Entertainment

“နွေလယ်ညရဲ့ လမင်း” ဇာတ်လမ်းတွဲထဲက နွေဦး ဇာတ်ကောင်အကြောင်း ပြောပြတဲ့ ဘုန်းရှိန်ခန့်

Want create site? Find Free WordPress Themes and plugins.

“နွေလယ်ညရဲ့ လမင်း” ဇာတ်လမ်းတွဲထဲက နွေဦး ဇာတ်ကောင်နဲ့ ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိခဲ့တဲ့ သရုပ်ဆောင် ဘုန်းရှိန်ခန့်က ရိုက်ကူးစဉ်က အမှတ်တရများအကြာင်း အခုလိုပဲ ပြောပြပါတယ်။

“နွေလယ်ညရဲ့ လမင်း ဇာတ်ကားမှာ အမှတ်တရတွေတော့ အများကြီးပဲပေါ့။ အဖွဲ့အတွက်လည်း ဂုဏ်ယူတယ်။ ပရိသတ်တွေ အားပေးလို့ ဝမ်းသာတယ်၊ ပီတိလည်းဖြစ်တယ်။ ပရိသတ်တွေကလည်း ကျနော့် ဇာတ်လမ်းတွဲ၊ ဇာတ်ကောင်တိုင်းကို အားပေးခဲ့ကြတယ်။ အခု နွေဦးကို အားပေးတာကလည်း ကျနော့်အတွက် အမြဲအမှတ်ရနေမယ့် မှတ်တိုင်တခုပါပဲ”လို့ ဘုန်းရှိန်ခန့်က ပြောပါတယ်။

သရုပ်ဆောင် သံသာညီနဲ့ ဘုန်းရှိန်ခန့် (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

“ရိုက်ခဲ့တုန်းက မိုးရာသီလည်းဖြစ်တာကြောင့် အမှတ်တရတွေလည်းဖြစ်တယ်။ ကျနော်တို့ တဖွဲ့လုံး ညှိနှိုင်းပြီးပဲ သရုပ်ဆောင်ခဲ့ကြတယ်။ ကျနော် ဖူးဝေ(သံသာညီ)ကို သနားတဲ့ အခန်းတွေ ရှိတယ်။ ရိုက်နေတုန်းက အော်ထုတ်လိုက်တဲ့ အခန်း၊ ရိုက်ပြီးတော့ ဖူးဝေက ‘အစ်ကိုရယ် ညီမကို အဲ့လောက် မအော်ပါနဲ့၊ အရမ်းငိုချင်လာလို့ပါ’လို့ ပြောတော့ အရမ်းသနားမိတယ်။ ရေကူးကန်ထဲဆင်းတဲ့ အခန်းဆိုရင် မိန်းကလေးတယောက်တည်း ပြုတ်ကြတာ သနားဖို့ကောင်းတယ်”လို့ ဘုန်းရှိန်ခန့်က ဆိုပါတယ်။

ဆက်လက်ပြီး ဇာတ်လမ်းထဲက စိုးစန္ဒာလို မိန်းကလေးမျိုးကို ချစ်မိပြီဆိုရင် နှလုံးသားနဲ့ ချစ်နေပါစေ၊ ဦးနှောက်နဲ့ ဆုံးဖြတ်ရမယ်လို့ ဘုန်းရှိန်ခန့်က ဆိုပါတယ်။

“ကျနော် အပြင်မှာတော့ စိုးစန္ဒာလို မိန်းကလေးမျိုးကို တွေ့တော့ တွေ့မိလိမ့်မယ်။ တွေ့ခဲ့ရင်တောင် မယူခင်မှာ သေချာ တိုင်ပင်မယ်။ စိုးစန္ဒာလို မိန်းကလေးမျိုးကို ချစ်မိပြီ ဆိုရင်တော့ နှလုံးသားနဲ့ ချစ်နေပါစေ၊ဦးနှောက်နဲ့ ဆုံးဖြတ်ရမယ်လို့တော့ ထင်မိပါတယ်”

“အချစ်ရေးမှာ အေးချမ်းတဲ့ အချစ်ပဲ လိုချင်တာပေါ့။ ကိုယ်က ချစ်ရတယ်ဆိုကတည်းက ပူလောင်တဲ့ဟာမျိုးလည်း မလိုချင်ဘူးလေ။ ကိုယ်ချစ်တဲ့သူကို ကိုယ်ပဲ ချစ်ချင်တယ်။ ပရိသတ်တွေကြောင့် ဘုန်းရှိန်ခန့်ဆိုတာ ဖြစ်လာတာပါ။ ကျနော့် အနုပညာ မှန်သမျှကို ပရိသတ်တွေ အားပေးပါ၊ ဝေဖန်ပါလို့ ပြောချင်ပါတယ်”လို့ ဘုန်းရှိန်ခန့်က ပြောပါတယ်။

သရုပ်ဆောင် ဘုန်းရှိန်ခန့်ဟာ အနုပညာလောကထဲကို မော်ဒယ် တယောက်အဖြစ် စတင်ဝင်ရောက်ခဲ့သူပါ။ အဲ့ဒီနောက် “Sing of Love” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကနေစပြီး သရုပ်ဆောင်လောကထဲ ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲများစွာ ရိုက်ကူးနေပြီး သရုပ်ဆောင်ကောင်းသူ အဖြစ် ပရိသတ်များက အားပေးနေကြပါတယ်။

You may also like these stories:

သံသာညီနဲ့ ဖူးဝေ ဇာတ်ကောင်ကို တွဲပြီး သိစေချင်တဲ့ သရုပ်ဆောင် သံသာညီ

အနုပညာကြေးတွေ စုပြီး ရန်ကုန်မှာ အိမ်ဝယ်ဖို့ ကြိုးစားနေတဲ့ ဖြူဖြူထွေး

စိုင်းစိုင်းနဲ့အတူ ရိုက်ထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ဇာတ်ကားအတွက် ရင်ခုန်နေတဲ့ ပိုးမမှီသာ

Did you find apk for android? You can find new Free Android Games and apps.
Loading