Entertainment

"အိမ်ထောင်ကျသွားရင် စိတ်ညစ်ရမယ်ဆိုတဲ့ အတွေးမျိုး မတွေးဘူး"လို့ ပြောတဲ့ ကောင်းပြည့်တို့ စုံတွဲ

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ ချစ်သူနှစ်ယောက်မှာ ကောင်းပြည့်က ချစ်သူဆီက ယုံကြည်မှုရအောင် လုပ်ယူပြီး နေထိုင်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

“ကျနော်ကတော့ ချစ်သူဆီက ယုံကြည်မှုရအောင် လုပ်ယူပြီး နေထိုင်တာမျိုးတော့ မရှိဘူး။ ကျနော့်ရဲ့ စိတ်နေစိတ်ထား၊ ကျနော်ရဲ့ အကျင့်တွေကို သူသိပါတယ်။ ကိုယ်က မဟုတ်တာလည်း မလုပ်ဘူး၊ ရှုပ်လည်း မရှုပ်တဲ့အတွက် ယုံကြည်အောင် နေပြစရာလည်း မလိုဘူး။ သူကတော့ ကျနော်ကို တော်တော်ချစ်တဲ့ မိန်းကလေး တယောက်ပါ”

“ကျနော် ချစ်တယ်ဆိုတာထက် ပိုပြီးတော့ ချစ်တဲ့သူလို့တောင် ပြောလို့ရပါတယ်။ အိမ်ထောင်ကျသွားရင် စိတ်ညစ်ရမယ်၊ မွန်းကြပ်ရမယ်ဆိုတဲ့ အတွေးကို မတွေးဘူး။ စိတ်ညစ်နေရင်တောင် ပျော်အောင်ဘယ်လိုနေမလဲဆိုတဲ့ အတွေးပဲ ရှိတယ်။ ကိုယ်ချစ်တဲ့သူကို ချစ်ပေးရုံ မဟုတ်ဘဲ အန္တရာယ်ဖြစ်မှာမျိုးကို စဉ်းစားပေးပြီး အကြံပေး ဖြစ်တယ်”လို့ ကောင်းပြည့်က ပြောပါတယ်။

အိမ်ထောင်ပြုပြီးရင်လည်း မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်လို့ သန္တာဗိုလ်က ဆိုပါတယ်။

“အိမ်ထောင်ပြုဖို့ လိုပါသေးတယ်။ အိမ်ထောင်ကျပြီးသွားရင်လည်း ပျော်ရွှင်သာယာတဲ့ မိသားစု ဘဝဖြစ်လာဖို့ကိုပဲ တွေးတယ်။ အိမ်ထောင်ပြုပြီးရင် အဆင်မပြေမှာတို့၊ မွန်းကြပ်မှာတွေကို မတွေးဘူး။ အခုလက်ရှိ အခြေအနေမှာလည်း စနှိုက်ကြော် ခံရတယ်၊ မခံရဘူးဆိုတာထက် ဟိုဘက်က ဘယ်လောက်ပဲ မြူဆွယ်ပါစေ။ အဓိက ကိုယ့်လူ မပါသွားရင်ပြီးတာပဲလေ။ အဓိကကတော့ ကိုယ့်လူပဲပေါ့။ ပါသွားခဲ့ရင်လည်း ငါ့ချစ်သူကို ငါက ပျော်ရွှင်မှု မပေးနိုင်လို့ မထိန်းသိမ်းနိုင်လို့ပဲ တွေးတယ်”

“အဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အဆင်ပြေအောင် ဘယ်လိုနေရမလည်း ပဲတွေးရမှာပေါ့။ အခုလည်း သူက ညီမကို ချစ်တယ်၊ သစ္စာရှိပေးတယ်။ နားလည်မှုပေးတဲ့ ယောကျ်ားကောင်း တယောက်ပေါ့။ သူက Facebook သိပ်မသုံးတော့ သူ့အစားပုံတွေ တင်ပေးဖြစ်တယ်။ သူ ကားရိုက်ရင် လိုက်မယ့် ဖက်ရှင်တွေလည်း ပြောပေးဖြစ်တယ်” လို့ သန္တာဗိုလ်က ပြောပါတယ်။

ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ ချစ်သူနှစ်ယောက်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပြီး အခုဆိုရင်တော့ သူတို့ စုံတွဲလေးဟာ ချစ်သူတွေဖြစ်နေကြတာ ၈ နှစ်ကျော်ပြီလို့ သိရပါတယ်။

You may also like these stories:

“၃ (က)” ရုပ်ရှင်ကို လူကြည့်နည်းတဲ့အပေါ် စိတ်မကောင်းဖြစ်နေတဲ့ သရုပ်ဆောင် ထူးခြား

“ပျံကျကူလီ” ရုပ်ရှင်ရိုက်ရင်း ကုန်ထမ်းသမားတွေ ဘဝကို စာနာမိတယ်လို့ ဆိုလာတဲ့ ကောင်းပြည့်

“ပျံကျကူလီ” ဇာတ်ကား ရိုက်ခဲ့တုန်းက အတွေ့အကြုံတွေအကြောင်း ပြောပြတဲ့ ဒါရိုက်တာ စတီးလ်

Did you find apk for android? You can find new Free Android Games and apps.
Loading