• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မကြာခင် ရုံတင်မယ့် ရုပ်ရှင်မှာ သမ္မတကို လုပ်ကြံသူအဖြစ် မြင်တွေ့ရမယ့် မင်းသား လီဗြောင်ဟွန်း

by မစ်ကီ
21 January 2020
in Entertainment
A A
ကိုရီးယား မင်းသား လီဗြောင်ဟွန်း

ကိုရီးယား မင်းသား လီဗြောင်ဟွန်း

4.7k
VIEWS
Share on FacebookShare on Twitter

မကြာခင် ရုံတင်တော့မယ့် “The Man Standing Next” ရုပ်ရှင်ဟာ တောင်ကိုရီးယား ဒီမိုကရေစီရဲ့ အမှောင်မိုက်ဆုံး နေ့ရက်များဆီ ပြန်လည် ဆွဲခေါ်သွားနိုင်လိမ့်မယ်လို့ အဲဒီရုပ်ရှင်မှာ ပါဝင်တဲ့ မင်းသား လီဗြောင်ဟွန်းက အင်တာဗျူး တခုမှာ ပြောဆိုထားပါတယ်။

ဒါရိုက်တာ ဝူမင်းဟို ရိုက်ကူးတဲ့ အဲ့ဒီရုပ်ရှင်ဟာ ၁၉၇၉ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တုန်းက သမ္မတ ပတ်ချောင်ဟီးကို သူ့နဲ့ နီးစပ်သူတဦးက လုပ်ကြံတဲ့အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အရင်တုန်းက စစ်တပ်ဗိုလ်ချုပ် ဖြစ်ခဲ့ဖူးတဲ့ သမ္မတ ပတ်ဟာ ၁၉၆၁ ခုနှစ်မှာ အာဏာသိမ်းခဲ့သူလည်း ဖြစ်ပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
230
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
794
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k

Dong-a Ilbo သတင်းစာမှ သတင်းထောက်ဟောင်း Kim Choong-sik က ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ရေးသားခဲ့တဲ့ “Directors of Namsan” စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာလို့ ဆိုပါတယ်။ Namsan ဆိုတာကတော့ ဒီနေ့ခေတ် အမျိုးသားထောက်လှမ်းရေးဌာနဖြစ်တဲ့ ယခင် ကိုရီးယားဗဟို ထောက်လှမ်းရေး အေဂျင်စီကို ဆိုလိုတာဖြစ်ပြီး အာဏာရှင်စနစ် လက်ထက်တုန်းက ရက်စက်တဲ့ အာဏာကို ကိုယ်စားပြုတဲ့ နေရာလည်း ဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်မှာ မင်းသား လီဗြောင်ဟွန်းဟာ သမ္မတကို လုပ်ကြံခဲ့တဲ့ ညာလက်ရုံးနဲ့ ထောက်လှမ်းရေးအေဂျင်စီ ညွှန်ကြားရေးမှူး Kim Kyu-pyeong ဇာတ်ရုပ်ကနေ ပါဝင်ထားပါတယ်။


ဇာတ်လမ်းရဲ့ မူရင်းအကြောင်းအရာကတော့ လုပ်ကြံ သတ်ဖြတ်တဲ့ ဇာတ်လမ်းဖြစ်ပေမယ့် နိုင်ငံရေး နောက်ခံနဲ့ လူသားတွေရဲ့ ဆက်နွယ်မှုတွေ အကြောင်းလည်း မြင်တွေ့ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းအခြေတည်ထားတဲ့ အချိန်ကာလကတော့ အာဏာရှင် သမ္မတ ပတ်က သူ့ ဝန်ထမ်းတွေရဲ့ သစ္စာရှိမှုကို စွဲလမ်းနေတဲ့အချိန် ဖြစ်ပါတယ်။

ဝါရင့်မင်းသားကြီး လီဆွန်မင်းက သမ္မတပတ် အဖြစ် ပါဝင်မှာဖြစ်ပြီး မင်းသား လီဟီဂျွန်းက သမ္မတလုံခြုံရေး အဖွဲ့ ခေါင်းဆောင်အဖြစ် ပါဝင်မှာဖြစ်ပါတယ်။ မင်းသား လီကတော့ တကယ့် သမ္မတလုပ်ကြံသူ အစစ်ကို ပရိသတ်က နားလည်မှုပြောင်းလွဲ မသွားစေဖို့အတွက် တတ်နိုင်သလောက် ဇာတ်ညွှန်းအတိုင်း လိုက်နာဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

“The Man Standing Next” ရုပ်ရှင်ကို လာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့ကစလို့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Ref: koreaherald
You may also like these stories:
Battle ဇာတ်ဝင်ခန်းတွေနဲ့ အက်ရှင်အကြမ်းစားတွေ ပါဝင်လာတဲ့ Mulan ရုပ်ရှင် ဒုတိယ Trailer
Dolittle ရုပ်ရှင် နောက်ဆုံး ဇာတ်ဝင်ခန်းကြောင့် အံ့အားသင့်ခဲ့ကြရတဲ့ ပရိသတ်များ
Your Thoughts …
Tags: "The Man Standing Next" ရုပ်ရှင်မင်းသား လီဗြောင်ဟွန်း
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

No Content Available
Next Post
၂၃ ကြိမ်မြောက် အာဆီယံ ခရီးသွားဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ

အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၀ မှာ မြန်မာနိုင်ငံအနေနဲ့ ဆုများစွာ ရရှိခဲ့

သရုပ်ဆောင် ဝတ်မှုံရွှေရည်  / ချစ်ပိုး / ဧရာဝတီ

ဘယ်ကာရိုက်တာမဆို အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်တဲ့သူ ဖြစ်ချင်တဲ့ ဝတ်မှုံရွှေရည်

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

7 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate