Entertainment

မြောက်အမေရိကမှာ ရုံဝင်ငွေစာရင်း ထိပ်ဆုံးရောက်နေတဲ့ "Bad Boys For Life" ရုပ်ရှင်

ပရိသတ်တွေ ကာလကြာရှည် စောင့်ဆိုင်းနေခဲ့ရတဲ့ မင်းသား Will Smith နဲ့ မင်းသား Martin Lawrence တို့ရဲ့ “Bad Boys for Life” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း ရုံဝင်ငွေစာရင်းရဲ့ ထိပ်ဆုံးနေရာကို ပွဲဦးထွက်ကာလမှာပဲ ရရှိသွားခဲ့တာကို တွေ့ရပါတယ်။

Box Office Mojo မီဒီယာရဲ့ အဆိုအရ တတိယမြောက် “Bad Boys” ရုပ်ရှင်ဟာ ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၅၉ သန်းရရှိခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ မာတင်လူသာကင်း ပိတ်ရက် အဆုံးသတ်မှာ ဒေါ်လာ ၆၈ သန်း ဝင်ငွေရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Variety မီဒီယာရဲ့ အဆိုအရ “Bad Boys for Life” ရုပ်ရှင်ဟာ ဒေါ်လာ ၃၈ သန်းကနေ ဒေါ်လာ ၄၅ သန်းအထိ ကြားထဲက ပမာဏတခုနဲ့ ပွဲထွက်လာလိမ့်မယ်လို့ ခန့်မှန်းထားခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံတကာဈေးကွက်မှာ ဒေါ်လာ ၃၈ ဒဿမ ၆ သန်းရရှိခဲ့တာကြောင့် စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၁၀၆ ဒဿမ ၇ သန်းရရှိသွားခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယနေရာမှာ ရှိနေတာကတော့ မင်းသား Robert Downey Jr ပါဝင်ထားတဲ့ “Dolittle” ရုပ်ရှင်ဖြစ်ပြီး အဖွင့် သီတင်းပတ်မှာတင် ဝင်ငွေဒေါ်လာ ၂၂ ဒဿမ ၅ သန်းရရှိခဲ့ပြီ ဖြစ်ပါတယ်။

“Dolittle” ရုပ်ရှင်ရဲ့ ရိုက်ကူးကုန်ကျစရိတ်ဟာ ဒေါ်လာ ၁၇၅ သန်းရှိတာကြောင့် ကုန်ကျစရိတ်ကို ကာမိနိုင်ဖို့ တော်တော်လေးကို ရုံဝင်ငွေ လိုအပ်နေသေးတာကို တွေ့ရပါတယ်။ ဆုတွေကို တလှေကြီး ပိုင်ဆိုင်ရရှိနေတဲ့ Universal ရဲ့ ပထမကမ္ဘာစစ်အသားပေး “1917” ရုပ်ရှင်ကတော့ တတိယနေရာမှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ တပတ်ကျော် သီတင်းပတ်ကုန်ပိုင်းရဲ့ ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်ခဲ့တဲ့ အဲ့ဒီရုပ်ရှင်ဟာ အခုသီတင်းပတ်မှာ ဒေါ်လာ ၂၂ သန်းထပ်မံ ရရှိခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ လာမယ့်လမှာ ကျင်းပတော့မယ့် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် ဆန်ခါတင် ဆု ၁၀ ဆု လျာထားခံထားရပါတယ်။

Ref: etcanada

You may also like these stories:

မင်းသား Paul Walker ရဲ့ ကား ၂၁ စီးကို ဒေါ်လာ ၂ ဒဿမ ၃၃ သန်းနဲ့ လေလံပစ် ရောင်းချ

ပရိသတ်ကို အသိပေးခြင်း မရှိဘဲ အခွေသစ် ထုတ်လိုက်တဲ့ အဆိုတော် Eminem

Battle ဇာတ်ဝင်ခန်းတွေနဲ့ အက်ရှင်အကြမ်းစားတွေ ပါဝင်လာတဲ့ Mulan ရုပ်ရှင် ဒုတိယ Trailer

Loading