Iron Man ဇာတ်ကောင်နေရာကနေ Robert Downey Jr. ထွက်ခွာသွားခဲ့ပြီးချိန်မှာတော့ Marvel အနေနဲ့ Iron Man နေရာကို အစားထိုးဖို့ ဇာတ်ကောင်သစ် Ironheart အသင့် ရှိနေပြီး ဒီဇာတ်ကောင်သစ်အတွက် သရုပ်ဆောင် ရှာဖွေနေပြီ ဖြစ်ပါတယ်။
Ironheart ဇာတ်ကောင်ကို ရုပ်ရှင်ပရိသတ် တော်တော်များများ သိရှိသူ နည်းပါးပေမယ့် ရုပ်ပြဖတ်ရှုသူ ပရိသတ်တွေတော့ သိရှိကြပြီး ဖြစ်ပါလိမ့်မယ်။ ပါရမီရှင် MIT ကျောင်းသူတယောက်ဖြစ်တဲ့ Riri Williams ဟာ Tony Stark ရဲ့ Iron Man ဝတ်စုံကို အသစ်ပြန်လည် ဖန်တီးပြီး ရာဇဝတ်မှုတွေကို သုတ်သင်သူ Ironheart ပဲ ဖြစ်ပါတယ်။
Tony Stark ရဲ့ သြဇာလွှမ်းမိုးမှု အနည်းငယ် ရှိပေမယ့် Riri ဟာလည်း ကိုယ်ပိုင် တီထွင်နိုင်စွမ်းရှိတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားသူတဦးဖြစ်ပြီး Tony Stark ကိုယ်တိုင်လည်း သူ့ကိုယ်သူ AI တခုလို ဖန်တီးထားတာမို့ သူမကို ကူညီဖို့ ရည်ရွယ်ထားတာပါ။
အခုအချိန်မှာတော့ အားလုံးသိရှိပြီးတဲ့အတိုင်း Iron Man ဟာ MCU ကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး Studio အနေနဲ့ နောက်ဆက်တွဲ ရုပ်ရှင်တွေကို ဆက်လက် ဖန်တီးဖို့ Iron Man ရဲ့ နေရာကို ဆက်ခံဖို့ Ironheart ဇာတ်ကောင်ကို ပွဲထုတ်ဖို့ ပြင်ဆင်လာနေတာ ဖြစ်ပါတယ်။
Disney Plus ရဲ့ အစီအစဉ်တွေမှာ ပြသဖို့ စီစဉ်ထားတဲ့ ဇာတ်ကောင်တဦးဖြစ်ပြီး တီဗီစီးရီးတခုအနေနဲ့ တင်ဆက်မှာဖြစ်တာကြောင့် Ironheart အတွက် ရိုက်ကူးမှုကို အလျင်အမြန် စတင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။
Kevin Feige နဲ့ Marvel ရဲ့ တာဝန်ရှိအဖွဲ့တိုင်း Ironheart ဇာတ်ကောင်အတွက် သရုပ်ဆောင်သစ် ရှာဖွေဖို့ အလောတကြီး လုပ်ဆောင်နေပြီး ဘယ်သရုပ်ဆောင် မင်းသမီးကို စိတ်တိုင်းကျ ကမ်းလှမ်းမလဲဆိုတာတော့ ဆက်လက် စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
ဂျိမ်းစ်ဘွန်း ဇာတ်ကောင်နေရာမှာ အမျိုးသမီး ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလို့ ထုတ်လုပ်သူ ပြော
ဝင်ငွေရပ်တန့်သွားလို့ Iron Man အဖြစ်က နုတ်ထွက်ခဲ့ကြောင်း Robert Downey Jr. နောက်ပြောင် ပြော
“Morbius” ရုပ်ရှင် Trailer ကြောင့် အံ့သြခဲ့ရတဲ့ DC နဲ့ Marvelပရိသတ်များ