Entertainment

နောက်ဆက်တွဲရုပ်ရှင် ဆက်လက် ရိုက်ကူးဖို့ "World War Z" ထုတ်လုပ်သူ မျှော်လင့်နေ

မင်းသား Brad Pitt ဦးဆောင်ပါဝင်လတဲ့ “World War Z” ရုပ်ရှင်ဟာ Zombie ရုပ်ရှင်တွေထဲမှာမှ ပရိသတ် နှစ်သက်အားပေးမှု အမြင့်ဆုံးနေရာမှာ ရပ်တည်ခဲ့ပြီး အခုအချိန်မှာတော့ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲကို ဆက်လက် ထုတ်လုပ်ဖန်တီးဖို့ မူရင်းရုပ်ရှင် ထုတ်လုပ်သူတွေအနေနဲ့ မျှော်လင့် နေကြပါတယ်။

၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “World War Z” ရုပ်ရှင်ဟာ Action, Adventure, Horror, Sci-Fi အမျိုးအစား ရုပ်ရှင်ကားဖြစ်ပြီး ဒါရိုက်တာ Marc Forster ရိုက်ကူးကာ သရုပ်ဆောင်တွေအနေနဲ့ Brad Pitt, Mireille Enos, Daniella တို့အပြင် တခြားသရုပ်ဆောင်များ ပါဝင်ထားကြပါတယ်။

ဒါရိုက်တာ Marc Forster ကိုယ်တိုင်လည်း နောက်ဆက်တွဲရုပ်ရှင်နဲ့ ပတ်သက်တဲ့ သဘောတူ စာချုပ်ချုုပ်ဆိုထားခဲ့ပေမယ့် လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက Paramount ကုမ္ပဏီဟာ နောက်ဆက်တွဲ ရုပ်ရှင်ကို ပြင်ဆင်စေခဲ့တာပါ။

Zombie တွေ ပါဝင်တဲ့ ရုပ်ရှင်တွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ ရုပ်ရှင်ကြည့် ပရိသတ်တွေအတွက်တော့ “World War Z 2” ဟာ မျှော်လင့်ချင်စရာဖြစ်ပြီး အချိန်အတော်ကြာ သတင်းထွက်ပေါ်မှု နည်းပါးခဲ့တာကတော့ မချင့်မရဲ ဖြစ်စရာပါ။

“World War Z” ကို ထုတ်လုပ်သူတဦးဖြစ်တဲ့ Jeremy Kleiner နဲ့အတူ Dede Garner တို့က The Hollywood Reporter နဲ့ အင်တာဗျူးတခုမှာတော့ “World War Z” နောက်ဆက်တွဲ ရုပ်ရှင်အတွက် ခေါင်းစဉ်ကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

“ကျနော်တို့အားလုံး Max Brook ရဲ့ စာအုပ်ကို သဘောကျပါတယ်။ စာအုပ်ထဲက Universe ကိုလည်း နှစ်သက်တယ်။ World War Z ပြီးသွားပြီလို့လည်း တခါမှ မထင်မိဖူးဘူး။ တခုခုတော့ ဆက်လုပ်ဖြစ်မှာပါ” လို့ အင်တာဗျူးမှာ ဖြေကြားခဲ့တာပါ။

တခြား Zombie ရုပ်ရှင်တွေလို မဟုတ်ဘဲ “World War Z” ရဲ့ ဇာတ်အိမ်နဲ့ ကင်မရာ အယူအဆဟာ တမူ ကွဲပြားနေတာပြီး အကယ်၍ နောက်ဆက်တွဲရုပ်ရှင်သာ ထွက်လာဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို ဆွဲဆောင်မှုမျိုးနဲ့ ပိတ်ကားပေါ် ရောက်ရှိလာမလဲဆိုတာ ဘယ်သူမှ မသိနိုင်တဲ့ အခြေအနေတခုပဲ ဖြစ်ပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

အကြိမ် ၂၀၀ ကျော် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်လို့ ဂျက်ကီချန်း ပြော

Ironheart ဇာတ်ကောင်အတွက် သရုပ်ဆောင် ရှာဖွေနေတဲ့ Marvel

မကြာခင် ရုံတင်မယ့် ရုပ်ရှင်မှာ သမ္မတကို လုပ်ကြံသူအဖြစ် မြင်တွေ့ရမယ့် မင်းသား လီဗြောင်ဟွန်း

Loading