Entertainment

ဘယ်ကာရိုက်တာမဆို အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်တဲ့သူ ဖြစ်ချင်တဲ့ ဝတ်မှုံရွှေရည်

Want create site? Find Free WordPress Themes and plugins.

မကြာခင် ရုံတင် ပြသတော့မယ့် “မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးမှာ အသက် ၁၆ နှစ်အရွယ် ကောင်မလေးတယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ဝတ်မှုံရွှေရည်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်ပြီး ဘယ်ကာရိုက်တာကိုမဆို အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့သူ ဖြစ်ချင်တယ်လို့ ပြောပါတယ်။

“အဓိကကတော့ ကိုယ်လက်ခံလိုက်တဲ့ ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် တာဝန်ကျေပြီးတော့ တကယ့်ကို ပရိသတ်ရင်ထဲ ရောက်တဲ့အထိ သရုပ်ဆောင်ချင်တယ်။ ကစ် ဒီအသက်အရွယ်မှာ ရှိတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်တယ်။ ဒီအသက်အရွယ်ထက် အများကြီးကြီးတဲ့ ဇာတ်ရုပ်ကိုလည်း သရုပ်ဆောင်ဦးမယ်။ သရုပ်လည်း ဆောင်ချင်ပါတယ်။ ဘယ်ကာရိုက်တာကိုမဆို အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့သူ ဖြစ်ချင်ပါတယ်” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

အပြင်မှာ အသက်အရွယ်တခု ရောက်နေပြီဖြစ်ပေမယ့် ဇာတ်ကားထဲက အသက်ငယ်တဲ့ ကာရိုက်တာကိုလည်း လိုက်ဖက်ညီအောင် သရုပ်ဆောင်ထားပြီး နေတိုးနဲ့လည်း အတွဲညီညီ သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။


“ရိုက်ရင်းနဲ့က ကာရိုက်တာအတိုင်းပဲ သရုပ်ဆောင်ခဲ့တယ်။ ဒါရိုက်တာ လိုချင်တဲ့ အသက်အရွယ်နဲ့ သရုပ်ဆောင်မှုတွေ အိုက်တင်တွေကိုတော့ သရုပ်ဆောင်ခဲ့ပါတယ်။ ကိုနေတိုးကလည်း အသက်ကြီးတဲ့ အိုက်တင်တွေ ပါတယ်။ အဓိကကတော့ မြက်နုထဲက ကာရိုက်တာတွေဖြစ်အောင် ကစ်တို့ နှစ်ယောက်လုံး ကြိုးစားထားကြပါတယ်” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

ရှိရင်းစွဲ အသက်ထက် အများကြီးငယ်တဲ့ ဇာတ်ရုပ်ကိုတော့ သူနဲ့ လိုက်ဖက်ညီခြင်းကြောင့် ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနဲ့ ပရိုဂျူဆာတို့ရဲ့ ကမ်းလှမ်းမှုကြောင့် လက်ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကစ်လည်း ဆယ်ကျော်သက်အရွယ်ကို ပြန်ပြီးတော့ သရုပ်ဆောင်ထားတယ်။ ကစ်ကတော့ ကိုယ့်အသက်အရွယ်မှာရှိတဲ့ ဇာတ်လမ်းတွေမှာ လုပ်ချင်တာပေါ့။ ဒါပေမယ့်လည်း ဒါရိုက်တာက တောင်းဆိုတယ်။ ဇာတ်ညွှန်းဆရာကလည်း ကစ်ပဲ လုပ်ပေးပါဆိုလို့ ပရိုဂျူဆာကရော တောင်းဆိုတော့ ကစ်နဲ့လိုက်တယ်ဆိုလို့ လက်ခံ ရိုက်ကူးခဲ့တယ်ပေါ့” လို့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။

ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင် ရေးသားထားတဲ့ “မြက်နု” ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးထားပြီး နေတိုး၊ ဝတ်မှုံရွှေရည်၊ မုဏ်း၊ နေဆန်း၊ ခင်ဇာခြည်ကျော်၊ ဇင်မျိုး၊ ရွှေရင်အေးနဲ့ တခြားသော အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဝတ်မှုံရွှေရည်အနေနဲ့လည်း အဆိုပါ “မြက်နု” ရုပ်ရှင်ဇာတ်ကားဟာ နေတိုးနဲ့ တွဲဖက် သရုပ်ဆောင်ထားတဲ့ နောက်ဆုံး ရုံတင်ဖို့ကျန်တဲ့ ဇာတ်ကားတကားဖြစ်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ထပ်မံပြီးတော့လည်း ဝတ်မှုံရွှေရည်က ပိုင်တံခွန်နဲ့အတူ “အိပ်မက်မြစ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေပြီး နောက်လထဲမှာလည်း ရုပ်ရှင်ဇာတ်ကားတကား ရိုက်ဖို့အတွက် လက်ခံထားတယ်လို့ သိရပါတယ်။

You may also like these stories:

သံသာညီနဲ့ ဖူးဝေ ဇာတ်ကောင်ကို တွဲပြီး သိစေချင်တဲ့ သရုပ်ဆောင် သံသာညီ

“အနုပညာနဲ့ပတ်သက်ရင် လိပ်ပြာလုံဖို့ အရေးကြီးတယ်”လို့ ကျော်ကျော်ဗို ပြော

ပိုင်တံခွန်နဲ့ ရုပ်ရှင် တွဲရိုက်မယ့်အကြောင်း ပြောပြတဲ့ ဒါရိုက်တာ ကိုပေါက်

Did you find apk for android? You can find new Free Android Games and apps.
Loading