါရီလအစောပိုင်းမှာ စတင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ဆန်းသစ်တဲ့ ဖန်တီးမှုတွေ ပါဝင်မှာဖြစ်တယ် ဆိုပေမယ့် မူရင်းရုပ်ရှင်ရဲ့ Concept ကိုတော့ ပြန်လည်သုံးစွဲဖို့ရှိနေကြောင်း နီးစပ်ရာအသိုင်းအဝိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပြီး ကြောင်နဲ့ ခွေးတွေကြားက တိုက်ပွဲတခုထက် ပိုလာနိုင်စရာရှိတဲ့ ဇာတ်အိမ်မျိုးဖြစ်မယ်လို့လည်း ခန့်မှန်းပြောဆိုနေကြတာပါ။
နောက်ဆက်တွဲ ရုပ်ရှင်အတွက် ပါဝင်မယ့် သရုပ်ဆောင်စာရင်းကို အသေးစိတ် မသိရသေးသလို ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသဖို့ ရှိ၊ မရှိလည်း မသိရသေးပါဘူး။
အရင်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်နှစ်ကားကို Warner Bros. ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး အခုနောက်ဆုံးရုပ်ရှင်ကိုတော့ ရုပ်ရှင်ရုံတွေမှာ မပြသဖြစ်ဘူးဆိုရင် HBO Max ကနေ ပြသသွားဖို့ရှိနေကြောင်း ကောလာဟလ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။
“Cats & Dogs 3” ရဲ့ ရိုက်ကူးရေးနဲ့ ပတ်သက်တဲ့ သတင်းတွေအပြင် နောက်ထပ် ထွက်ပေါ်လာမယ့် သတင်းတွေကို ပရိသတ်တွေဘက်က မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
K-pop ဟာ မျိုးဆက်သစ်တွေရဲ့အသံကို ကိုယ်စားပြုတယ်လို့ Queen အဖွဲ့ ချီးမွမ်း
ဂျိမ်းစ်ဘွန်း ဇာတ်ကောင်နေရာမှာ အမျိုးသမီး ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလို့ ထုတ်လုပ်သူ ပြော
Aquaman ရုပ်ရှင်ကို မီနီစီးရီး ရိုက်ကူးဖို့ ရှိနေ