Entertainment

အနုပညာကြေးတွေ စုပြီး ရန်ကုန်မှာ အိမ်ဝယ်ဖို့ ကြိုးစားနေတဲ့ ဖြူဖြူထွေး

Want create site? Find Free WordPress Themes and plugins.

အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဖြူဖြူထွေးက ရန်ကုန်မှာ အိမ်ဝယ်ဖို့ အတတ်နိုင်ဆုံး ရသမျှ အနုပညာကြေးတွေစုပြီး မကြာခင် အကောင်အထည် ဖော်နိုင်တော့မယ်လို့ ဆိုပါတယ်။

“ရန်ကုန်မှာ အိမ်ဝယ်တော့မယ်။ ဘဏ်နဲ့ချိတ်ပြီးတော့ ဝယ်မလို့၊ ဝယ်ပြီးသွားရင်လည်း ပြောပြပါမယ်။ ဘယ်လိုလုပ်ရတယ် ဆိုတာကိုပေါ့။ ကျန်တဲ့သူတွေလည်း ဝယ်လို့ရအောင်ပါ။ ရန်ကုန်မှာ အိမ်ငှားတဲ့ ပိုက်ဆံက ပြန်တွက်ကြည့်လိုက်ရင် အိမ်တလုံးစာလောက် ရှိတယ်။ ကိုယ်တိုင် ပြန်စဉ်းစားပြီး ဝယ်ဖို့ကြိုးစားနေတယ်။ ခြံဝင်းလေးနဲ့ နေချင်တယ်။ မကြာခင်မှာ ဝယ်နိုင်အောင် ပိုက်ဆံစုပြီး ကြိုးစားနေတယ်”လို့ ဖြူဖြူထွေးက ပြောပါတယ်။

ဆက်လက်ပြီး ဖြူဖြူထွေးက သူ့ရဲ့ ရည်ရွယ်ချက်တွေ အကုန်ပြည့်သွားပြီလို့ ဆိုပြီး ပိုက်ဆံ စုဖြစ်တဲ့ အကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။

“ရည်ရွယ်ချက်တွေက အကုန်ပြည့်သွားပြီ။ အခု အိမ်ဝယ်ဖို့ပဲ ရှိတာပေါ့။ ပိုက်ဆံကို ဘယ်လိုစုလဲဆိုတော့ အခု ရှုတင်တခုရှိတယ်ဆိုရင် မိတ်ကပ်ဖိုးရယ်၊ အဝတ်စားဖိုးရယ် ဖယ်ပြီး အကုန်ဘဏ်ထဲ ထည့်တယ်။ ဘာတခုမှ မသုံးဘူး။ ဘေလ်တော့ သုံးတယ်။ ကျန်တာ ဘာမှ မသုံးဘူး။ အတတ်နိုင်ဆုံး ရသမျှ အနုပညာကြေးတွေစုပြီး မကြာခင်မှာ အကောင်အထည် ဖော်နိုင်မယ်လို့ယုံ ကြည်တယ်”လို့ ဖြူဖြူထွေးက ဆိုပါတယ်။

အခုလို မိဘတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာတယ်လို့ ဖြူဖြူထွေးက ပြောပါတယ်။

“မိဘတွေ ဆန္ဒကို ဖြည့်ဆည်းနိုင်မယ်လို့ မထင်ထားခဲ့ဘူး။ အခုလို ဖြစ်လာချိန် အကောင်းဆုံးကြိုးစားပြီး မိဘတွေ ဆန္ဒဖြည့်ဆည်းလုပ်ကိုင်ပေးတယ်။ မိဘတွေလိုအပ်တာ ဖြည့်ဆည်းပေးနိုင်လို့ ဝမ်းသာတယ်။ အခုကြိုးစားပြီး အလုပ်တွေ လုပ်ကိုင်နေပါတယ်။ လတ်တလောတော့ ကြော်ငြာတွေ ရိုက်ကူး နေပါတယ်”

“ကြော်ငြာနဲ့ သရုပ်ဆောင် တော်တော် ကွာသွားတယ်။ ကြော်ငြာတော်တော်များများက ပစ္စည်းလေးကိုင်ပြီး ရိုက်ရင်ရတယ်။ ရုပ်ရှင်ကျတော့ အိုက်တင်တွေ၊ မျက်လုံးတွေ၊ Mood တွေက အစ လုပ်ရတယ်။ လိုအပ်ရင်လည်း သင်ပေးကြပါတယ်။ ရသလို ပညာယူပါတယ်”လို့ ဖြူဖြူထွေးက ပြောပါတယ်။

ဟာသ ဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ ဖြူဖြူထွေးဟာ အခုဆိုရင်တော့ ဗီဒီယို ဇာတ်ကားတွေ၊ ကြော်ငြာတွေလည်း ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

You may also like these stories:

စိုင်းစိုင်းနဲ့အတူ ရိုက်ထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ဇာတ်ကားအတွက် ရင်ခုန်နေတဲ့ ပိုးမမှီသာ

၂၆ ကြိမ်မြောက် SAG ဆုပေးပွဲမှာ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တဲ့ “Parasite” ရုပ်ရှင်

မြောက်အမေရိကမှာ ရုံဝင်ငွေစာရင်း ထိပ်ဆုံးရောက်နေတဲ့ “Bad Boys For Life” ရုပ်ရှင်

Did you find apk for android? You can find new Free Android Games and apps.
Loading