• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဟာဝိုင်အီမှာ လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ ဂျပန်အပြာမင်းသမီးဟောင်း Sola Aoi

by မစ်ကီ
22 January 2020
in Entertainment
A A
ဂျပန်အပြာမင်းသမီးဟောင်း Sola Aoi

ဂျပန်အပြာမင်းသမီးဟောင်း Sola Aoi

11.6k
VIEWS
Share on FacebookShare on Twitter

ဂျပန်အပြာမင်းသမီးဟောင်း Sola Aoi ဟာ ဂျပန်အနုပညာရှင် DJ Non နဲ့ လက်ထပ်ခဲ့ကြောင်း လွန်ခဲ့တဲ့ ၂ နှစ်၊ နှစ်သစ်ကူးနေ့မှာ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း သူတို့နှစ်ဦးဟာ လက်ထပ်ပွဲကို ပြုလုပ်ခဲ့တာ မရှိခဲ့ဘဲ ပြီးခဲ့တဲ့နှစ် မေလမှာတော့ အမြွှာသားလေးနှစ်ဦးကို မွေးဖွားခဲ့ပြီးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့ အသက် ၃၆ နှစ်အရွယ် Aoi နဲ့ အသက် ၄၅ နှစ်အရွယ် DJ Non တု့ိဟာ ဟာဝိုင်အီကျွန်းမှာ လက်ထပ်ပွဲ ကျင်းပခဲ့ကြပြီး ဖြစ်ပါတယ်။ Aoi က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာပဲ လက်ထပ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ သူ့ရဲ့ ဓာတ်ပုံကို Instagram မှာ တင်ခဲ့ပါတယ်။ ပုံစာမှာတော့ “ဟာဝိုင်အီမှာ လက်ထပ်ပွဲ ကျင်းပခဲ့ပါပြီ” လို့ ရေးသားခဲ့ပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
283
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
368
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
413

သူ့ရဲ့ခင်ပွန်းဖြစ်သူကလည်း လက်ထပ်ဝတ်စုံတွေ ဝတ်ထားကြတဲ့ သူတို့နှစ်ဦးရဲ့ အနောက်ဘက်ကနေ ရိုက်ထားတဲ့ ပုံတပုံကို Instagram မှာတင်ခဲ့ပြီး ဟာဝိုင်အီကို သူတို့တွေနဲ့အတူ ကလေးတွေကိုပါ ခေါ်သွားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ပြီးတော့ ကလေး ကုလားထိုင်ထဲမှာရှိနေတဲ့ အမြွှာလေးတွေရဲ့ ဓာတ်ပုံ တပုံကိုလည်း တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ “ဟာဝိုင်အီ လက်ထပ်ပွဲ” ဆိုပြီး လက်ထပ်ဝတ်စုံ ဝတ်ထားတဲ့ ဓာတ်ပုံ နှစ်ပုံကို ထပ်တင်ခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ်မှာ အပြာဗီဒီယို မင်းသမီးအဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Aoi ဟာ ၂၀၀၅ ခုနှစ်မှာ “Jyouou” နဲ့ ၂၀၀၇ ခုနှစ်မှာ “Galileo” ဆိုတဲ့ ရုပ်သံဒရာမာတွေမှာလည်း သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ အပြာဖျော်ဖြေရေးလုပ်ငန်းကနေ ၂၀၁၇ ခုနှစ်မှာ အနားယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလတုန်းကလည်း မင်းသမီးဟာ အမြွှာသားလေး နှစ်ဦးကို ဆေးရုံမှာ မွေးဖွားခဲ့တဲ့ ပုံရိပ်တွေကို အွန်လိုင်း ချန်နယ်နှစ်ခုကနေ တိုက်ရိုက် ထုတ်လွှင့်တာမျိုးလည်း ရှိခဲ့ပါတယ်။ သူဟာ မင်းသမီး မဖြစ်ခင်မှာ ပီဇာဆိုင်၊ အရက်ဘားနဲ့ ဆူရှီဆိုင်တွေလိုမျိုး အစားအသောက်လုပ်ငန်းတွေမှာ အချိန်ပိုင်းအလုပ်ကို လုပ်ကိုင်ခဲ့တဲ့အပြင် မူကြိုဆရာမအဖြစ်လည်း ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

အထက်တန်းကျောင်း တတိယနှစ်မှာ အေဂျင်စီတခုရဲ့ မော်ဒယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီးတဲ့နောက် အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူလည်း ဖြစ်ပါတယ်။

Ref: straitstimes

You may also like these stories:

“မြက်နု” ဇာတ်ကားရဲ့ အဓိပ္ပာယ်ကို ရှင်းပြတဲ့ ဇာတ်ညွှန်း ရေးသားသူ မိုးနီလွင်

ကောင့်တုကြောင့် အေးမြဖြူရဲ့ ပရိသတ်တွေ အထင်လွဲတာ ခံနေရတဲ့ ပွင့်နဒီမောင်

Ironheart ဇာတ်ကောင်အတွက် သရုပ်ဆောင် ရှာဖွေနေတဲ့ Marvel

Your Thoughts …
Tags: Sola Aoiဂျပန်အပြာမင်းသမီးလက်ထပ်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

