• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

၂၆ ကြိမ်မြောက် SAG ဆုပေးပွဲမှာ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တဲ့ “Parasite” ရုပ်ရှင်

by မစ်ကီ
20 January 2020
in Entertainment
A A
"Parasite" ရုပ်ရှင်မှာ ပါဝင်ကြတဲ့ သရုပ်ဆောင်များ

"Parasite" ရုပ်ရှင်မှာ ပါဝင်ကြတဲ့ သရုပ်ဆောင်များ

4.8k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ လော့စ်အင်ဂျလိစ် ဒေသစံတော်ချိန် ညပိုင်းမှာ ကျင်းပခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံး (SAG) ဆုပေးပွဲမှာ “Parasite” ရုပ်ရှင်က အကောင်းဆုံး သရုပ်ဆောင် ဖျော်ဖြေတင်ဆက်မှုဆုကို ရရှိသွားခဲ့ပါတယ်။

သက်တမ်း ၂၆ နှစ်ရှိခဲ့ပြီဖြစ်တဲ့ SAG ဆုပေးပွဲမှ အခုလိုမျိုး နိုင်ငံခြား စကားပြော ရုပ်ရှင်ကား တကားကနေ အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှုဆုကို ရရှိတာ ဒါပထမဆုံး အကြိမ်ဖြစ်ပြီး “Parasite” ရုပ်ရှင်ထဲက သရုပ်ဆောင်တွေဖြစ်ကြတဲ့ Choi Woo-shik, Lee Sun Gyun, Park So-dam, Song Kang-ho နဲ့ Lee Jeong-eun တို့က ဆုကို တက်ရောက် လက်ခံ ရယူခဲ့ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.4k
မြိတ်မြို့

မြိတ်မြို့

11 May 2025
581
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
252

သူတို့ရရှိတဲ့ ဆုကို လက်ခံမယူခင် စင်ပေါ်ကို ရောက်ရှိခဲ့တဲ့အချိန်မှာ စင်အောက်မှာ ရှိနေတဲ့ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Renée Zellweger, Adam Driver နဲ့ Brad Pitt တို့က မတ်တပ်ရပ်ပြီး အားပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါရိုက်တာ Bong Joon-Ho ကတော့ သရုပ်ဆောင်တွေကို သူ့ရဲ့ ဖုန်းနဲ့ မှတ်တမ်းတင်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ရှိတဲ့ ဆင်းရဲချမ်းသာ ကွာဟမှုကို သလျော်တဲ့ သဘောနဲ့ ရိုက်ကူးထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း အထူးဆုကြီးကို ရရှိခဲ့သလို ရွှေကမ္ဘာလုံးဆုပေးပွဲမှာလည်း အကောင်းဆုံး နိုင်ငံတကာ စကားပြောရုပ်ရှင်ဆုကို ရရှိထားပါတယ်။

ဆုလက်ခံရယူချိန်မှာ သရုပ်ဆောင်တဦးက “ဒီရုပ်ရှင်ကို ကြည့်ပြီး ကျနော်တို့ရဲ့ ဇာတ်ကောင်တွေ ပြောင်းလဲသွားတာကို ခင်ဗျားတို့ အဖြေရှာကြပါလိမ့်မယ်။ ပြီးတော့ ဘယ်သူက ဟီးရိုးလဲ၊ ဘယ်သူက ဗီလိန်လဲဆိုတာကို မေးခွန်း ထုတ်ကြပါလိမ့်မယ်။ ပြီးတော့ ခင်ဗျားတို့ ရုပ်ရှင်ရုံထဲကနေ ပြန်ထွက်သွားတဲ့အချိန်မှာတော့ အဖြေထုတ်ကောင်း ထုတ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

“Parasite” ရုပ်ရှင်ဟာ အကောင်းဆုံး ဇာတ်ကားဆု၊ နိုင်ငံခြားစကားပြော ရုပ်ရှင်ဆု၊ ထုတ်လုပ်မှု ဒီဇိုင်းဆု၊ မူရင်း ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆုနဲ့ ရုပ်ရှင်တည်းဖြတ်မှုဆုတို့ အပါအဝင် ဆု ၆ ဆု လျာထားခံရပါတယ်။

Ref:etcanda

You may also like these stories:

မြောက်အမေရိကမှာ ရုံဝင်ငွေစာရင်း ထိပ်ဆုံးရောက်နေတဲ့ “Bad Boys For Life” ရုပ်ရှင်

မင်းသား Paul Walker ရဲ့ ကား ၂၁ စီးကို ဒေါ်လာ ၂ ဒဿမ ၃၃ သန်းနဲ့ လေလံပစ် ရောင်းချ

ပရိသတ်ကို အသိပေးခြင်း မရှိဘဲ အခွေသစ် ထုတ်လိုက်တဲ့ အဆိုတော် Eminem

Your Thoughts …
Tags: 'Parasite' ရုပ်ရှင်SAG ဆုပေးပွဲ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

