Entertainment

သြစတြေးလျတောမီး မီးခိုးငွေ့တွေကြောင့် သားဖြစ်သူကို ခေါ်သွားဖို့ အဆင်မပြေသေးဘူးလို့ ယွန်းဝတီလွင်မိုးပြော

သရုပ်ဆောင် ယွန်းဝတီလွင်မိုးဟာ သြစတြေးလျမှာ ကျောင်းတက်နေရာကနေ မြန်မာနိုင်ငံကို ခေတ္တခဏအလည်ရောက် နေပါတယ်။ လက်ရှိသြစတြေးလျမှာ တောမီးလောင်မှုကြောင့် မီးခိုးငွေ့တွေများနေတဲ့အတွက် သားဖြစ်သူကို အလည်ခေါ်ဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

“ သြစတေးလျတိုက်မှာ မီးလောင်နေတာက မြို့ထဲကို အငွေ့တွေကလာတယ်။ မီးခိုးငွေ့တွေလာတော့ လေမသန့် သေးတော့ ခေါ်သွားလို့မရသေးတော့ မခေါ်သွားသေးတာပါ။ ခေါ်သွားဖို့ လုံးဝမသင့်တော်သေးဘူး။ အခုမိုးပြန်ရွာနေတော့ တော်တော်ငြိမ်းနေပြီ လို့ကြားရပါတယ်။ ဇွန်၊ဇူလိုင်ဆိုတော့ မီးထပ်မလောင်ဘူးလို့မျှော်လင့်နေတာပေါ့”

“အခုလိုမီးလောင်တာ အရမ်းစိတ်မကောင်းဖြစ်ရတယ်။ မယုံနိုင်စရာကြီးပေါ့နော်။ အကောင်လေးတွေ ၁ဘီလီယံကုန်သွားပြီ။ နံပါတ်ပဲမြင်နေရ တယ်။ တကယ်အစစ်လား ဆိုတာယုံရ ခက်တယ်။ ညီမတို့ကလည်း တတ်နိုင်သလောက်ရှဲတယ်။ လှူတယ်”လို့ ယွန်းဝတီလွင်မိုးကပြောပါတယ်။

သားဖြစ်သူ Liam လေးကလည်း ပရိသတ်အချစ်တော်တဦးဖြစ်နေတဲ့အတွက် သားဖြစ်သူနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“သားလေးက လူလုံးဝမကြောက်ဘူး။ စကားတွေ ပြောတတ်လာပြီ။ မေမေနဲ့ဖေဖေလည်း စိတ်ကောက်တတ်ပြီ။ သားလေး ကင်မရာမကြောက်တတ်ဘူး။ အမေနဲ့ အဖိုးသွေးပါပါတယ်။ သားသားက ကားတွေ အရမ်းကြိုက်တယ်။ ဖေဖော်ဝါရီလကုန် ထိရှိပါတယ်။ ကျောင်းတက်မယ်။ အလုပ်ရှိရင်လည်း ရှိသလို ပြန်လာမယ်။ ကလေးလည်း လာတွေ့မှာပါ”

“ ကျောင်းပြီးသွား ရင်တော့ ဖေဖေနဲ့ပဲဖြစ်ဖြစ် အမျိုးသားနဲ့ပဲဖြစ်ဖြစ် စီးပွားရေးလုပ်ဖို့ရှိပါတယ်။ လတ်တလော တော့ ကြော်ငြာ လေးတွေရိုက် ထားတယ် ”လို့ ယွန်းဝတီလွင်မိုးကပြောပါတယ်။

ယွန်းဝတီလွင်မိုးကတော့ ခင်ပွန်းဖြစ်သူနဲ့အတူ သြစတြေးလျမှာ ကျောင်းသွားတက်နေသူတဦးဖြစ်ပြီး ကျောင်းအားရက်တွေမှာတော့ မြန်မာပြည်ကို ပြန်လာကာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူပါ။

Loading