ပေါ့ပ်ဘုရင်မ မက်ဒေါနားဟာ ဒဏ်ရာ နာကျင်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့တော်မှာ ပြုလုပ်မယ့် နောက်ထပ် ဖျော်ဖြေပွဲ တပွဲကို ဖျက်သိမ်းလိုက်ရတယ်လို့ သူ့ရဲ့ နယ်လှည့် ဖျော်ဖြေပွဲအဖွဲ့က ဇန်နဝါရီလ ၂၂ ရက်နေ့မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။
“Everything Is New” အဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်ထဲမှာ ပရိသတ်တွေကို တောင်းပန်ထားပြီး မက်ဒေါနားရဲ့ ပြန်လည် နာလန်ထလာမှုအတွက် ဆုမွန်ကောင်းတောင်းပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။
အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာ “ကျနော်တို့ဟာ အချိန်ဇယားအတွက် မသိရှိထားရဘဲ နောက်ဆုံးအချိန်မှ ပြောင်းလဲခဲ့ရမှုတွေကြောင့် ပရိသတ်တွေကို စိတ်ပျက်စေခဲ့မိတဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်” လို့ ဖော်ပြထားပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲဟာ ၂၀၁၇ ခုနှစ်၊ နှစ်လယ်ပိုင်းကစလို့ အဆိုတော်က သူနေထိုင်ခဲ့တဲ့ မြို့မှာ ဒုတိယမြောက် ပြုလုပ်မယ့် ဖျော်ဖြေပွဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့၊ လစ္စဘွန်းမြို့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့တုန်းက Coliseu dos Recreios မြို့မှာ ပြုလုပ်မယ့်ပွဲကို ဖျက်သိမ်းခဲ့ပြီးတဲ့ နောက် အသက် ၆၁ နှစ်အရွယ် အဆိုတော် မက်ဒေါနားက “တောင်းပန်ပါတယ်။ ကျမ ဒီညကို ဖျက်သိမ်းလိုက်ရပါတော့မယ်။ ကျမရဲ့ ခန္ဓာကိုယ်က ပြောလာတာကို နားထောင်မှဖြစ်ပြီး နားရပါလိမ့်မယ်” လို့ Instagram မှာ ရေးသားခဲ့ပါတယ်။
ဖျော်ဖြေပွဲ ပရိုမိုးရှင်း အဖွဲ့က မက်ဒေါနားရဲ့ လစ္စဘွန်းမြို့မှာ ကနဦးပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲ ၈ ခုထဲက နောက်ဆုံး တခုကိုတော့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အစီအစဉ်အတိုင်း ပြုလုပ်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒါပြီးရင်တော့ လန်ဒန်နဲ့ ပဲရစ်မြို့တု့ိမှာလည်း ဖျော်ဖြေပွဲတွေကို ပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။
Ref: asiaone
You may also like these stories:
အသက် ၂၅ နှစ်အရွယ် ချစ်သူနဲ့တွဲနေတယ်လို့ သတင်းထွက်နေတဲ့ အဆိုတော် မက်ဒေါနား
နယူးယောက်ခ်တိုင်းမ် သတင်းစာကို ရန်တွေ့လိုက်တဲ့ အဆိုတော် မက်ဒေါနား