Parasite ရုပ်ရှင်ကို  ဆုပေးလို့ဝေဖန်လိုက်တဲ့ သမ္မတ ဒေါ်နယ်ထရန့်

“Parasite” ရုပ်ရှင်ကို အကောင်းဆုံးဇာတ်ကားဆုပေးလို့ ဝေဖန်လိုက်တဲ့ သမ္မတ ဒေါ်နယ်ထရန့်

by မစ်ကီ
21 February 2020
8.9k

အဲ့ဒီရုပ်ရှင်ဟာ အကောင်းဆုံးနိုင်ငံခြားစကားပြောရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆု တို့အပါအဝင် အော်စကာဆု ၄ ခု ရရှိခဲ့ပါတယ်။

အော်စကာဆု ရရှိခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho

အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆုကို “Parasite” ရုပ်ရှင် ထိုက်ထိုက်တန်တန် ရရှိ

by မစ်ကီ
10 February 2020
6.1k

Joker မင်းသား Joaquin Phoenix ကတော့ သူ့ရဲ့ အထီးကျန်လူရွှင်တော် ဇာတ်ကောင်နဲ့ပဲ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ရရှိသွားပါတယ်။

"Parasite" ရုပ်ရှင် ရိုက်ကူးတဲ့ ဒါရိုက်တာ Bong Joon-ho

အမေရိက ရုံဝင်ငွေစာရင်းမှာ အောင်ပွဲခံနေတဲ့ “Parasite” ရုပ်ရှင်

by မစ်ကီ
5 November 2019
7.3k

ဒါရိုက်တာ Bong ရဲ့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် "Snowpiercer" ရရှိခဲ့တဲ့ ဝင်ငွေ ဒေါ်လာ ၄ ဒဿမ ၆ သန်းကို ကျော်လွန်ပြီး "Parasite" ရုပ်ရှင်က ဒေါ်လာ ၇ ဒဿမ ၅...

"Parasite" ရုပ်ရှင်ထဲမှ ဇာတ်ဝင်ခန်း 

အော်စကာ ဆုပေးပွဲအတွက် တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြုရုပ်ရှင်အဖြစ် “Parasite” ရွေးချယ်ခံရ

by မစ်ကီ
23 August 2019
11.4k

"Parasite" ဟာ ဒါရိုက်တာ ဘုံအတွက်တော့ သတ္တမမြောက် ရုပ်ရှင်ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ "Snowpiercer" နဲ့ ၂၀၁၇ ခုနှစ်တို့မှာ "Okja" တို့လိုမျိုး အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေကို ဖန်တီးခဲ့ဖူးပါတယ်။

"Parasite" ရုပ်ရှင်

“Parasite” ရုပ်ရှင်ကို HBO ရဲ့ Limited စီးရီးအဖြစ် ပြန်လည်ဖန်တီးဖို့ ရှိနေ

by မစ်ကီ
10 January 2020
3.8k

အဲ့ဒီသည်းထိတ်ရင်ဖို ဟာသဇာတ်မြူး ကိုရီးယားရုပ်ရှင်ဟာ အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၂၃ သန်းနဲ့ ကမ္ဘာတဝန်းမှာ ဒေါ်လာ သန်း ၁၃၀ ဝင်ငွေ ရရှိခဲ့ပါတယ်။

"Parasite" ရုပ်ရှင် 

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆုရ “Parasite” ရုပ်ရှင် ကြိုတင်လက်မှတ် ရောင်းအားကောင်းနေ

by မစ်ကီ
27 May 2019
5.9k

အဲဒီ ရုပ်ရှင်ဟာ ရှုပ်ထွေးပေပွနေတဲ့ မြေအောက်ခန်းမှာ နေထိုင်ရတဲ့ ဆင်းရဲသား မိသားစုတခုနဲ့ ငွေကြေး ဓနရှင် မိသားစု တခုတို့ကြားက မတော်တဆမှု တခုအကြောင်းကို ဟာသနှောပြီး တင်ဆက်ထားတာဖြစ်ပါတယ်။

Next Post
အရင်လိုယူဦးမလား

အရင်လိုယူဦးမလား

လာအို လေကြောင်းလိုင်း

လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းလာတဲ့ လာအိုနိုင်ငံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate