Entertainment

Battle ဇာတ်ဝင်ခန်းတွေနဲ့ အက်ရှင်အကြမ်းစားတွေ ပါဝင်လာတဲ့ Mulan ရုပ်ရှင် ဒုတိယ Trailer

Want create site? Find Free WordPress Themes and plugins.

Disney ရဲ့ Live-Action အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ Mulan ရုပ်ရှင်ဟာဆိုရင် အခုအချိန်မှာ Trailer နှစ်ခုအထိ တရားဝင် ထုတ်လွှင့်ခဲ့ပြီဖြစ်ပြီး အက်ရှင်ပိုင်း အဓိက ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်အဖြစ် ပရိသတ်တွေအနေနဲ့ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နာရီပိုင်းအလွန်က Disney အနေနဲ့ ဒုတိယမြောက် Trailer တခုကို မျှဝေခဲ့ပြီး ပထမ Trailer ထက် Battle ဇာတ်ဝင်ခန်းတွေ၊ အက်ရှင် အကြမ်းစားတွေ ပါဝင်လာခဲ့တာပါ။

Disney ရဲ့ ရှေ့က ထွက်ရှိခဲ့တဲ့ Live-Action ရုပ်ရှင်တွေဖြစ်တဲ့ “Beauty and The Beast” , “The Lion King” နဲ့ “Aladdin” ရုပ်ရှင်တို့ဟာ စတူဒီယိုက မျှော်မှန်းထားသလောက် အောင်မြင်မှု မရရှိခဲ့သလို ပရိသတ်ဘက်ကလည်း ဝေဖန်သံတွေ ဆူညံခဲ့ပါတယ်။ အခုထွက်ရှိလာမယ့် Live-Action ရုပ်ရှင်အသစ် Mulan ကိုတော့ Disney အနေနဲ့ အပြည့်အဝ အာရုံစိုက် ဖန်တီးထားတယ်ဆိုတာ Trailer တွေ ကြည့်ရှုရုံနဲ့ သိရှိနိုင်မှာပါ။

Animation ရုပ်ရှင် ထွက်ရှိခဲ့ဖူးတဲ့ Mulan ရုပ်ရှင်နဲ့ အခု Live-Action ရုပ်ရှင်မှာတော့ ဇာတ်လမ်းသဘော အနည်းငယ် ကွဲပြားဖို့ ရှိနေပြီး အမျိုးသမီး စစ်သူရဲ တယောက်ရဲ့ အကြောင်းကို အသေးစိတ်ပြသဖို့ ဇာတ်အိမ် တည်ဆောက်ထားတာလို့ ရုပ်ရှင် ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တရုတ်အင်ပါယာရဲ့ စစ်ပွဲတွေနဲ့ ကြုံတွေ့နေရချိန်တွေကို အဓိက နောက်ခံထားပြီး ဖန်တီးထားတဲ့ အခု Mulan ရုပ်ရှင်ဟာ ပထမ Trailer မှာတင် ပရိသတ်တွေ အံ့အားသင့်ခဲ့ကြရတာပါ။

အခု Mulan ရုပ်ရှင်မှာတော့ တေးဂီတနောက်ခံ ဇာတ်ဝင်ခန်းတွေ အသုံးများတဲ့ Disney ရဲ့ ပုံစံကို ခွဲထွက်နေမှာဖြစ်ပြီး ဒုတိယ Trailer နဲ့တင် ပရိသတ်တွေကို ရုံတင်တဲ့အခါ ကြည့်ရှုချင်စိတ်ကို ဆွဲဆောင်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။

Battle ဇာတ်ဝင်ခန်းတွေ နဲ့ အကြမ်းစား အက်ရှင်တွေဟာ Disney ရဲ့ Mulan ကို ပိုမိုစိတ်ဝင်စားစေခဲ့ပြီး ပရိသတ်တွေအနေနဲ့ ရုပ်ရှင်ထွက်ရှိလာဖို့ ရက်ကိုသာ မျှော်လင့်တကြီး စောင့်ဆိုင်းနေဖို့သာ ကျန်ရှိပါတော့တယ်။

Ref. wegotthiscovered.com

You may also like these stories:

ဂျိမ်းစ်ဘွန်း ဇာတ်ကောင်နေရာမှာ အမျိုးသမီး ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလို့ ထုတ်လုပ်သူ ပြော

Aquaman ရုပ်ရှင်ကို မီနီစီးရီး ရိုက်ကူးဖို့ ရှိနေ

“Cats & Dogs 3” ရုပ်ရှင်အတွက် ရိုက်ကူးရေးစတင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်

Did you find apk for android? You can find new Free Android Games and apps.
Loading