သရုပ်ဆောင်နေတိုးက ဦးနှောက်သွေးခဲပြီး ဆေးရုံတက်နေရတဲ့ သရုပ်ဆောင် ဗေလုဝက တွေ့သူတိုင်းကို နေတိုးလို့ခေါ်နေတဲ့အပေါ် စိတ်မကောင်းဖြစ်မိပြီး သက်သာပါစေလို့ ဆုတောင်းပေးကြောင်း မီဒီယာတွေကိုပြောပါတယ်။
“ဦးဗေဆေးရုံတက်နေတာ စိတ်လည်း မကောင်းဖြစ်မိတယ်။ အမြန်ဆုံး သက်သာပြီးတော့ ရောဂါခံစားနေရတာကနေ သက်သာပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ခံစားမှုကတော့ စိတ်မကောင်းဖြစ်မိတယ်။ ကျနော့် နာမည်ပဲခေါ်တယ် ဆိုတာတော့ ထွေထွေထူးထူးတော့ မပြောချင်ပါဘူး။ အရမ်းလည်း အံ့သြမိတယ်။ ကျနော့်နာမည်တခုပဲ သိတယ်ဆို တာတော့ စဉ်းစားလို့တောင်မရဘူး”
“ကျနော်နဲ့ဦးဗေက ရင်းနှီးပါတယ်။ အနုပညာလောကကို စတင်ဖြတ်သန်းလာ ကတည်းက ကျနော်တို့ကို သင်ကြားပေး ခဲ့တယ်။ ရုပ်ရှင်တွေလည်း အများကြီး တွဲရိုက်ဖူးတဲ့ သရုပ်ဆောင် တယောက်ဖြစ် ပါတယ်။ ဦးဗေနဲ့ ကျနော်နဲ့အရမ်းခင် ပါတယ်။ အနုပညာလောက ကလူတွေ ကျန်းမာရေးသတင်းတွေ ကြားနေရတာ ကလည်း ကျနော်တို့ လူလောက နေရာတိုင်းမှာတော့ အဆင်မပြေမှုတွေကရှိနေကြတာပေါ့။ အနုပညာရှင်တွေဆိုတော့ ပိုသိတာသိရှားတဲ့ သဘောပါပဲ။ အနုပညာရှင်မှမဟုတ်ပါဘူး”လို့ နေတိုးကပြောပါတယ်။
အကယ်ဒမီနီးကပ်လာပေမယ့် ထွေထွေထူးထူး ရင်ခုန်မျှော်လင့်ချက် မရှိသေးဘူးလို့ဆိုတဲ့ နေတိုးက ပရိသတ်တွေ ဇာတ်ကား အများဆုံးကြည့်ရခဲ့တဲ့ နှစ်တနှစ် လို့ သုံးသပ်မိတယ်လို့ဆိုပါတယ်။
“၂၀၂၀မှာ ဇာတ်ကားတွေ ရိုက်ဖို့ရှိပါတယ်။ အကယ်ဒမီနီးလာတော့ ထွေထွေထူးထူးတော့ မရှိပါဘူး။ ပရိသတ်ရဲ့ ထင်မြင်ယူဆချက်လေးတွေ အကယ်ဒမီပေါ်မျှော်လင့်ချက်လေးတွေ အမြင်လေးတွေတော့ နည်းကပ်လာတယ်ပေါ့။ ကျနော်အနေနဲ့တော့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးကြိုးစားထားခဲ့ပါတယ်။ ပရိသတ်တွေ မျှော်လင့်ချက်ရှိကောင်းရှိ နိုင်တဲ့ နှစ်တနှစ်လို့ မြင်ပါတယ်”
“ကျနော်အနေနဲ့က ထွေထွေထူးထူး ရင်ခုန်မျှော်လင့်ချက်တော့ မရှိပါဘူး။ ကားတွေ များထဲ့အခါကျတော့ ကာရိုက်တာ တွေကလည်း စုံတဲ့ နှစ်တနှစ်လို့ပြောလို့ရတယ်။ ကျနော်ပရိသတ် တွေဇာတ်ကား ကြည့်ရှုမှုပေါ်မှာ အများဆုံးကြည့်ရခဲ့ရ သလို အားပေးကြတဲ့ နှစ်တနှစ် လို့ သုံးသပ်မိပါတယ်။ ပရိသတ်နဲ့ကျနော်ကြား မှာတော့ ကျေနပ်စရာ ရှိခဲ့တဲ့ နှစ်တနှစ်လို့ပြောရမယ်”လို့ နေတိုးကပြောပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်လေ့ရှိတဲ့ သရုပ်ဆောင် နေတိုးကတော့ “မိုးည အိပ်မက်မြူ”၊ “နက္ခတ်မှားတဲ့ တိုက်ပွဲ”၊ “တာတေကြီး”စတဲ့ ဇာတ်ကားများနဲ့ အကယ်ဒမီဆုများ ရရှိထားသူ ဖြစ်ပါတယ်။ နေတိုး ပါဝင် သရုပ်ဆောင်ထားတဲ့ “မြက်နု”ဇာတ်ကားကလည်း မကြာခင်မှာရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
You may also like these story:
ဗေလုဝရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်ရတယ်လို့ ဇနီးဖြစ်သူ ပြော