နယ်ပယ်အသီးသီးမှာ ရုပ်ရည်ချောမောခံ့ညားမှုရှိကြတဲ့ နာမည်ကျော်အများအပြားရှိကြပေမယ့် သူတို့ထက် ရုပ်ရည်ချောမောတဲ့ သားတွေ ပိုင်ဆိုင်ထားသူတွေကတော့ မရှိသလောက် ရှားပါးပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ နာမည်ကြီးဖခင်တွေထက် ရုပ်ရည်ပိုမိုခံ့ညားကြတဲ့ သားတွေပဲဖြစ်ပါတယ်။
(၁) Alexander Skarsgard & Bill Skarsgard
ဆွီဒင်သရုပ်ဆောင်တဦးဖြစ်တဲ့ Stellan Skarsgard တို့ မိသားစုဟာ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ မစိမ်းတဲ့ မိသားစုဖြစ်ပြီး သားတွေဖြစ်တဲ့ Alexander Skarsgard နဲ့ Bill Skarsgard တို့ဟာ သရုပ်ဆောင်အပိုင်းမှာရော ရုပ်ရည်ချောမော ခံ့ညားမှုမှာပါ ကိုယ်ပိုင်စွမ်းရည်ရှိကြသူတွေဖြစ်ပါတယ်။
(၂) Rafferty Law
မင်းသားကြီး Jude Law ကို ဖခင်တယောက်အနေနဲ့ သိသူနည်းပါးတာဖြစ်ပြီး သူဟာ ကလေးငါးယောက်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ သူ့ရဲ့ ပထမဦးဆုံးအိမ်ထောင်နဲ့ရရှိတဲ့ အသက်၂၃နှစ်အရွယ် သားဖြစ်သူ Rafferty Law ဟာဆိုရင်တော့ ရုပ်ရည်ခံ့ညားမှုကြောင့် မော်ဒယ်လောကမှာ နေရာတခုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
(၃) Brooklyn Beckham
ကမ္ဘာကျော်ဘောလုံးသမား David Beckham ရဲ့ သားဖြစ်သူ အသက်၂၀အရွယ် Brooklyn Beckham ကိုတော့ မိန်းကလေးပရိသတ်တော်တော်များများ သိကြမယ်ထင်ပါတယ်။ ကိုယ်တိုင် ဓာတ်ပုံဆရာတဦးဖြစ်သလို မော်ဒယ်အလုပ်ကို လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
(၄) Patrick Schwarzenegger
မင်းသားကြီး Arnold Schwarzenegger ရဲ့ သားဖြစ်သူ Patrick Schwarzenegger ဟာဆိုရင်တော့ ရုပ်ရည်ချောမောမှုအပိုင်းမှာ ဖခင်ထက်ပိုမိုသာလွန်သလို အသက်၁၅နှစ်အရွယ်လောက်ကတည်းက အမျိုးအသားအဝတ်အထည်ကုမ္ပဏီတခုကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။ မော်ဒယ်တဦးအနေနဲ့ ရပ်တည်နေသလို ငယ်ရွယ်စဉ်ကတည်းက ရုပ်ရှင်တော်တော်များများမှာ အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင် သရုပ်ဆောင်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။
Ref. www.brightside.me
You may also like these stories:
ပရိသတ်ကို အသိပေးခြင်း မရှိဘဲ အခွေသစ် ထုတ်လိုက်တဲ့ အဆိုတော် Eminem
Battle ဇာတ်ဝင်ခန်းတွေနဲ့ အက်ရှင်အကြမ်းစားတွေ ပါဝင်လာတဲ့ Mulan ရုပ်ရှင် ဒုတိယ Trailer
“Cats & Dogs 3” ရုပ်ရှင်အတွက် ရိုက်ကူးရေးစတင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်