Entertainment

အကောင့်တုကြောင့် အေးမြဖြူရဲ့ ပရိသတ်တွေ အထင်လွဲတာ ခံနေရတဲ့ ပွင့်နဒီမောင်

Want create site? Find Free WordPress Themes and plugins.

လတ်တလော လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့ခဲ့တဲ့ သရုပ်ဆောင် ပွင့်နဒီမောင်က Myanmar Idol Season 4 မှ ပြိုင်ပွဲဝင် အေးမြဖြူကို “ကြိုက်လည်း မကြိုက်ဘူး၊ ကြည့်မရဘူး”ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သူရေးတာ မဟုတ်တဲ့အကြောင်း ပွင့်နဒီမောင်က ရှင်းပြခဲ့ပါတယ်။

“တချို့ပရိသတ်တွေ ကျတော့လည်း ပွင့်နဒီမောင်က အဲ့လိုရေးလားပေါ့။ ဖြစ်မယ်ဆိုလည်း ဖြစ်ချင်စရာ။ အဲဒီ အကောင့်ဟာ ပိုးအိရဲ့အကောင့် မဟုတ်ပါဘူး။ အကောင့်အတုက လုပ်တာကို ပိုးအိ ခံလိုက်ရတာ။ သိစေချင်တာပါ။ မသိသေးတဲ့ ပရိသတ်တွေရော အေးမြဖြူကိုချစ်တဲ့ ပရိသတ်တွေကိုရော သိစေချင်တာပါ” လို့ ပွင့်နဒီမောင်ကပြောပါတယ်။

အကောင့်တုက တင်လိုက်တဲ့ စာကိုတော့ မီဒီယာအတုများက ပြန်လည် ကူးယူရေးသားခြင်းကြောင့် အထင်လွဲမှုများ ဖြစ်ခဲ့ရပြီး ကိုယ်တိုင်လည်း အံ့သြခဲ့ရတယ်လို့ သိရပါတယ်။

“အဓိကကတော့ ပိုးအိဟာ အကောင့် တခုတည်းကို သုံးတာပါ။ ပိုးအိ မဟုတ်ဘဲနဲ့ အကောင့်တုကနေပြီးတော့ အခုလို ဝေဖန်တာ၊ တိုက်ခိုက်တာကို ခံရတဲ့အတွက် အရမ်းတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ညီမလေး အေးမြဖြူကိုလည်း ပြောချင်ပါတယ်။ အစ်မရဲ့အကောင့် မဟုတ်ဘဲ အကောင့်တုကနေ ရေးလိုက်တဲ့စာကြောင့် ညီမလေး စိတ်မကောင်းဖြစ်မှာကို နားလည်ပါတယ်။ အမှန်တရားကို သိစေဖို့ ရှင်းပြတာ ဖြစ်ပါတယ်” လို့ ပွင့်နဒီမောင်က ပြောပါတယ်။

ပွင့်နဒီမောင်အနေနဲ့ကတော့ာ Myanmar Idol Season – 4 မှ ပြိုင်ပွဲဝင် အကုန်လုံးကို ကြိုက်ပေမယ့် Voting စနစ်ဖြင့် ရွေးချယ်ရတာဖြစ်တဲ့အတွက် အက်စတာကိုတော့ Vote ပေးခဲ့တယ်လို့ သိရပါတယ်။

တခြားသော အထင်လွဲမှားမှုများကိုတော့ ရှင်းပြလေ့ မရှိခဲ့ပေမယ့် အေးမြဖြူကို ချစ်တဲ့ ပရိသတ်နဲ့ စိတ်ခံစားချက်ကို ကိုယ်ချင်းစာတာကြောင့် ရှင်းပြရခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပွင့်နဒီမောင်ကတော့ လက်ရှိအချိန်အထိ ပရိသတ် မျက်စိရှေ့က ပျောက်မသွားစေရန်အတွက် အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ကမ်းလှမ်းလာတဲ့ အလုပ်များကို အကောင်းဆုံး ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ပိုးအိတို့ကျတော့ ကာရိုက်တာကို ရွေးချယ်ပိုင်ခွင့် မရှိဘူးလေ။ ကိုယ့်ကို လာငှားတဲ့အပေါ် မူတည်ပြီးတော့ ရိုက်ရတာ ဖြစ်တဲ့အတွက် ဒါကိုပဲ ကာရိုက်တာဝင်အောင် သရုပ်ဆောင်ရတာပေါ့။ အသက်ကြီးတာလည်း ရှိတယ်။ ကလေးအမေ မျိုးစုံ ရှိပါတယ်”လို့ ပွင့်နဒီမောင်က ပြောပါတယ်။

MRTV-4 မှာပြသတဲ့ ဇာတ်လမ်းတွဲများမှာလည်း တွေ့မြင်ရပြီး အမေအခန်း၊ အဒေါ်အခန်းများက ပါဝင်သရုပ်ဆောင်တာကို တွေ့ရပြီး ကာရိုက်တာနဲ့ ပတ်သက်ပြီး လာငှားတဲ့ဇာတ်အပေါ်မှာ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာလည်း ပွင့်လင်းရာသီ ဖြစ်တာကြောင့် ပွင့်နဒီမောင်က သီချင်းများ သီဆိုနေရပြီး မကြာခင်မှာတော့ ဇာတ်လမ်းတွဲ အသစ်တခု ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။

You may also like these stories:

ဘယ်ကာရိုက်တာမဆို အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်တဲ့သူ ဖြစ်ချင်တဲ့ ဝတ်မှုံရွှေရည်

“နွေလယ်ညရဲ့ လမင်း” ဇာတ်လမ်းတွဲထဲက နွေဦး ဇာတ်ကောင်အကြောင်း ပြောပြတဲ့ ဘုန်းရှိန်ခန့်

စိုင်းစိုင်းနဲ့အတူ ရိုက်ထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ဇာတ်ကားအတွက် ရင်ခုန်နေတဲ့ ပိုးမမှီသာ

Did you find apk for android? You can find new Free Android Games and apps.
Loading