EXO အဖွဲ့ဝင် Chen

လက်ထပ်တော့မယ်လို့ ကြေညာလိုက်တဲ့ EXO အဖွဲ့ဝင် Chen

by Aurora
13 January 2020
4.4k

ဇန်နဝါရီ ၁၃ ရက်နေ့မှာပဲ SM Entertainment ကနေ Chen ရဲ့ မင်္ဂလာသတင်းကို ကြေညာခဲ့တာပါ။ သတို့သမီးလောင်းကတော့ အပြင်လူတယောက်ပါပဲလို့ ဆိုပါတယ်။

Justin Bieber နဲ့ Hailey Baldwin

ဒုတိယအကြိမ် လက်ထပ်လိုက်ကြတဲ့ Justin Bieber နဲ့ Hailey Baldwin

by မစ်ကီ
1 October 2019
5.8k

သူတို့နှစ်ဦးဟာ အပန်းဖြေ ဟိုတယ်ရဲ့ ဝတ်ပြုဆောင်မှာရှိတဲ့ ပရိသတ် ၁၅၀ လောက်ရဲ့ ရှေ့မှောက်မှာ ကတိသစ္စပြုခဲ့ကြတယ်လို့ People မဂ္ဂဇင်းက ဆိုပါတယ်။

ရာဘာ အရုပ်မနဲ့ လက်ထပ်ထားတဲ့ အမျိုးသား

လူမဟုတ်ဘဲ အရာဝတ္ထုပစ္စည်းတွေနဲ့ လက်ထပ်ခဲ့ကြတဲ့ ထူးထူးဆန်းဆန်း ပုဂ္ဂိုလ်များ

by ဟယ်လ်သင်
21 May 2019
20.7k

သူမကတော့ ရုပ်ပိုင်းဆိုင်ရာ ရှုမြင်ခံစားမှုတွေထက် စိတ်ခံစားမှုအရ ရစ်ပတ်ဆက်နွယ်မှုတွေကိုသာ ယုံကြည်တာကြောင့် လက်ထပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုတော် မင်းသမီး ဂျန်နီဖာလိုပက်ဇ်

“လက်ထပ်ဖို့ အလျင်မလိုသေးဘူး”လို့ ဂျန်နီဖာလိုပက်ဇ် ပြော

by မစ်ကီ
3 March 2020
4.8k

အဆိုတော် လိုပက်ဇ်ဟာ "2020 Vision: Your Life in Focus Tour" အစီအစဉ်မှာ ဝါရင့်ရုပ်သံတင်ဆက်သူ Oprah Winfrey နဲ့ စကားပြောဆိုမှုအတွင်း သူ့ရဲ့ လက်ထပ်ဖို့ အစီအစဉ်နဲ့ ပတ်သက်လို့ မျှဝေပြောဆိုခဲ့တာလည်း...

Katherine Schwarzenegger နဲ့ မင်းသား Chris Pratt

မင်းသားကြီး အာနိုးရဲ့ သမီးနဲ့ လက်ထပ်လိုက်ပြီ ဖြစ်တဲ့ မင်းသား Chris Pratt

by မစ်ကီ
10 June 2019
7.9k

Pratt နဲ့ Katherine တို့ဟာ လပေါင်းများစွာကြာ တိတ်တဆိတ် တွဲခဲ့ကြပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာပဲ စေ့စပ်လိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

မင်းသမီး Pamela Anderson နဲ့ ထုတ်လုပ်သူ Jon Peters

၅ ကြိမ်မြောက် အိမ်ထောင်ပြုလိုက်တဲ့ မင်းသမီး Pamela Anderson

by မစ်ကီ
22 January 2020
39.2k

အသက် ၇၄ နှစ်အရွယ် ဆံပင်စတိုင်ပညာရှင်ဟောင်း Peters ဟာ ၁၉၇၆ ခုနှစ်မှာ “A Star Is Born” ရုပ်ရှင်ကို ထုတ်လုပ်ခဲ့ပြီးတဲ့နောက် မင်းသမီးကြီး Barbra Streisand နဲ့လည်း တွဲခဲ့ဖူးပါတယ်။

Next Post
မင်းသား ဂျက်ကီချန်း

အကြိမ် ၂၀၀ ကျော် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်လို့ ဂျက်ကီချန်း ပြော

ဦးနှောက်ကင်ဆာ ခံစားနေရတဲ့ အိန္ဒိယ အမျိုးသမီး

ဦးနှောက်ကင်ဆာ ဖြစ်နေတဲ့အချိန်အတွင်း သစ်ပင်ပေါင်း ၃၀,၀၀၀ ကျော် စိုက်ခဲ့တဲ့ အမျိုးသမီး

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.5k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နောင်ချိုမြို့ စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate