ကမ္ဘာတဝှမ်းမှာ ပြသနေဆဲဖြစ်တဲ့ Dolittle ရုပ်ရှင်ဟာ ဒါရိုက်တာ Stephen Gaghan ရိုက်ကူးထားတဲ့ Adventure, Comedy, Family, Fantasy အမျိုးအစား ရုပ်ရှင်ဇာတ်ကား တကားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ Robert Downey Jr. , Antonio Banderas တို့အပြင် တခြားသရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်ထားကြပါတယ်။
Dolittle ရုပ်ရှင်ဟာ ဖျော်ဖြေရေး ရုပ်ရှင်တွေထဲမှာ တခုအပါအဝင်အဖြစ် အောင်မြင်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ ပြသချိန်ကနေ တပတ်အတွင်း တကမ္ဘာလုံးအတိုင်းအတာ ဒေါ်လာ ၅၇ ဒဿမ ၃သန်းအထိ ဝင်ငွေရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာပါ။
ဒေါ်လာ သန်း ၁၈၀ လောက်အထိ အသုံးပြု ရိုက်ကူးထားတာဖြစ်လို့ Dolittle ရုပ်ရှင်ရဲ့ ထုတ်လုပ်မှုအပေါ်သုံးစွဲထားတဲ့ ငွေကြေးပမာဏနဲ့တင် ဘယ်လောက် အားစိုက်ထားတယ်ဆိုတာ သိမြင်နိုင်ကြမှာပါ။
Rotten Tomatoes ရဲ့ မှတ်တမ်းတွေအရတော့ ၁၈ ရာခိုင်နှုန်းသာ ရှိနေသေးတဲ့အပြင် Iron Man မင်းသား Robert Downey Jr. ရဲ့ သရုပ်ဆောင်မှုနဲ့အတူ ဆက်လက်မြင့်တက်လာနိုင်ဦးမလား ဆိုတာတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
ရုပ်ရှင်ကို ကြည့်ရှုပြီးသူတွေကတော့ နောက်ဆုံး ဇာတ်ဝင်ခန်းနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ အံ့အားသင့်ခဲ့ရကြောင်း တုန့်ပြန်မှုတွေ ထွက်ပေါ်လာပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ထင်မြင်ယူဆချက်တွေ ပျံ့နှံ့ နေတာပါ။
တချို့ပရိသတ်တွေရဲ့ ထင်မြင်ယူဆချက်တွေမှာတော့ Spoiler သဘောဆန်တာတွေ ပါဝင်နေတာ ဖြစ်သလို ရုပ်ရှင် ဝေဖန်ရေးဆရာတွေရဲ့ ဝေဖန်သုံးသပ်ချက်တွေကလည်း မြင့်တက်နေခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘာပဲဖြစ်ဖြစ် Robert Downey Jr. ရဲ့ သရုပ်ဆောင်မှုနဲ့ ပါဝင်တဲ့ တိရစ္ဆာန်လေးတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှုချင်စိတ် ရှိတယ် ဆိုရင်တော့ Dolittle ရုပ်ရှင်ဟာ ရုပ်ရှင်ရုံပိတ်ကားပေါ် ရှိနေဦးမှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
ဂျိမ်းစ်ဘွန်း ဇာတ်ကောင်နေရာမှာ အမျိုးသမီး ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလို့ ထုတ်လုပ်သူ ပြော
ဝင်ငွေရပ်တန့်သွားလို့ Iron Man အဖြစ်က နုတ်ထွက်ခဲ့ကြောင်း Robert Downey Jr. နောက်ပြောင် ပြော
စူပါဟီးရိုး ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ ငြင်းဆိုခဲ့ကြတဲ့ နာမည်ကျော်များ