ကမ္ဘာ Hip Hop လောကရဲ့ ဆရာတဆူဖြစ်တဲ့ အဆိုတော် Eminem ဟာ ပရိသတ်ကို အသိပေးခြင်း မရှိဘဲ တကိုယ်တော် အခွေ တခွေကို ဇန်နဝါရီလ ၁၇ ရက်နေ့ ယနေ့မှာ ထုတ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က Kamikaze ခွေ ထွက်ရှိပြီး ၂ နှစ်အကြာမှာ အခု ခွေထွက်ရှိလာတာလည်း ဖြစ်ပါတယ်။
အခု ထွက်ရှိတဲ့ အခွေဟာ “Music To Be Murdered By” လို့ အမည်ပေးထားပြီး ၁၁ ခွေမြောက် တကိုယ်တော် အယ်လ်မ် ဖြစ်ပါတယ်။ အသက် ၄၇ နှစ်ရှိပြီ ဖြစ်တဲ့ လူဖြူ ဟစ်ဟော့ပ်အဆိုတော် အခွေထုတ်ပြီးနောက် သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာ ” ဒါဟာ ခင်ဗျားတို့ရဲ့ အသုဘပဲ”ဆိုတဲ့ စာကို ရေးသားထားခဲ့ပါတယ်။
သီချင်း အပုဒ် ၂၀ ပါတဲ့ ဒီခွေမှာ Ed Sheeran, Anderson .Paak, Skylar Grey, Royce Da 5’9, Young M.A နဲ့ The late Juice WRLD စတဲ့ နာမည်ကျော် အဆိုတော်တွေက ပါဝင်ကူညီ သီဆိုထားပါတယ်။
အခွေရဲ့ ကာဗာမှာ Eminem က သွေးအရောင် အနီတောက်တောက်ကို နောက်ခံပြုလုပ်ထားပြီး သေနတ်နဲ့ ပုဆိန်တို့နဲ့ ကိုင်ထားပြီး သူ့ရဲ့နားထင်ကို ချိန်ထားပါတယ်။ အခွေကာဗာဟာ ၁၉၅၈ ခုနှစ်က ထွက်ရှိထားတဲ့ Alfred Hitchcock’s ရဲ့ Music To Be Murdered By ဆိုတဲ့ အခွေကို မှီငြမ်းထားတာ ဖြစ်တယ်လို့ Emine သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဝန်ခံထားပါတယ်။
အယ်လ်ဘမ်နဲ့ အတူ Eminem ဟာ Darkness ဆိုတဲ့ Music Video တခုကိုပါ ထုတ်ပေးခဲ့ပြီး ဒီဗီဒီယိုဟာ ၂၀၁၇ ခုနှစ်က Las Vegas မြို့မှာ ဖြစ်ပွားခဲ့ပြီး လူ ၅၈ ဦး သေဆုံးခဲ့တဲ့ အစုလိုက် အပြုံလိုက် ပစ်ခတ်မှုကို အခြေခံထားတယ်လို့ သိရပါတယ်။
Ref. metro.uk
You may also like these stories:
“7 Rings” သီချင်းမူပိုင်ခွင့် ချိုးဖောက်မှုဖြင့် တရားစွဲခံရတဲ့ အဆိုတော် Ariana Grande
K-pop ဟာ မျိုးဆက်သစ်တွေရဲ့အသံကို ကိုယ်စားပြုတယ်လို့ Queen အဖွဲ့ ချီးမွမ်း
Battle ဇာတ်ဝင်ခန်းတွေနဲ့ အက်ရှင်အကြမ်းစားတွေ ပါဝင်လာတဲ့ Mulan ရုပ်ရှင် ဒုတိယ Trailer